BREAKING
September 16, 2024

ကိုဗစ်အထူး ကဏ္ဍ

ကပ်ဘေးထဲက တော်လှန်ရေး

diz_admin

July 13, 2020

အခန်း (၇) တော်လှန်ရေး ဒီကပ်ဘေးကြီးအလွန်မှာ တွေးပုံမြင်ပုံတွေ အမှန်တကယ် ပြောင်းလဲကြပါ့မလားဆိုတာကို အခု ကတည်းက စဉ်းစားလာကြပါတယ်။ သမိုင်းမှာတော့ ပြောင်းတာရော၊ မပြောင်းတာရော တွေ့ကြရပါတယ်။ ပထမကမ္ဘာစစ်ရဲ့ ကနဦး (၁၉၁၄- ခရစ္စမတ်) မှာကတည်းက စစ်ရေးရည်မှန်းချက်တွေ ထင် သလောက် မအောင်မြင်နိုင်ဘူးဆိုတာကို ဥရောပ စစ်နိုင်ငံအားလုံးက သိကြပါတယ်။ ဆက်တိုက်နေ ရင်လည်း အဓိပ္ပာယ်မဲ့ လူသတ်ပွဲတွေပဲဖြစ်မယ်ဆိုတာ ကို သိကြပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံကမှ သူတို့ အမြင်ကို မပြောင်းကြပါဘူး။ သူရဲကောင်းဝါဒ၊ လိုအပ်လို့ တိုက်ရတဲ့စစ်ပွဲစတဲ့တရားသေ အမြင်တွေနဲ့ ၁၉၁၈ အထိ အနောက်ဘက် စစ်မျက်နှာရွှံ့နွံတွေ ကြားမှာ လုံးထွေးနေကြပါတယ်။ စီးပွားပျက်ကပ်နဲ့ ဒုတိယ ကမ္ဘာစစ်အပြီးမှာ တော့ အမေရိကန်နဲ့ အနောက်ဥရောပနိုင်ငံတွေမှာ တိုးတက်ပြောင်းလဲမှုတွေ နှစ် […]

ကပ်ရောဂါကြောင့် ပြောင်းသွားမည့် ကျန်းမာရေးအခင်းအကျင်းများ

diz_admin

July 7, 2020

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်းက နိုင်ငံအများအပြား၌ အရှိန်အဟုန်ဖြင့် ကူးစက်ပျံ့နှံ့နေဆဲ ဖြစ်သလို သေဆုံးသူ ဦးရေက နေ့စဉ် ထောင်ဂဏန်းရှိသည်။ ဇူလိုင်လ ၄ ရက်အထိ စာရင်းများအရ ရောဂါကူးစက်ခံရသူပေါင်း ၁၁ သန်း ကျော်နှင့် သေဆုံးသူ ငါးသိန်းသုံးသောင်း ကျော် ရှိနေသည်။ ကပ်ရောဂါကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံအပေါ် ကြီးမား သည့် အကျိုးသက်ရောက်မှုများ ရှိနေပြီး ကမ္ဘာကြီးက ကိုဗစ်နိုင်တင်း မတိုင်မီ အခြေအနေသို့ ပြန်ရောက်ရန် မဖြစ်နိုင် တော့ပါ။ ကပ်ဘေးသင့်ချိန် လူတို့ ရှင်သန် နေထိုင်မှု ပုံစံက ခေတ္တယာယီ မဟုတ်တော့ဘဲ အမြဲတစေ ပြုမူနေထိုင်သွားရမည့် ပုံမှန်အခြေအနေသစ် ဖြစ်လာပြီး ယင်းကိုပင် ပုံမှန် အခြေအနေ အသစ် (New Normal) […]

ဖျားနာ၊ နှာချေ၊ ချောင်းဆိုးချိန် ဘာကြောင့် နှာခေါင်းစည်းတပ်ဖို့ လိုသလဲ

diz_admin

July 7, 2020

မိုးရာသီရောက်လာပြီဆိုတော့ အအေးမိတာ၊ ဖျားနာတာ၊ ချောင်းဆိုးတာတွေ ဖြစ်လာကြပါတယ်။ အရင်ကာလတွေနဲ့ မတူတာက အခုလက်ရှိမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ဖြစ်နေတဲ့ အချိန် ဖြစ်ပါတယ်။ ဖျားနာတာ၊ ချောင်းဆိုးတာ၊ နှာချေတာ၊ လည်ချောင်းနာတာ စတာတွေ ခံစားနေရမယ်ဆိုရင် ကိုဗစ် ၁၉ အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ကူးစက်ရောဂါတစ်ခုခု ရှိနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး၊ အခြားတုပ်ကွေးဗိုင်းရပ်စ်ပိုးများနှင့် တီဘီရောဂါပိုးစသည့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများသည် ရောဂါရှိသူ၏ ပါးစပ်နှင့် နှာခေါင်းမှတစ်ဆင့် စကားပြောခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းပြုလုပ်ရာမှ အနီးပတ်ဝန်းကျင်ထိ ပျံ့နှံ့ရောက်ရှိနိုင်တာကို တွေ့ရှိရပါတယ်။ ဒါကြောင့် လက်ရှိမှာ ကိုယ့်အနီးဝန်းကျင်မှာ လူတစ်ဦးတစ်ယောက်က နှာချေချောင်းဆိုးတာကို စည်းကမ်းမဲ့လုပ်နေပြီဆိုရင် စိတ်မသက်မသာ ဖြစ်ရပါတယ်။ ဥပမာအားဖြင့် အခုလို အားလုံးကလည်း အိမ်အပြင် ပြန်ထွက်လာပြီး မိုးတွင်းကာလလည်း ဖြစ်နေတဲ့အချိန်မှာ […]

ကိုဗစ်အကြားက မြန်မာ့ စီးပွားရေး

diz_admin

July 1, 2020

ကိုဗစ်ကပ်ဘေးကြောင့် လုပ်ငန်းအများအပြား ရပ်နားခဲ့ရပါတယ်။ မြန်မာ့ စီးပွားရေးကိုလည်း အတော်ကို ရိုက်ခတ်ခဲ့ပါတယ်။ ကိုဗစ်ကပ်ဘေး ကာလအတွင်း မြန်မာ့စီးပွားရေး လုပ်ငန်းတွေ အပေါ် ရိုက်ခတ်မှုကို Asia Foundation က သုတေသန တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီ စစ်တမ်းကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၈ ရက်နေ့ကနေ မေ ၁၀ နေ့အကြားမှာ ကောက်ယူခဲ့တာပါ။ လုပ်ငန်းပေါင်း ၇၅၀ ကို မေးမြန်း သုတေသန ပြုထားတာ ဖြစ်ပါတယ်။ Asia Foundation ရဲ့ သုတေသန စာတမ်းကို Dawei Watch က တင်ဆက်ထားတာပါ။

ကိုဗစ်ကပ်ကာလ ကျူဝင်နေရသူများအတွက် စိတ်ပိုင်းဆိုင်ရာအတွက် ဘာတွေ သတိပြုလိုက်နာရမလဲ

diz_admin

July 1, 2020

ကိုဗစ် ၁၉ ကပ်ရောဂါ ကာလအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဌာနများက ကိုဗစ်ကပ်ရောဂါ ကာလလိုက်နာရမည့် အချက်များကို အသီးသီးထုတ်ပြန်ခဲ့ပါတယ်။ ယင်းအနက် ကိုဗစ်ကပ်ရောဂါကာလ ကျူစခန်းဝင်နေရသူများ စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုက်နာရမယ့် အချက်များကို စိတ်ကျန်းမာရေး စီမံချက်နှင့် ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ မေလဆန်းပိုင်းက ထုတ်ပြန်ထားတဲ့ အချက်တွေကနေ ကောက်နုတ် ဖော်ပြလိုက်ပါတယ်။ (၁) ကျူစခန်းဝင်နေ(အသွားအလာကန့်သတ်မှုဖြင့်နေ)သည့်အချိန်မှာ ဖုန်းနဲ့ဖြစ်စေ၊ အင်တာနက်နဲ့ဖြစ်စေ ကိုယ့်ရဲ့ မိတ်ဆွေ အသိုင်းအဝိုင်းနှင့် ပုံမှန် ဆက်သွယ်ပါ။ (၂) ကိုယ့်ရဲ့ တစ်ကိုယ်ရေ လိုအပ်ချက်၊ ခံစားချက်တွေကို အာရုံစိုက်ပါ။ (၃) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပန်းပြေစေတဲံ လှုပ်ရှားဆောင်ရွက်မှုတွေကို လုပ်ပါ။ (၄) ပုံမှန် လေ့ကျင့်ခန်း […]

ကိုဗစ်နိုင်တင်း ကပ်ရောဂါကို ထိုင်းတို့ ဘယ်လိုအနိုင်ယူခဲ့လဲ

diz_admin

June 30, 2020

တရုတ်နိုင်ငံတွင် စတင်တွေ့ရှိသော ကပ်ရောဂါ ကမ္ဘာသို့ ခြေဆန့်ချိန် အဦးဆုံး လက်ခံရသူက ထိုင်းနိုင်ငံဖြစ်သည်။ ကမ္ဘာ လှည့်ခရီးသွားလုပ်ငန်းက နိုင်ငံ့စီးပွားရေး ပင်မထောက်တိုင် တစ်ခုဖြစ်ရာ ကိုဗစ်နိုင်တင်း သတင်းဆိုးက ထိုင်းတို့အတွက် ချောက်ချားစရာ အတိ။ကပ်ရောဂါဘေးဆိုးမှ ထိုင်းတို့ လွတ်လမ်းမမြင်ဟူ၍လည်း အစိုးရိမ်ပိုသူများ မနည်းမနော။ ကိုဗစ်နိုင်တင်း ထိုင်းနိုင်ငံသို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာချိန်က ဇန်နဝါရီလ ၁၇ ရက်။ တရုတ်တွင် ရောဂါပိုးတွေ့ရှိပြီး တစ်လမပြည့်မီ သန်း ၇၀ သော ထိုင်းပြည်သူတို့ထံ အိပ်မက်ဆိုးများ သယ်ဆောင်လာခဲ့သည်။ အစိုးရ တာဝန်ရှိသူများက မနက်ဖြန် ဘာဆက်လုပ်ရမလဲ မသိနိုင်အောင် အခက်ကြုံနေခဲ့သလို နိုင်ငံရေးသမားများကလည်း မမြင်နိုင်သည့် ကပ်ဘေးဆိုးကို အသုံးချ၍ ပြိုင်ဘက်တို့အပေါ် နိုင်ငံရေး အမြတ်ထုတ်ရန် လုံးပန်းနေခဲ့သည်။ လူငယ်နိုင်ငံရေးသမားများက အစိုးရကို […]