BREAKING
September 16, 2024

ကိုဗစ်အထူး ကဏ္ဍ

ပါးစပ်နှင့် နှာခေါင်းစည်းဝတ်တာ လွယ်သလား

diz_admin

July 21, 2020

ကိုဗစ်ကပ်ရောဂါ ကာကွယ်ဖို့အတွက် ပါးစပ်နှင့် နှာခေါင်းစည်း ဝတ်ဆင်ရမယ်လို့ အများစုက မှတ်ထားကြပေမယ့် ပါးစပ်နှင့် နှာခေါင်းစည်းကို ကိုဗစ်ကပ်ရောဂါ ကာကွယ်တာအပြင် အခြား အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက်လည်း အသုံးပြုရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရဖျားခြင်း၊ နှာချေချောင်းဆိုးခြင်း၊ အသက်ရှူရ ခက်ခဲခြင်းစတဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ ရှိသူတွေဟာ ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်းကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အထက်ပါ ရောဂါလက္ခဏာရှိသူတွေကို အနီးကပ် ပြုစုစောင့်ရှောက်သူတွေကလည်း ပါးစပ်နှင့် နှာခေါင်းစည်းကို အသုံးပြုရမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အနေနဲ့ကတော့ အခြေအနေအပေါ် မူတည်ပြီး ပါးစပ်နှင့် နှာခေါင်း စည်းသုံးမလား၊ N 95 အမျိုးအစား ပါးစပ်နှင့် နှာခေါင်းစည်း သုံးမလားဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ […]

ဗုဒ္ဓဘာသာနိုင်ငံများ၏ ကိုဗစ်ပဟေဠိ

diz_admin

July 21, 2020

တရုတ်နိုင်ငံမှ အစပြုကာ အချိန်တို တွင်း၌ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေး ဆိုးကြီး ဖြစ်လာခဲ့သော ကိုဗစ်-၁၉ ရောဂါပိုးသည် အရှေ့တောင်အာရှရှိ ဗုဒ္ဓဘာသာနိုင်ငံအချို့အတွက်မူ ခြွင်းချက် ဖြစ်နေခဲ့သည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ ကိုဗစ်-၁၉ ကိန်းဂဏန်းများသည် ပဟေဠိပင် ဖြစ်သည်။ ရောဂါပိုး စတင်တွေ့ရှိရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် အနီးဆုံး၌ ရှိနေ သလို လတ်တလော၌ ကူးစက်ပျံ့နှံ့မှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေသော အိန္ဒိယနှင့်လည်း ဘေးချင်းကပ်ရှိနေ သည့် နိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်မှု နှင့် ယင်းကြောင့် သေဆုံးမှုက မပြောပ လောက်သည့် အရေအတွက်သာ ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ ကိုဗစ်-၁၉ ကပ် ရောဂါ အခြေအနေကိုကြည့်လျှင် လက် ဖျားခါလောက်သည့် အနေအထားကို […]

သစ်၊ ဝါးနှင့် သီးပင်စားပင် အမျိုးမျိုးကို အပေါင်ထား၍ ချေးငွေလျှောက်ရန် ထိုင်းခွင့်ပြု

diz_admin

July 20, 2020

ထိုင်းအစိုးရသည် နိုင်ငံတွင်းရှိ သစ်ကြီးဝါးကြီးနှင့် သီးပင်စားပင် စုစုပေါင်း ၅၈ မျိုးအား အပေါင်အဖြစ်ထား၍ ဘဏ်နှင့် ငွေချေးအဖွဲ့များထံမှ ချေးငွေလျှောက်ထား ရယူခွင့်ပြုလိုက်ကြောင်း အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားသည်။ ကျွန်း၊ သရက်၊ မန်ကျီး၊ ဒူးရင်းနှင့် ဝါးအမျိုးမျိုးတို့ အပါအဝင် စီးပွားဖြစ် သစ်ပင်၊ သီးပင်စားပင် စုစုပေါင်း ၅၈ မျိုးအား အစိုးရက ထုတ်ပြန်ကြေညာပြီး တောင်သူများ၊ ဥယျာဉ်ခြံမြေနှင့် သစ်တောပိုင်ဆိုင်သူ ထိုင်းနိုင်ငံသားများသည် ၎င်းတို့လုပ်ငန်းအတွက် ငွေအရင်းအနှီးလိုသည့်အခါ အဆိုပါ အပင်အမျိုးမျိုးကို အပေါင်ပစ္စည်းအဖြစ်ထား၍ ချေးငွေလျှောက်ထားနိုင်တော့မည် ဖြစ်သည်။ ထိုသို့ အပင်များကို အပေါင်ထား၍ ငွေချေးခွင့်ပြုရန် စီးပွားရေးဝန်ကြီးဌာနက အဆိုပြုခဲ့ခြင်းဖြစ်ပြီး နိုင်ငံသားများအနေဖြင့် ငွေအရင်းအနှီး ပိုမိုလွယ်ကူစွာရရှိကာ စီးပွားဖြစ် သစ်၊ ဝါးနှင့် သီးပင်စားပင်များ စိုက်ပျိုးခြင်းကို […]

နောက်ထပ် ကိုဗစ်ဘေးများမှ ဝေးရန် လယ်သမားတွေကို ဦးစားပေးပါ

diz_admin

July 14, 2020

ဆင့်ကဲပြောင်းလဲမှု ဇီဝဗေဒပညာရှင် ရော့ဘ်ဝေါ့လေ့စ်သည် ကမ္ဘာကျော် စာအုပ်တစ်အုပ်ဖြစ်သည့် “မဟာစိုက်ပျိုး ရေးလုပ်ငန်းကြီးတွေကြောင့် တုပ်ကွေးရောဂါကြီးများ ဖြစ်ရသည်” (Big Farms make Big Flu)) ဟူသော စာအုပ်ရေးသူ ဖြစ်သည်။ နယ်မြေဧကပေါင်းများစွာကို ခုတ်ထွင်ရှင်းလင်းပြီး လုပ်ကိုင်သော စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးများကြောင့် ကမ္ဘာကြီး ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေကြောင်း မီးမောင်းထိုးပြခဲ့သူဖြစ်သည်။ အရင်းရှင်စနစ်ကို အခြေပြုသော စီးပွားရေး ပုံစံများသည် ဂေဟဗေဒစနစ် ကို ပျက်ယွင်းစေသည်၊ လုပ်ကွက်ငယ် လယ်သမားများကို ဘဝပျက်စေသည်။ နောက်ဆုံး ကမ္ဘာကြီးကိုပင် ပျက်သုဉ်း စေတော့မည်ဖြစ်သည်။ ကိုဗစ်ကပ်ဘေး ဖြစ်လာသည့်အချိန်တွင် အမေရိကန်ပြည်ထောင်စု မင်နီဆိုးတား တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသော ရော့ဘ်ဝေါ့လေ့စ်ကို ဂျာမန်မဂ္ဂဇင်းMarx21 က မတ်လ ၁၁ ရက်နေ့က ဆက်သွယ်မေး […]

ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား

diz_admin

July 14, 2020

ကျန်းမာရေး ဝန်ကြီးဌာနက ကိုဗစ်အရေး မပေါ့ကြဖို့ တိုက်တွန်းချက်တွေ တောက်လျှောက် ထုတ်ပြန်နေပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်ပြီး လူထုက သွေးအေးသွားတဲ့ အနေအထား ရောက်နေပါပြီလို့ ဆိုရပါမယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က ဖျားနာနေတာ၊ ချောင်းဆိုးနေတာ၊ အအေးမိနေတာ၊ လည်ချောင်းတွေ နာနေတာမျိုးကို ကြုံရတာပဲဖြစ်ဖြစ်၊ အခြားလူတစ်ယောက်ယောက်က ကြုံရတာပဲဖြစ်ဖြစ် အခုလို ကိုဗစ်ကာလမှာ အင်မတန်စိတ်ဖိအား များပါတယ်။ အခုလို မိုးရာသီ ဖျားနာရောဂါ ထူပြောတဲ့ အခြေအနေမှာ ကိုဗစ် ၁၉ ရောဂါနဲ့ ဆင်တူတဲ့ အခြား ဖျားနာရောဂါ လက္ခဏာတွေကို သာမန်လူထုအနေနဲ့ ရှင်းရှင်းလင်းလင်း ခွဲခြားသိဖို့ အင်မတန် ခက်ခဲပါတယ်။ အရင်က ဖျားပြီဆို တုပ်ကွေးလား၊ ငှက်ဖျားလား စသဖြင့် မေးကြ စိတ်ပူကြပေမယ့် အခုတော့ ဖျားနာ ချောင်းဆိုးပြီဆို […]