BREAKING
September 20, 2024

စီးပွားရေး

ကျပ်ငါးထောင် ကျလာသည့် ရွှေဈေး (ဖေဖော်ဝါရီ ၂၁ )

diz_admin

February 21, 2023

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်ငါးထောင် ဈေးကျသွားသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံး‌သောင်းငါးထောင်(2835000 ကျပ်) ဖြင့် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ ဆက်တိုက်ကျရိပ်ပြနေပြီး ဓာတ်ဆီဈေးမှာမူ ပြန်တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား နှစ်ဆယ့်ရှစ်သိန်းလေးသောင်းဖြင့် ဈေးဖွင့် (ဖေဖော်ဝါရီ ၂၀ )

diz_admin

February 20, 2023

ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းလေးသောင်း(2840000 ကျပ်) ဖြင့် ဈေးဖွင့်ထားသည်။ ပြီးခဲ့သည့်အပတ် သောကြာနေ့ ပေါက်ဈေးနှင့် ယနေ့ ဈေးနှုန်းမှာ အပြောင်းအလဲမရှိပေ။ ထိုင်းဘတ်ဈေးမှာ ဆက်တိုက်ကျနေပြီးဓာတ်ဆီဈေးလည်း ကျရိပ်ပြနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

February 18, 2023

ယခုအပတ်တွင် ရွှေဈေးမှာ အလှုပ်အခတ်ရှိခဲ့ပြီး ထိုင်းဘတ်ဈေးမှာ ကျရိပ်ပြခဲ့သည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ်သောင်းဂဏန်း အတက်အကျရှိခဲ့ပြီး ဘတ်ဈေးမှာ တဖြည်းဖြည်းအကျဘက်သို့ ရောက်နေခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အလှုပ်အခတ်ရှိခဲ့သည့် ရွှေဈေး အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း အတက်အကျရှိခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်နှစ်သောင်းအထိ အတက်အကျရှိခဲ့သည်။ ဖေဖော်ဝါရီလ ၁၃ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းခွဲ ဈေးဖွင့်ခဲ့သည်။ ထိုနောက် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် နှစ်ဆယ့်ရှစ်သိန်းခြောက်သောင်းဖြစ်သွားပြီး သောကြာနေ့တွင်မူ နှစ်ဆယ့်ရှစ်သိန်းလေးသောင်းဖြစ်သွားပြန်သည်။ ကျရိပ်ပြ ဘတ်ဈေး ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် ကျရိပ်ပြနေခဲ့သည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၅ ကျပ်ရှိခဲ့ပြီး နောက်ရက်များတွင် […]

ဆန်ဈေးအတက်ကြမ်းနေသည့် မြိတ်ကုန်စည်ဈေးကွက်

diz_admin

February 17, 2023

မြိတ်ကုန်စည်ဈေးကွက်တွင် ဆန်ဈေးနှုန်းအတက်ကြမ်းနေပြီး ၂၄ ပြည် ဆန်ကြမ်းတစ်အိတ်လျှင် ကျပ်တစ်သောင်း ဈေးတက်သွားကာ ခုနစ်သောင်းကျပ်အထိ ဖြစ်လာသည်။ ယခင်အပတ်က တစ်အိတ်လျှင် ခြောက်သောင်းကျပ်သာရှိခဲ့ပြီး တစ်သောင်းကျပ်အထိ ထိုးတက်လာခြင်းဖြစ်သည်။ ဆန်ကြမ်းအပြင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ယခင်အပတ်ထက် နှစ်ထောင်ကျပ်တက်လာသဖြင့် ၁၁၂၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေးတစ်အိတ်လျှင် တစ်ထောင်ကျပ် ထပ်တက်သဖြင့် ၈၆၀၀၀ ကျပ်နှုန်းတို့ဖြင့် ရောင်းချနေကြသည်။ ယင်းကဲ့သို့ ဆန်ဈေးနှုန်းများ အတက်ကြမ်းနေသောကြောင့် ဈေးထပ်တက်မည် စိုးရိမ်သဖြင့် ဆန်ဝယ်ယူစုဆောင်းသူများရှိလာနေကြောင်း ဆန်အရောင်းဆိုင်တို့ထံမှ သိရသည်။   စားအုန်းဆီဈေးနှုန်းမှာမူ ကျဆင်းလာသည်။ ၁၀ ပိဿာပါ စားအုန်းဆီ ပုံးဝါဈေးနှုန်းသည် ယခင်အပတ်က ၆၉၅၀၀ ကျပ်မှ ယခုအပတ်တွင် ၆၈၀၀၀ ကျပ်သို့ ကျဆင်းလာသည်။ ထို့အပြင် ငရုတ်သီးခြောက် (ရွှေအပ်) တစ်ပိဿာ တစ်ထောင်ကျပ်ကျဆင်းလာသဖြင့် ၁၃၀၀၀ […]

ရွှေဈေး ကျပ်ငါး‌ထောင် ထပ်ကျ (ဖေဖော်ဝါရီ ၁၇ )

diz_admin

February 17, 2023

ယမန့်နှင့် ယနေ့ ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်ငါးထောင် ထပ်ကျသွားသည်။ ထားဝယ်ဈေးကွက်အတွင်း တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်း‌လေးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ ဆက်တိုက်ကျနေပြီးဓာတ်ဆီဈေးမှာ အနည်းငယ်ပြန်တက်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေဈေး ကျပ်တစ်သောင်းခွဲ ပြန်ကျ(ဖေဖော်ဝါရီ ၁၆ )

diz_admin

February 16, 2023

ယမန့်နှင့် ယနေ့ ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်းခွဲ ပြန်ကျလာသည်။ ထားဝယ်ဈေးကွက်အတွင်း တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်း‌လေးသောင်းငါးထောင်ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း ကျရိပ်ပြနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။