BREAKING
December 3, 2024

ကပ်ရောဂါဆိုင်ရာ

မွန်တွင် ကိုဗစ်ကူးစက်မှု ပြန်တွေ့လာ

diz_admin

September 14, 2022

မွန်ပြည်နယ်တွင် စက်တင်ဘာလအတွင်း ကိုဗစ်ကူးစက်မှုများ ဆက်တိုက်ပြန်တွေ့လာနေကြောင်း မြို့နယ် ကျန်းမာရေး တာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁ ရက်နေ့မှ စက်တင်ဘာ ၁၂ အထိ မွန်ပြည်နယ် အတွင်း၌ ကိုဗစ်ပိုးတွေ့လူနာ ၃၀ ဦးရှိသည်။ မော်လမြိုင်၊ သံဖြူဇရပ်၊ ကျိုက်ထို၊ သထုံ၊ ပေါင်မြို့နယ်တို့တွင် ပိုးတွေ့လူနာ တွေ့ရှိထားပြီး မော်လမြိုင်တွင် ပိုးတွေ့လူနာအများဆုံးတွေ့ရှိသည့် မြို့နယ်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ စက်တင်ဘာ ၁၂ ရက်နေ့က ပေါင်မြို့တွင် ကျောင်းသား၊ ကျောင်းသူ ငါးဦးအပါအဝင် ခုနစ်ဦး ကိုဗစ်ကူးစက်ခံ ရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။ “ကိုဗစ်ကူးစက်မှုက အခု ပြန်များလာနေတယ်။ မွန်မှာလည်း ပိုးတွေ့လူနာတွေ ပြန်တွေ့နေတယ်” ဟု မြို့နယ်တာဝန်ကျ […]

ကုန်ဈေးနှုန်း ဒဏ်

diz_admin

August 18, 2022

မြန်မာကျပ်ငွေ တန်ဖိုးကျနေပါတယ်။ အဲဒါနဲ့အတူ အထွေထွေကုန်ဈေးနှုန်းကြီးတဲ့ဒဏ်ကို ပြည်သူတွေ ကြုံတွေ့နေရပါပြီ။ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာတယ်။ ဝင်‌ငွေလည်းကျဆင်းလာနေတယ်။ ဒီအချိန်မှာ တနင်္သာရီတိုင်းသားတွေ အတွက်တော့ ကုန်ဈေးနှုန်းဒဏ်တွေကို တောင့်ခံနိုင်ဖို့ ခက်လှပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

ကိုဗစ်ရေရှည်နာ

diz_admin

August 15, 2022

ကိုဗစ်ရောဂါဖြစ်ပွားပြီးတဲ့နောက် ပိုးကင်းသွားတဲ့တိုင် ကိုဗစ် ရောဂါ လက္ခဏာတွေ ရေရှည် ခံရတတ်ပါတယ်။ အဲဒါကို ကိုဗစ်ရေရှည်နာ ဒါမှမဟုတ် ကိုဗစ်အလွန်ဒဏ် လို့ ခေါ်ပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။

ကိုဗစ် ဆက်ရှိနေဆဲ

diz_admin

August 10, 2022

ကိုဗစ်ရောဂါပိုး ကူးစက်ခံရတာ သုံးနှစ်ထဲ ရောက်လာပါပြီ။ ကမ္ဘာတစ်ဝန်း ဖြေလျှော့မှုတွေ လုပ်လာပါပြီ။ ခရီးသွားလာတာ၊ လူစုလူဝေးတာတွေ လုပ်လာပါပြီ။  ဒါပေမဲ့ ကိုဗစ်ဆက်ရှိနေဆဲပါ။ မပေါ့ဖို့ သတိပေးနေဆဲပါ။ 

ထားဝယ်ခရိုင်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးတွေ့သူ လေးဦးရှိလာ

diz_admin

July 17, 2022

ထားဝယ်ခရိုင်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူ လေးဦးရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ဇူလိုင်လ ၁၄ ရက် ရေဖြူမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး စစ်ဆေးတွေ့ရှိပြီးနောက် ၎င်းလူနာနှင့် ဆက်စပ်ထိတွေ့ခဲ့သူများကို စစ်ဆေးရာမှ ထားဝယ်နှင့် ရေဖြူမြို့နယ်တို့မှ နောက်ထပ် ကိုဗစ်ပိုးတွေ့လူနာ သုံးဦး ထပ်မံတွေ့ရှိလာခြင်းဖြစ်သည်။ ဇူလိုင်လ ၁၅ ရက်က ထားဝယ်မြို့ခံတစ်ဦးနှင့် ရေဖြူမြို့နယ်နေသူတစ်ဦး ပိုးတွေ့ခဲ့ပြီး ဇူလိုင် ၁၆ ရက်တွင် ရေဖြူမြို့နယ်မှ နောက်ထပ်တစ်ဦး ပိုးတွေ့ခဲ့သည်။ ယင်းပိုးတွေ့လူနာများအား ထားဝယ်နှင့် ရေဖြူဆေးရုံတို့တွင် ကုသမှုပေးထားကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ထားဝယ်တွင် ကိုဗစ်ပိုးပြန်လည်တွေ့ရှိလာသော်လည်း ယခင်ကကဲ့သို့ ထိတွေ့လူနာများအား သီးသန့် ခွဲစောင့်ကြည့်မည့် ကွာရန်တင်စင်တာများထားရှိမည့်အစီအစဉ်အကြောင်း မကြားရသေးကြောင်း ကိုဗစ်ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနအား ကူညီပေးနေသည့် ပရဟိတအဖွဲ့တစ်ခုထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် ကိုဗစ်ရောဂါပိုးရှိသူ စစ်ဆေးတွေ့ရှိ၊ မျိုးကွဲသစ်ဟုတ်မဟုတ် အတည်မပြုနိုင်သေး

diz_admin

July 15, 2022

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဇူလိုင်လ ၁၄ ရက်က ကိုဗစ်ဂေါပိုးရှိသူတစ်ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ယင်းစစ်ဆေးတွေ့ရှိသည့် ကိုဗစ်မှာ နောက်ဆုံးပေါ် ကိုဗစ်မျိုးကွဲအသစ် ဟုတ်မဟုတ် အတည်မပြုမနိုင်ကြောင်း ထားဝယ်ခရိုင် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်းနှင့်အိန္ဒိယနိုင်ငံတို့တွင် ကူးစက်မြန် အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်  BA.4 နှင့် BA.5 ကူးစက်မှုစတင်တွေ့ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း ပြည်ပမှပြန်လာသူများတွင် ယင်းမျိုးကွဲသစ် ကူးစက်ခံရကြောင်း  စစ်ဆေးတွေ့ရှိထားပြီး ဖြစ်သည်။ ယင်းအတွက်ကြောင့် ယခုရေဖြူမြို့တွင် စစ်ဆေးတွေ့ရှိသော ကိုဗစ်‌ရောဂါမှာ နောက်ဆုံးပေါ် ကိုဗစ်မျိုးကွဲသစ် ဟုတ်မဟုတ် သိရှိနိုင်ရန် ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူကို Dawei Watch ယနေ့ဆက်သွယ်မေးမြန်း ခဲ့ခြင်းဖြစ်သည်။ အသစ်ထွက်‌ပေါ်လာသော ကိုဗစ်မျိုးကွဲများအား ဓာတ်ခွဲစစ်ဆေးမူများကို ရန်ကုန်၊ မော်လမြိုင်မြို့တို့တွင်သာ စစ်ဆေးလေ့ရှိပြီးမှ မျိုးကွဲသစ်ဟုတ်မဟုတ် အတည်ပြုထုတ်ပြန်လေ့ရှိသည်။ ယခုပိုးတွေ့လူနာကိုမူ ထားဝယ်မြို့တွင်သာ စစ်ဆေးထားခြင်းဖြစ်ပြီး ကိုဗစ်မျိုးကွဲအသစ်ဟုတ်မဟုတ် စစ်ဆေးရန် […]

မြန်မာတွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 တွေ့ရှိဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

diz_admin

July 12, 2022

ကိုဗစ်ရောဂါ မျိုးကွဲတစ်ခုဖြစ်သည့် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 နှင့် BA.5 ကူးစက်ခံထားရသူ ခြောက်ဦး တွေ့ရှိကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ကိုဗစ်ရောဂါပိုး တွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၁၆) ခုအား ဆေးသုတေသနဦးစီးဌာနတွင် ဇွန်လ ၃၀ ရက်နေ့က စစ်ဆေးရာ BA.4 တစ်ခု၊ BA.5 ငါးခု တွေ့ရှိကြောင်း ဇူလိုင်လ ၁၁ ရက်ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ BA.4 နှင့် BA.5 တွေ့ရှိသူများ အားလုံးသည် ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း သီးခြားထားရှိ ကုသမှုပေးခဲ့ပြီး […]