BREAKING
September 19, 2024

ကိုဗစ်အထူး ကဏ္ဍ

ဒုတိယလှိုင်း သတိထားပါ

diz_admin

August 21, 2020

သြဂုတ်လ ၂၁ ရက်နေ့မှာ လူ ၁၀ ဦးအထိ ကူးစက်မှု အစုလိုက်တွေ့ရှိရပါတယ်။ ဒါကြောင့် ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်း ဂရုစိုက်ဖို့ အစိုးရက သတိပေးထားပါတယ်။

ကပ်ရောဂါ၏ အကြောင်းခံများ

diz_admin

August 19, 2020

ကွန်ပျူတာ၊ အင်တာနက်နှင့် ဉာဏ်ရည်တုကို တီထွင်ဖန်တီးနိုင်ခြင်းက ကမ္ဘာကြီး၏ ပစ္စုပ္ပန်နှင့် အနာဂတ် အတွက် ကြီးစွာသော ပြောင်းလဲတိုး တက်မှုများ ဖြစ်သည်။ ထောင်စုနှစ်ချီ မှတ်တမ်းတင်လာခဲ့သော လူသားသမိုင်းတစ်လျှောက် ၂၁ ရာစု၏ တိုးတက်မှုများက မည်သည့်ခေတ်အခါနှင့်မျှ နှိုင်းမရအောင် အံ့သြလောက်ဖွယ် ဖြစ်ပါသည်။ အင်တာနက်စနစ်ကြောင့် ကမ္ဘာ့အစွန်း တစ်ဖက်စီမှ လူသားအချင်းချင်း စက္ကန့်မခြား တွေ့မြင်ဆက်သွယ်နိုင်သလို ကုန်းရေလေလမ်းကြောင်းစုံတွင် ယာဉ်ရထား အမျိုးမျိုးက ဥဒဟို ကူးသန်းမောင်းနှင်၍ မိုင်ထောင်ချီခရီးအား နေ့မခြားဘဲ အရောက်သွားနိုင်စွမ်း ရှိလာခဲ့ သည်။ စင်စစ်အားဖြင့် လူသားတို့သည် လူသားတစ်ဦး၏ ကိုယ်ပွားကိုပင် ဖန်တီးနိုင်စွမ်း ရှိနေပြီဖြစ်သည်။ များမကြာမီ အနာဂတ်တွင် လူ့ခန္ဓာကိုယ်ရှိ မည်သည့် အစိတ်အပိုင်းမဆို ချို့ယွင်းပျက်စီးခဲ့လျှင် ပြင်ပတွင် အလားတူ အစိတ်အပိုင်းတစ်ခု ဖန်တီး၍ အစားထိုးကာ […]

ကိုဗစ်ကာလမှာ ကလေးများကို စောင့်ရှောက်တဲ့အခါ

diz_admin

August 19, 2020

ကိုဗစ် ၁၉ ရောဂါကူးစက်ပျံ့ပွားမှုကာလအတွင်း ကလေးမိဘတွေအနေနဲ့ ဖြစ်စေ၊ ကလေးများကို စောင့်ရှောက်သူတွေ အနေနဲ့ ဖြစ်စေ အထူးသတိပြုရမယ့်အချက်တွေ ရှိပါတယ်။ ၁။ ကလေးတွေရဲ့စိတ်ဖိစီးမှု၊ ဝမ်းနည်းခြင်း ကြောက်ရွံ့ခြင်းကို အပေါင်းလက္ခဏာဆောင်တဲ့ (ကောင်းမွန်သော) နည်းလမ်းတွေနဲ့ ဖော်ပြနိုင်ဖို့ ကူညီပေးပါ။ ကလေးတိုင်းဟာ သူ့နည်းသူ့ဟန်နဲ့ ဖော်ပြနိုင်ကြပါတယ်။ တစ်ခါတလေ သူတို့ သဘောကျတဲ့ ကစားနည်းတွေ ကစားရင်းဖြစ်စေ၊ ပုံဆွဲရင်းဖြစ်စေ ကလေးတွေရဲ့ အတွေးနဲ့ ခံစားချက်ကို ဖော်ပြနိုင်ဖို့ စီစဉ်ပေးသင့်ပါတယ်။ ကလေးတွေက လုံခြုံပြီးကူညီဖေးမမှုရှိတဲ့ ပတ်ဝန်းကျင်မှာ သူတို့ရဲ့ စိတ်ဖိစီးမှုနဲ့ ခံစားချက်ကို ဖော်ပြလိုက်တဲ့အတွက် သူတို့ရဲ့ စိတ်သောကတွေ လျော့ပါးသွား စေနိုင်ပါတယ်။ ၂။ ကလေးတွေအတွက် စိတ်ချရတယ်လို့ ယူဆရင် သူတို့ကို မိဘဆွေမျိုးတွေနဲ့ နီးနီးကပ်ကပ် နေထိုင်နိုင်ဖို့ စီစဉ်ပါ။ သူတို့ကို […]

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

diz_admin

August 14, 2020

မိမိကလေးများကို အောက်ပါအချက်များနှင့် ရင်းနှီးကျွမ်းဝင်အောင် သင်ကြားပေးပါ။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ကို Dawei Watch မှ တင်ဆက်သည်။