အီနေသည့်ရွှေ၊ တက်ရိပ်ပြနေသည့် ထိုင်းဘတ်နှင့် တစ်ပတ်အတွင်း သုံးသပ်ချက်
diz_admin
November 12, 2022ယခုအပတ်တွင် ရွှေ ဈေးမှာ အီနေပြီး ထိုင်းဘတ်ငွေဈေးမှာ တက်ရိပ်ပြနေသည်။ ပြီးခဲ့သည့်အပတ်ကတည်းက အတက်အကျနည်းခဲ့သည့် ရွှေဈေးမှာ ယခုအပတ်တွင်လည်း ဈေးအီနေပြီး အရောင်းအဝယ်ပါးနေသည်။ ထိုင်းဘတ်ဈေးမှာမူ တက်ရိပ်ပြနေသော်လည်း ကြီးမားသည့် ဈေးအပြောင်းအလဲမရှိခဲ့ချေ။ ဈေးအီနေသည့်ရွှေ အရောင်းအဝယ်ပါး တစ်ကျပ်သားလျှက် ၂၇ သိန်းဝန်းကျင်ဖြင့် ဈေးအီနေသည့် အခေါက်ရွှေမှာ အရောင်းအဝယ်ပါးနေခဲ့သည်။ နိုဝင်ဘာလ ၈ ရက် (အင်္ဂါနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းခွဲ ဖြင့် ဈေးဖွင့်ခဲ့သည်။ နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲ နည်းခဲ့ပြီး အဆိုပါဈေးတန်းဖြင့်ပင်ရောင်းချနေသည်။ အလှုပ်အခတ်နည်းပြီး ဈေးအီနေသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ပါးနေကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “ရွှေဈေးငြိမ်လွန်းတော့ ဒီလအရောင်းအဝယ်ကတော့ အရမ်းကိုကျသွားတယ်ရှင်”ဟု ၎င်းက ပြောသည်။ နိုဝင်ဘာလ ၁၁ ရက်(သောကြာနေ့) ပေါက်ဈေးအရ တစ်ကျပ်သားလျှင် […]