BREAKING
September 20, 2024

စီးပွားရေး

ကျပ်လေးသောင်းတက်သည့် ရွှေဈေး (ဇန်နဝါရီ ၁၆ )

diz_admin

January 16, 2023

ဇန်နဝါရီလ ၁၃ ရက်နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်လေးသောင်း ပြန်တက်သွားသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း တက်ရိပ်ပြနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

January 14, 2023

အပြောင်းအလဲနည်းနေသည့် ရွှေနှင့် ထိုင်းဘတ်ဈေးမှာ ယခုအပတ်တွင် ရုတ်တရက် ထိုးတက်လာသည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်တစ်သိန်းနီးပါးအထိ တက်လာပြီး ထိုင်းဘတ်ဈေးလည်း တဖြည်းဖြည်းတက်နေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အတက်ကြမ်းသည့် ရွှေဈေး ပြီးခဲ့သည့်အပတ်က ၂၇ သိန်းစွန်းစွန်းသာရှိခဲ့သည့် အခေါက်ရွှေဈေးသည် ယခုအပတ်တွင် ကျပ်တစ်သိန်းနီးပါးအထိ ခုန်တက်သွားသည်။ ဇန်နဝါရီလ ၉ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ခုနှစ်သိန်းခြောက်သောင်း (၂၇၆၀၀၀၀ကျပ်)ဖြင့် ဈေးဖွင့်ခဲ့သည်။ ထိုနောက် နေ့တိုင်းနီးပါး ဈေးတက်လာပြီး ဇန်နဝါရီလ ၁၂ ရက်နေ့တွက် နှစ်ဆယ့်ရှစ်သိန်းလေးသောင်း(၂၈၄၀၀၀၀ ကျပ်) အထိ ဈေးမြောက်သွားခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် […]

မြိတ်အခြေခံစားသောက်ကုန်များ အတက်ဘက်ဦးတည်

diz_admin

January 13, 2023

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် စားသောက်ကုန်အများစုသည် အတက်ဘက်သို့ ဦးတည်လျက်ရှိနေသည်။ အဓိက စားသောက်ကုန်ဖြစ်သည့် ဆန်ဈေး တစ်အိတ်လျှင် တစ်‌ထောင်ကျပ်မြင့်တက်နေ‌ရာ ထပ်မံမြင့်တက်နိုင်ကြောင်း ကုန်သည်တချို့က ခန့်မှန်းထားသည်။ ထို့ပြင် ဆယ်ပိဿာပါ စားအုန်းဆီပုံးဝါ တစ်ပုံးလျှင် ယခင်အပတ်က ၆၂၀၀၀ ကျပ်မှ ယခုအပတ်တွင် ၅၀၀၀ ကျပ်ထပ်တက်သဖြင့် ၆၇၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။ ကြက်သွန်ဖြူဈေး တစ်ပိဿာလျှင် တစ်ထောင်ကျပ်အထိ မြင့်တက်လာပြီး ငရုတ်သီးခြောက်၊ ကြက်သွန်နီဈေးတို့ တည်ငြိမ်နေသည်။ ပုဇွန်ခြောက်ဈေးလည်း အနည်းငယ် အပြောင်းအလဲဖြစ်ခဲ့ပြီး တစ်ပိဿာလျှင် ကျပ်ထောင်ဂဏန်းအထိ မြင့်တက်လာသည်။

ကျပ်လေးသောင်း ပြန်ကျသည့် ရွှေဈေး (ဇန်နဝါရီ ၁၃ )

diz_admin

January 13, 2023

ယမန်‌နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်လေးသောင်း ပြန်ကျသွားသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ တက်ရိပ်ပြနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကျပ်လေးသောင်းထပ်တက်သည့် ရွှေဈေး (ဇန်နဝါရီ ၁၂ )

diz_admin

January 12, 2023

ယမန်‌နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်လေးသောင်း ထပ်တက်လာသည်။ ထိုင်းဘတ်ဈေးနှင် ဓာတ်ဆီဈေးလည်း အတက်ဘက်ရောက်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကျပ်လေးသောင်းခုန်တက်သွားသည့် ရွှေဈေး (ဇန်နဝါရီ ၁၁ )

diz_admin

January 11, 2023

ယမန်‌နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်လေးသောင်းအထိ ခုန်တက်သွားပြီး ၂၈ သိန်းဖြင့် ရောင်းချနေသည်။ ထိုင်းဘတ်ဈေးနှင် ဓာတ်ဆီဈေးမှာ အနည်းငယ်ကျ‌နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။