BREAKING
September 20, 2024

စီးပွားရေး

ရွှေဈေး ကျပ်တစ်သောင်းတက် (ဖေဖော်ဝါရီ ၁၅ )

diz_admin

February 15, 2023

ယမန့်နှင့် ယနေ့ ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်း တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းခြောက်သောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ ကျရိပ်ပြနေပြီး ဓာတ်ဆီဈေးမှာမူ အနည်းငယ် ပြန်တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

နှစ်ဆယ့်ရှစ်သိန်းခွဲဖြင့် နှစ်ရက်ဆက်ငြိမ်နေသည့် ရွှေဈေး(ဖေဖော်ဝါရီ ၁၄ )

diz_admin

February 14, 2023

အခေါက်ရွှေမှာ တစ်ကျပ်သားလျှင် ၂၈ သိန်းခွဲဖြင့် နှစ်ရက်ဆက်တိုက် ဈေးငြိမ်‌နေသည်။ ထိုင်းဘတ်ဈေးမှာ ကျရိပ်ပြနေပြီး ဓာတ်ဆီဈေးမှာမူ အနည်းငယ် ပြန်တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

နှစ်ဆယ့်ရှစ်သိန်းခွဲဖြင့် ဈေးဖွင့်သည့် အခေါက်ရွှေ (ဖေဖော်ဝါရီ ၁၃ )

diz_admin

February 13, 2023

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေမှာ တစ်ကျပ်သားလျှင် ၂၈ သိန်းခွဲဖြင့် ဈေးဖွင့်ထားသည်။ ဖေဖော်ဝါရီလ ၁၀ နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းမလဲမရှိပေ။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာမူ အနည်းငယ် ကျလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့်ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

February 11, 2023

ယခုအပတ်တွင် ရွှေနှင့် ထိုင်းဘတ်ဈေးမှာ အတက်အကျနည်းနည်းဖြင့် ဈေးဖွင့်နေခဲ့သည်။ အခေါက်ရွှေဈေးမှာ လုံးဝငြိမ်နေခဲ့ပြီး ထိုင်းဘတ်ဈေးမှာ မဆိုစလောက်သာ အလှုပ်အခတ်ရှိသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ တစ်ပတ်လုံးနီးပါး ငြိမ်နေသည့် ရွှေဈေး အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း အတက်အကျမရှိငြိမ်နေခဲ့သည်။ ဖေဖော်ဝါရီလ ၆ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ၄ ရက်ဆက်တိုက် ဈေးငြိမ်နေခဲ့သည်။ ထိုနောက် သောကြာနေ့တွင်မူ ကျပ်နှစ်သောင်းဈေးတက်လာပြီး တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းခွဲ ဖြစ်လာခဲ့သည်။ အတက်အကျနည်းသည့် ဘတ်ဈေး ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် အတက်အကျနည်းနည်းဖြင့် ဈေးဖွင့်နေခဲ့သည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၅ ကျပ်ရှိခဲ့ပြီး နောက်ရက်တွင်လည်း ပြားစွန်းစွန်းသာ […]

ဆန်ဈေးပြန်တက်လာပြီး ဆီဈေးဆက်ငြိမ်နေသည့်ထားဝယ်ဈေးကွက်

diz_admin

February 10, 2023

ထားဝယ်တွင် ပြီးခဲ့သည့် နှစ်ပတ်ဆက်ငြိမ်နေသည့် ဆန်ဈေးသည် ယနေ့ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြန်တက်လာပြီး စားသုံးဆီဈေးမှာမူ ဆက်ငြိမ်နေဆဲဖြစ်သည်။ ဖေဖော်ဝါရီလ ၃ ရက်က တစ်အိတ်လျှင် ၆၄၅၀၀ ကျပ်သာ ပေးရသည့် အကယ်ဒမီတံဆိပ် ဆန်ကြမ်းမှာ ဖေဖော်ဝါရီလ ၁၀ ရက် ယနေ့တွင် တစ်အိတ်လျှင် ၇၀၅၀၀ ကျပ် ဖြစ်လာခဲ့သည်။ တစ်ပတ်အတွင်း အကယ်ဒမီဆန်ကြမ်း တစ်အိတ်ကို ၆၀၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ ထိုနည်းတူ ပေါ်ဆန်းဆန် အကယ်ဒမီတံဆိပ် အစိမ်းရောင်အမျိုးအစားမှာလည်း ၂၄ ပြည်တစ်အိတ်ကို ဖေဖော်ဝါရီလ ၃ ရက်က ၈၅၅၀ဝကျပ် သာရှိရာမှ ယနေ့တွင် ၈၇၀၀ဝကျပ် ဖြစ်သွားသည်။ တစ်ပတ်အတွင်း ဆန်တစ်အိတ် ၁၅၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ စားသုံးဆီဈေးနှုန်းမှာ ဆက်တိုက်တည်ငြိမ်‌လျှက်ရှိသည်။ ‌ထားဝယ်ဈေးကွက်တွင် […]

ကျပ်နှစ်သောင်း တက်လာသည့်ရွှေဈေး (ဖေဖော်ဝါရီ ၁၀ )

diz_admin

February 10, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ်နှစ်သောင်းတက်လာပြီး ၂၈၃၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာမူ အနည်းငယ် ကျလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။