BREAKING
September 21, 2024

စီးပွားရေး

ရွှေတစ်ကျပ်သား နှစ်ဆယ့်ကိုးသိန်းကျော်ဖြင့် ဈေးငြိမ် (မတ်လ ၂၃)

diz_admin

March 23, 2023

ယမန်‌နေ့နှင့် ယနေ့ပေါက်ဈေးနှိုင်းယှဥ်ချက်အရ အခေါက်ရွှေမှာ အပြောင်းအလဲမရှိဘဲ ဈေးငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၉၂၀၀၀၀ ကျပ် ဖြင့် ‌ငြိမ်နေသည်။ ထိုင်းဘတ်နှင့် ဓာတ်ဆီဈေးမှာ အနည်းငယ် တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်နှစ်သောင်း ကျ (မတ်လ ၂၂)

diz_admin

March 22, 2023

ယမန်‌နေ့နှင့် ယနေ့ပေါက်ဈေးနှိုင်းယှဥ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်နှစ်သောင်း ကျသွားသည်။ ထားဝယ်ဈေးကွက်အတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၉၂၀၀၀၀ ကျပ် ပေါက်ဈေးရှိနေသည်။ ထိုင်းဘတ်‌ဈေးအနည်းငယ်ကျလာပြီး ဓာတ်ဆီဈေးမှာ တစ်လီတာလျှင် ကျပ် ၈၀ တက်သွားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်တစ်သောင်း ထပ်တက် (မတ်လ ၂၁)

diz_admin

March 21, 2023

ယမန်‌နေ့နှင့် ယနေ့ပေါက်ဈေးနှိုင်းယှဥ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ဈေးထပ်တက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် ၂၉၄၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးနှင့် ဓာတ်ဆီဈေးမှာအနည်းငယ်ကျလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်သိန်းသုံးဆယ်နီးပါး ဈေးဖွင့် (မတ်လ ၂၀)

diz_admin

March 20, 2023

ယနေ့ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်နီးပါးအထိ ဈေးမြောက်နေသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် ၂၉၃၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ မတ်လ၁၇ ရက်နှင့် ယနေ့ဈေး နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ကျပ်ငါးသောင်း ခုန်တက်သွားသည်။ ထိုင်းဘတ်‌ဈေးနှင့် ဓာတ်ဆီဈေးလည်းတစ်လီတာလျှင် တက်ရိပ်ပြလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

March 19, 2023

ယခုအပတ် ရွှေဈေးမှာ ရုတ်တရက်ထိုးတက်သွားပြီး ထိုင်းဘတ်ဈေးလည်း တက်ရိပ်ပြခဲ့သည်။ ဓာတ်ဆီဈေးလည်း အလှုပ်အခတ် အနည်းငယ်ရှိခဲ့ပြီး တစ်လီတာလျှင် ကျပ်ဆယ်ဂဏန်းအထိ အပြောင်းအလဲရှိခဲ့သည်၊ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ခုန်တက်သွားသည့် ရွှေဈေး ပြီးခဲသည့်အပတ်က အလှုပ်အခတ်နည်းခဲ့သည့် အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း ရုတ်တရက်ထိုးတက်သွားခဲ့သည်။ ပြီးခဲ့သည့်အပတ် သောကြာနေ့(မတ်လ ၁၀)က တစ်ကျပ်သားလျှင် ၂၈၂၀၀၀၀ (နှစ်ဆယ့်ရှစ်သိန်းနှစ်သောင်းကျပ်) သာ ရှိခဲ့သည်။ ယခုအပတ် တနင်္လာနေ့ (မတ်လ ၁၃  ရက်)တွင်မူ တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းငါးသောင်း (၂၈၅၀၀၀၀ကျပ်) ဖြင့် ဈေးဖွင့်ခဲ့သည်။ ယင်းနောက် တဖြည်းဖြည်းတက်လာပြီး သောကြာနေ့တွင်မူ  နှစ်ဆယ့်ရှစ်သိန်းရှစ်သောင်း (၂၈၈၀၀၀၀ ကျပ်)အထိ ဈေးတက်သွားခဲ့သည်။ […]

ငါးနှင့် ကြက်သွန်ဈေးအနည်းငယ်တက်သည့် ထားဝယ်ဈေးကွက်

diz_admin

March 17, 2023

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ် ငါးနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဈေးအနည်းငယ်တက်နေသည်။ ပြီးခဲ့သည့် သီတင်းပတ် မတ်လ ၁၀ ရက်က ကြက်သွန်နီ (မြစ်သား) တစ်ပိဿာလျှင် ၂၁၀ဝကျပ်ဈေးရှိရာမှ ယခု မတ်လ ၁၇ ရက်တွင် ၂၃၀၀ ကျပ်ဖြစ်လာပြီး ၂၀၀ ကျပ် ဈေးတက်သွားသည်။ ကြက်သွန်ဖြူ အသန့်တစ်ပိဿာလျှင် ပြီးခဲ့သည့်သီတင်းပတ် မတ်လ ၁၀ ရက်က ၅၀၀၀ ကျပ်သာဈေးရှိရာမှ ယခု မတ်လ ၁၇ ရက်တွင် ၅၅၀ဝကျပ်ဖြစ်လာပြီး ၅၀ဝကျပ် ဈေးတက်သွားသည်။ ငါးနှင့် ပုစွန်ဈေးမှာ အမျိုးစားအလိုက်အပေါ်မူတည်၍ တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ လေးထောင်ကျပ်အထိ ဈေးတက်လာသည်ကို တွေ့ရသည်။ အခြေခံလူတန်းစား အများဆုံး စားသုံးလေ့ရှိသည့် ပါတူးခေါ် အာဗြဲ ငါးအမျိုးစား တစ်ပိသာလျှင် […]