BREAKING
September 20, 2024

စီးပွားရေး

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

January 22, 2023

ရွှေဈေးမှာ အလှုပ်အခတ်အများဆုံး ကာလတစ်ခုဖြစ်ပြီး ထိုင်းဘတ်လည်း အတက်ဈေးတွင် ငြိမ်နေခဲ့သည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်ကိုးသောင်းအထိ အတက်အကျဖြစ်ခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အတက်အကျကြမ်းသည့် ရွှေဈေး ပြီးခဲ့သည့်အပတ်က ၂၈ သိန်းခွဲဝန်းကျင်အထိ ဈေးတက်ခဲ့သည့်အခေါက်ရွှေသည် ယခုအပတ်တွင် ကျပ်ကိုးသောင်းအထိ နေ့စဉ်နီးပါး အတက်အကျကြမ်းနေခဲ့သည်။ ဇန်နဝါရီလ ၁၆ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းလေးသောင်း (၂၈၄၀၀၀၀ ကျပ်)ဖြင့် ဈေးဖွင့်ခဲ့သည်။ ထိုနောက် နေ့တိုင်းနီးပါး ဈေးအလှုပ်အခတ်ရှိနေခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် နှစ်ဆယ့်ခုနှစ်သိန်းငါးသောင်း(၂၇၅၀၀၀၀ ကျပ်) အထိ ဈေးကျသွားပြန်သည်။ ယင်းနောက် သောကြာနေ့တွင် တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းဖြစ်သွားပြန်သည်။ ကမ္ဘာ့ရွှေဈေးတက်နေသည့်အတွက် ပြည်တွင်းရွှေဈေးလည်း အလိုက်သင့်ဈေးတက်လာခြင်းဖြစ်ကြောင်း […]

စားအုန်းဆီဈေး ဆက်တိုက်မြင့်တက်နေသည့် မြိတ်ကုန်စည်ဈေးကွက်

diz_admin

January 20, 2023

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် စားအုန်းဆီဈေး အပါအဝင် ကုန်စည်အချို့ ဈေးနှုန်းများ မြင့်တက်နေဆဲဖြစ်သည်။ ဆယ်ပိဿာပါ စားအုန်းဆီပုံးဝါ တစ်ပုံးလျှင် ၆၂၀၀၀ ကျပ်ရှိရာမှ ယခင်အပတ်က ၅၀၀၀ ကျပ် မြင့်တက်ခဲ့ပြီး ယခုအပတ်တွင် ၅၀၀ ကျပ် ထပ်မံမြင့်တက်သဖြင့် ၆၇၅၀၀ ကျပ်နှုန်း ဖြစ်လာသည်။ သားငါးဈေးကွက်တွင် အမဲသားတစ်ပိဿာလျှင် တစ်‌ထောင်ကျပ်နှင့် ငရုတ်သီးခြောက် (ငရုတ်ပု) ဈေး တစ်ထောင်ကျပ် မြင့်တက်လာသည်။ ထို့အပြင် ကြက်သွန်ဖြူဈေးအနည်းငယ်မြင့်တက်နေပြီး ကျန်ကုန်စည်အများစုမှာ ဈေးတည်ငြိမ်နေသည်။ ဆက်လက်ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်နိုင်ကြောင်း ကုန်စုံအရောင်းဆိုင်တို့ထံမှ သိရသည်။ ကုန်စည်စီးဆင်းရာ မြိတ်-ရန်ကုန်ကားလမ်းမတလျှောက် တိုက်ပွဲများ မကြာမကြာဖြစ်နေခြင်းနှင့် နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေခြင်းတို့ကြောင့် ဈေးထပ်မံမြင့်တက်လာနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။

ရွှေဈေး ကျပ်နှစ်သောင်းခွဲ ထပ်တက် (ဇန်နဝါရီ ၂၀ )

diz_admin

January 20, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်‌နှစ်သောင်းခွဲ ထပ်တက်သွားသည်။ ထိုင်းဘတ်ဈေးလည်း ပြန်တက်လာပြီး ဓာတ်ဆီဈေးမှာ အနည်းငယ်ကျသွားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကျပ်နှစ်သောင်းခွဲ ပြန်တက်သည့်ရွှေဈေး (ဇန်နဝါရီ ၁၉ )

diz_admin

January 19, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်‌နှစ်သောင်းခွဲ ပြန်တက်လာသည်။ ထိုင်းဘတ်ဈေးမှာ အလှုပ်အခတ်မရှိငြိမ်နေပြီး ဓာတ်ဆီဈေးမှာ ဆက်တိုက်တက်သည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေဈေး ကျပ်သုံးသောင်းကျ (ဇန်နဝါရီ ၁၈ )

diz_admin

January 18, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်‌သုံး‌သောင်း ထပ်ကျသွားသည်။ ထိုင်းဘတ်ဈေးလည်း အနည်းငယ်ကျလာပြီး ဓာတ်ဆီဈေးမှာ တက်ရိပ်ပြနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ခြောက်သောင်းကျပ်ကျသည့် ရွှေဈေး (ဇန်နဝါရီ ၁၇ )

diz_admin

January 17, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်‌ခြောက်သောင်း ပြန်ကျသွားသည်။ ထိုင်းဘတ်ဈေးလည်း အနည်းငယ်ကျလာပြီး ဓာတ်ဆီဈေးမှာ တက်ရိပ်ပြနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။