BREAKING
September 20, 2024

စီးပွားရေး

ရွှေနှင့် ထိုင်းဘတ် တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

November 26, 2022

ယခုအပတ်တွင် ရွှေ နှင့် ဘတ်ဈေးမှာ ဈေးတန်းတစ်ခုတွင် တန့်နေပြီး ဈေးအတက်အကျ မရှိသလောက်နည်းခဲ့သည်။ အခေါက်ရွှေနှင့် ထိုင်းဘတ်ဈေးမှာ ပြီးခဲ့သည့်နှစ်ပတ်ကတည်းက အတက်အကျ နည်းနေခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ဈေးတန့်နေသည့်ရွှေ အရောင်းအဝယ်မဖြစ် တစ်ကျပ်သားလျှက် ၂၆ သိန်းခွဲဝန်းကျင်ဖြင့် တန့်နေသည့် အခေါက်ရွှေမှာ အရောင်းအဝယ် မရှိသလောက်ပါးနေသည်။ နိုဝင်ဘာလ ၂၁ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်းခြောက်သောင်းဖြင့် ဈေးဖွင့်ခဲ့သည်။ နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲ မရှိဘဲ အဆိုပါဈေးတန်းဖြင့်ပင် ရောင်းချနေသည်။ အလှုပ်အခတ်မရှိဘဲ ဈေးအီနေသည့်အတွက် ရောင်းလိုသူများက အခြေအနေ စောင့်ကြည့်နေသလို ဝယ်မည့်သူများကလည်း ဈေးထပ်ကျမည့်အရေး […]

ဆန်ဈေး နှစ်ပတ်ဆက်တည်ငြိမ်နေသည့် မြိတ်ဈေးကွက်

diz_admin

November 25, 2022

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်တို့အနက် ဆန်ဈေးနှုန်း နှစ်ပတ်ဆက်တိုက်တည် ငြိမ်နေသည်။ ဆန်အသစ်များ ဈေးကွက်အတွင်း မရောက်ရှိသေးဘဲ၊ ဈေးနှုန်းမှာ လက်ရှိဈေးထက် ကျဆင်းမည် မဟုတ်ကြောင်း ဆန်းအရောင်းအဝယ်လုပ်ကိုင်သူတို့က ခန့်မှန်းထားသည်။ ပြီးခဲ့သည့် နှစ်ပတ်က ဆန်ကြမ်း (အကယ်ဒမီ) ၂၄ ပြည်တစ်အိတ် ၅၀၀၀၀ ကျပ် ဈေးရှိပြီး ပြီးခဲ့သည်ပတ်နှင့် ယခုသီတင်းပတ်တို့တွင် ၅၂၀၀၀ ဈေးရှိနေသည်။ စားအုန်းဆီ ၁၀ ပိဿာပါ စားအုန်းဆီပုံးဝါ တစ်ပုံးလျှင် ၆၈၀၀၀ ကျပ်မှ ၆၅၀၀၀ ကျပ်အထိ ကျဆင်းခဲ့သည်။ သားငါးဈေးတို့တွင် ဝက်သားဈေး တစ်ပိဿာလျှင် ၂၀၀၀ ကျပ် မြင့်တက်လာခဲ့ပြီး ငရုတ်သီးခြောက် (ရွှေအပ်) နှင့် ငရုတ်သီးခြောက် (ငရုပ်ပု) ဈေးတို့ ပြောင်းလဲမှုမရှိခဲ့ပါ။ ရေထွက်ကုန် တစ်ခုဖြစ်သည့် ပုဇွန်ခြောက်ဈေးနှုန်း တစ်ပိဿာလျှင် ၂၀၀၀ […]

အပြောင်းအလဲမရှိသည့် ရွှေနှင့် ထိုင်းဘတ် ယနေ့ဈေးနှုန်း (နိုဝင်ဘာ ၂၅)

diz_admin

November 25, 2022

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။ နိုဝင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေနှင့် ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေသည်။ 92 ဓာတ်ဆီဈေးမှာမူ ဈေးနှုန်းအပြောင်းအလဲနေ့တိုင်းရှိနေပြီး တစ်လီတာလျှင် ၇၅ ကျပ်ကျသွားခဲ့သည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ ဓာတ်ဆီဈေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုဈေးမြင့်လေ့ရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပဈေးကွက်၏ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးပေါက်ဈေးကို ရယူဖော်ပြပါသည်။

တက်လာသည့် ရွှေနှင့် ထိုင်းဘတ် ယနေ့ဈေးနှုန်း (နိုဝင်ဘာ ၂၄)

diz_admin

November 24, 2022

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။ နိုဝင်ဘာလ ၂၃ ရက်နှင့် ၂၄ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ ကျပ်တစ်သောင်းတက်သွားပြီး ဘတ်ဈေးလည်းတက်လာသည်။ ထို့အပြင် 92 ဓာတ်ဆီဈေးလည်း တစ်လီတာလျှင် ၇၀ ကျပ် တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ ဓာတ်ဆီဈေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုဈေးမြင့်လေ့ရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပဈေးကွက်၏ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးပေါက်ဈေးကို ရယူဖော်ပြပါသည်။

ဆက်ကျသည့် ရွှေနှင့် အလှုပ်အခတ်နည်းထိုင်းဘတ် ယနေ့ဈေးနှုန်း (နိုဝင်ဘာ ၂၃)

diz_admin

November 23, 2022

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။ နိုဝင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ ဆက်ကျလာပြီး ဘတ်ဈေးမှာ အလှုပ်ခတ်နည်းနေသည်။ 92 ဓာတ်ဆီဈေးမှာမူ တစ်လီတာလျှင် ၃၀ ကျပ် ပြန်တက်သွားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ ဓာတ်ဆီဈေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုဈေးမြင့်လေ့ရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပဈေးကွက်၏ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးပေါက်ဈေးကို ရယူဖော်ပြပါသည်။

ကျရိပ်ပြလာသည့် ရွှေနှင့် ထိုင်းဘတ် ယနေ့ဈေးနှုန်း (နိုဝင်ဘာ ၂၂)

diz_admin

November 22, 2022

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။ နိုဝင်ဘာလ ၂၁ ရက်နှင့် ၂၂ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေနှင့် ဘတ်ဈေးမှာ ကျရိပ်ပြလာသည်။ 92 ဓာတ်ဆီဈေးလည်း တစ်လီတာလျှင် ၇၀ ကျပ်အထိ ထပ်ကျသွားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ ဓာတ်ဆီဈေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုဈေးမြင့်လေ့ရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပဈေးကွက်၏ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးပေါက်ဈေးကို ရယူဖော်ပြပါသည်။