BREAKING
September 19, 2024

ကိုဗစ်အထူး ကဏ္ဍ

တစ်ပူပေါ် နှစ်ပူဆင့်ခဲ့သော မြန်မာ့အောက်ခြေလူတန်းစားများ

diz_admin

August 11, 2020

ယခင်အပတ်မှအဆက် လူစုလူဝေးရှောင်ရှားနိုင်ရန် အပြင်မထွက်ကြရေး အစီအမံများပြုလုပ်ခဲ့သည့် ကာလ (Lock Down) အတွင်း ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးအကျပ်အတည်း များကို မြို့ပြဆင်းရဲသားများသာမက ကျေးလက်မှ နွမ်းပါးသူများလည်းရင်ဆိုင်ကြရပါသည်။ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားများ၏ ဝင်ငွေကို မှီခိုနေရသော ရပ်ရွာများမှာ အချိန်ကာလအတိုင်းအတာ တစ်ခုအထိ ရွှေ့ပြောင်းလုပ်သားများ ဝင်ငွေကို ဆက်လက်ရရှိခြင်းမရှိတော့သည့် အခြေအနေများကြုံလာရသည်။ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မဖြစ်ပေါ်ခင်ကာလတွင် ကျေးလက်ဒေသများမှ ရွှေ့ပြောင်းထွက်ခွာကာ အခြားနေရာတွင် သွားရောက် အလုပ်ရှာဖွေရခြင်းများ အလွန်မြင့်မားလာခဲ့သည်။ အဓိကမှာ မိမိတို့နေထိုင်ရာအရပ်များတွင် သင့်တော်သည့် အလုပ်အကိုင်နှင့် ဝင်ငွေရရန် ခက်ခဲလာသောကြောင့်ဖြစ်သည်။ ကိုဗစ် ကာလအတွင်းတွင် ထိုအဝေးရောက် ရွှေ့ပြောင်းလုပ်သားတို့သည် ဇာတိရပ်ရွာများသို့ တဖွဲဖွဲပြန်လည် ရောက်ရှိလာကြသည်။ အထူးသဖြင့် ထိုင်းနိုင်ငံ တွင် ခရီးသွားလာခွင့်များ စည်းကမ်းများကို လျှော့ချလိုက်သည့် အချိန်မှစတင်ကာ မြန်မာနိုင်ငံအတွင်းသို့ […]

ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ

diz_admin

August 11, 2020

အလျော်အစား အိုက်စလန်ရိုးရာပုံပြင်တစ်ပုဒ်မှာ နေဝင် မိုးချုပ်အလုပ်လုပ်ရလို့ ပင်ပန်းနေတဲ့လူတစ်ယောက်ဟာ နတ်ဆိုးနဲ့အပေးအယူလုပ်ကြသတဲ့။ တစ်လစာအလုပ်ကို တစ်မနက်တည်း နတ်ဆိုးက တစ်နွေလုံးလုပ်ပေးသွားမယ်။ နတ်ဆိုးကို ဘာပြန်ပေးရမယ်ဆိုတာကိုတော့ နွေအကုန်အလုပ်ပြီးမှ ပြောမယ်လို့ နတ်ဆိုးကဆိုသတဲ့။ ဒီလူကလည်း ဒါကို သဘောတူလိုက်တယ်။ အလုပ်ပြီးသွားတဲ့ နွေအကုန်မှာ နတ်ဆိုးက အလျော်အစားလာတောင်းတယ်။ သူတောင်းတာက ဒီလူက မွေးထားတဲ့ ကလေးကိုပဲ။ ကြီးပွားဖို့၊ သက်သာဖို့ ရည်ရွယ်တဲ့လူသားမှာ အခက်ကြုံရပြီပေါ့။ ဒီနေ့ခေတ်လူသားရဲ့ အကျပ်အတည်းကို ဒီပုံပြင်နဲ့ ဥပမာ ပေးလို့ရတယ်လို့ ဆိုရပါလိမ့် မယ်။ ၂၀ ရာစုလူသားဟာ နည်းပညာ (Technology) နဲ့ ဓနငွေကြေး (Financial) ကို စေစားပြီး ကြီးပွားတိုးတက်မှု၊ သက်သာ လွယ်ကူမှုရသင့် သလောက်ရခဲ့တယ်။ ၂၁ ရာစုမှာတော့ အဲဒီအတွက် အလျော်တောင်းခံနေရပြီ။ ပေးရမှာက […]

ကိုဗစ်ကပ်ဘေး အကြား သစ်ခိုးထုတ်မှု

diz_admin

August 7, 2020

[Citizen Action for Transparency (CAfT) ၏ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်း၏ ‘ကိုဗစ် အဂတိ ဖြစ်တန်ရာများ’ စာတမ်းကို ပုံဖော်ထားပါတယ်]

တစ်ပူပေါ် နှစ်ပူဆင့်ခဲ့သော မြန်မာ့ အောက်ခြေလူတန်းစားများ

diz_admin

August 5, 2020

အာဏာရှင်စနစ်အောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ အသားကျနေသော နိုင်ငံတစ်ခု အနေနှင့် ကိုဗစ်ကဲ့သို့သော အရေးပေါ်ကာလတွင် အာဏာစက်ကို လွန်လွန်ကဲကဲသုံးသော ဒေသန္တရ အုပ်ချုပ်ရေးမျိုးများသည်လည်း မရှားလှပါ။ ဤကဲ့သို့ ကပ်ဘေးအန္တရာယ်မျိုးကို ကိုင်တွယ်ရချိန်တွင် ထောင်ချရ ခြင်း၊ ချုပ်နှောင်ရခြင်းကလွဲပြီး အခြားနည်းမရှိဟု ယူဆခဲ့ကြသည့် အမှုများများစွာပင် ရှိသည်။ ကျေးလက်များအပါအဝင် နေရာတော်တော်များများတွင် လူအများ အထိတ်တလန့် စိုးရိမ်နေသောအချိန်တွင် အာဏာပိုင်များနှင့် ဆက်စပ်အဖွဲ့အစည်းများသည် ပြည်သူကို အာဏာဖြင့် ငြိမ်ဝပ်အောင်လုပ်ရန် ပိုပြီးလွယ် ကူခဲ့ကြသည်။ ပါးစပ်နှင့် နှာခေါင်းစည်း အရည်အသွေး ကောင်း/မကောင်း ဘယ်လိုစစ်မလဲ ကိုဗစ်-၁၉သည် မည်သည့်နေ့ရက်တွင် ကူးစက်ပျံ့နှံ့မှုရပ်တန့်ပြီး ပုံမှန်အခြေအနေဆီ ပြန်ရောက်နိုင်မည်ဟု မည်သူကမျှမပြောနိုင်ပါ။ မျှော်လင့်ထားကြသော အခြေအနေသစ် (New Normal) ထဲသို့ ရောက်မည်ကြံဆဲတွင်ပင် ရောဂါကူးစက်မှုများလာသောကြောင့် နောက်ပြန်ဆုတ် ရခြင်းများရှိနေမြဲပင် ရှိသေးသည်။ […]

ကွမ်းသမားနှင့် ကိုဗစ်

diz_admin

August 4, 2020

ကိုရိုနာဗိုင်းရပ်စ်ဟာ ရောဂါရှိသူရဲ့ တံတွေးဂလင်းမှာ ခိုအောင်းလေ့ရှိပါတယ်။ နှာချေ၊ ချောင်းဆိုး၊ စကားပြောရာမှတစ်ဆင့် ထွက်လာတဲ့ တံတွေးအစက်အမှုန်တွေမှာ ရောဂါပိုးအမြောက်အမြား ပါဝင်နိုင်ပါတယ်။ သုတေသနစစ်တမ်းများအရ ကိုရိုနာဗိုင်းရပ်စ် ပိုးရှိသူ့ရဲ့ တံတွေးသလိပ်မှာ ဗိုင်းရပ်စ်ပါဝင်မှု ၉၁.၇ ရာခိုင်နှုန်းရှိတာကို တွေ့ရပါတယ်။ ကမ်းခြေနဲ့ ရေတံခွန်မှာ သတိပြုဖွယ်ရာများ ကိုရိုနာဗိုင်းရပ်စ်ပိုး ပါဝင်တဲ့ တံတွေးအစက်အမှုန်များဟာ အနီးကပ်ထိတွေ့သူရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကနေတဆင့် တိုက်ရိုက် ဝင်ရောက်တာ၊ တံတွေးအစက်အမှုန်တွေ တင်ကျန်နေတဲ့ မျက်နှာပြင်၊ အရာဝတ္ထုတွေကို ကိုင်တွယ်မိတဲ့ လက်နဲ့ ကိုယ့်ရဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို ကိုင်တွယ်တာကြောင့်လည်း ကိုရိုနာဗိုင်းစ်ရပ်ရောဂါ ကူးစက်ခံရနိုင်ပါတယ်။ ၂၀၁၄ ခုနှစ်စစ်တမ်းအရ မြန်မာနိုင်ငံရှိ အရွယ်ရောက်ပြီးသား လူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းဟာ ကွမ်းစားတယ်လို့ သိရပါတယ်။ အများစုက အမျိုးသားတွေပါ။ […]