BREAKING
September 20, 2024

စီးပွားရေး

နှစ်ဆယ့်ခုနှစ်သိန်းခြောက်သောင်းတွင် တန့်နေသည့် ရွှေဈေး (ဇန်နဝါရီ ၁၀ )

diz_admin

January 10, 2023

ယမန်‌နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ တစ်ကျပ်သားလျှင် နှစ်ဆယ့်ခုနစ်သိန်းခြောက်သိန်းဈေးဖြင့် အပြောင်းအလဲမရှိ ‌တန့်နေသည်။ ထိုင်းဘတ်ဈေးနှင် ဓာတ်ဆီဈေးလည်း အတက်ဘက်တွင် ရှိနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကျပ်သုံးသောင်း ထပ်တက်သည့် ရွှေဈေး (ဇန်နဝါရီ ၉ )

diz_admin

January 9, 2023

ပြီးခဲ့သည့် သောကြာနေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်သုံးသောင်း ထပ်တက်သွားသည်။ ထိုင်းဘတ်ဈေးနှင် ဓာတ်ဆီဈေးလည်း အတက်ဘက်တွင် ရှိနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

တက်ရိပ်ပြလာသည့် ရွှေနှင့်ထိုင်းဘတ် တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

January 8, 2023

လချီကြာငြိမ်နေသည့် ရွှေနှင့် ထိုင်းဘတ်ဈေးမှာ ယခုအပတ်တွင် တက်ရိပ်ပြလာသည်။ အခေါက်ရွှေဈေးမှာ ကျပ်သောင်းဂဏန်းအထိ တက်လာသကဲ့သို့ ထိုင်းဘတ်ဈေးမှာလည်း တဖြည်းဖြည်းတက်နေသည်။ ဆက်တိုက်မြင့်လာသည့် ရွှေဈေး တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းခွဲကျော်ဖြင့် ကာလကြာရှည်ငြိမ်နေသည့် အခေါက်ရွှေဈေးမှာ ယခုအပတ်တွင် နေ့စဉ်ဈေးတက်လာသည်။ ယခင်က တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းခြောက်သောင်းကျပ် ဝန်းကျင်ဖြင့် တောက်လျောက်ငြိမ်နေရာမှ ဇန်နဝါရီလ ၂ ရက် (တနင်္လာနေ့) တွင် ကျပ်နှစ်သောင်းတက်လာသည်။ ထိုနောက် နေ့တိုင်းဈေးတက်လာပြီး ဇန်နဝါရီလ ၆ ရက်(သောကြာနေ့)တွင် တစ်ကျပ်သားလျှင် နှစ်ဆယ့်ခုနှစ်သိန်းသုံးသောင်းကျပ်အထိ ပေါက်ဈေးရှိနေသည်။ ရွှေဈေးမှာ အတက်ဈေးတွင်ပင် ဆက်ရှိနေမည်ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “ဈေးကတော့ တဖြည်းဖြည်း ဆက်တက်လာမယ်ထင်တယ်”ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။ လှုပ်လာသည့်ဘတ်ဈေး ပြီးခဲ့သည့်အပတ်များက အီလည်လည်ဖြစ်နေသည့် ထိုင်းဘတ်ဈေးမှာ ယခုအပတ်တွင် ပြန်လှုပ်လာသည်။ […]

ငရုတ်ဈေးကျပြီး အခြားကုန်စည်ဈေးနှုန်းများ ပြောင်းလဲမှုမရှိသည့် မြိတ်ဈေးကွက်

diz_admin

January 6, 2023

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန် ဈေးကွက်တွင် ယခုအပတ်၌ ငရုတ်သီးခြောက်ဈေးနှုန်း ထပ်မံကျဆင်းလျက်ရှိသည်။ တစ်ပိဿာလျှင် ၂၄၀၀၀ ကျပ်အထိ ဈေးရှိသည့် ငရုတ်သီးခြောက် ( ငရုတ်ပု ) ဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်ပတ်မှစပြီး ဆက်တိုက်ကျလာဆင်းလာကာ ယခုအပတ်တွင် ၁၆၀၀၀ ကျပ်သာ ကျန်ရှိတော့သည်။ ထို့ပြင် ငရုတ်သီးခြောက် ( ရွှေအပ် ) တစ်ပိဿာလျှင် တစ်ထောင်ကျပ်ကျဆင်းခဲ့သဖြင့် ၁၄၀၀၀ ကျပ် ဈေးရှိနေသည်။ ဆယ်ပိဿာပါ စားအုန်းဆီပုံးဝါ တစ်ပုံးလျှင် ကျပ်နှစ်‌ထောင်နှုန်း အတက်အကျဖြစ်နေပြီး ယခင်အပတ်က ၆၀၀၀၀ ကျပ်မှ ယခုအပတ်တွင် ၆၂၀၀၀ ကျပ်ဖြစ်နေသည်။ ကြက်သွန်နီးဈေး တစ်ပိဿာလျှင် ယခင်အပတ်ထက် နှစ်ရာကျပ်နှုန်း ကျဆင်းလာပြီး ၃၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြသည်။ အခြားအခြေခံစားသောက်ကုန်တို့မှာ ဈေးနှုန်းအပြောင်းအလဲမရှိပဲ တည်ငြိမ်နေသည်။

ယနေ့ရွှေဈေး ကျပ်ငါးထောင် ထပ်တက် (ဇန်နဝါရီ ၆ )

diz_admin

January 6, 2023

ရွှေ‌ဈေးသည် နေ့စဉ်တက်‌နေပြီး ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ငါး‌ထောင် ထပ်တက်လာသည်။ ထိုင်းဘတ်ဈေးမှာ ပြန်ငြိမ်သွားပြီး 92 ဓာတ်ဆီ‌ဈေးမှာ တစ်လီတာလျှင် 30 ကျပ်ထပ်ကျသွားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကျပ်တစ်သောင်းခွဲ ထပ်တက်သည့် ရွှေဈေး (ဇန်နဝါရီ ၅ )

diz_admin

January 5, 2023

ရွှေ‌ဈေးသည် နေ့စဉ်တက်ရိပ်ပြလာပြီးယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းခွဲ ထပ်တက်လာသည်။ ထိုင်းဘတ်ဈေးလည်း ဆက်တိုက်တက်လာပြီး 92 ဓာတ်ဆီ‌ဈေးမှာမူ တစ်လီတာလျှင် 55ကျပ်ကျ သွားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။