BREAKING
January 24, 2025

စီးပွားရေး

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

March 19, 2023

ယခုအပတ် ရွှေဈေးမှာ ရုတ်တရက်ထိုးတက်သွားပြီး ထိုင်းဘတ်ဈေးလည်း တက်ရိပ်ပြခဲ့သည်။ ဓာတ်ဆီဈေးလည်း အလှုပ်အခတ် အနည်းငယ်ရှိခဲ့ပြီး တစ်လီတာလျှင် ကျပ်ဆယ်ဂဏန်းအထိ အပြောင်းအလဲရှိခဲ့သည်၊ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ခုန်တက်သွားသည့် ရွှေဈေး ပြီးခဲသည့်အပတ်က အလှုပ်အခတ်နည်းခဲ့သည့် အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း ရုတ်တရက်ထိုးတက်သွားခဲ့သည်။ ပြီးခဲ့သည့်အပတ် သောကြာနေ့(မတ်လ ၁၀)က တစ်ကျပ်သားလျှင် ၂၈၂၀၀၀၀ (နှစ်ဆယ့်ရှစ်သိန်းနှစ်သောင်းကျပ်) သာ ရှိခဲ့သည်။ ယခုအပတ် တနင်္လာနေ့ (မတ်လ ၁၃  ရက်)တွင်မူ တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းငါးသောင်း (၂၈၅၀၀၀၀ကျပ်) ဖြင့် ဈေးဖွင့်ခဲ့သည်။ ယင်းနောက် တဖြည်းဖြည်းတက်လာပြီး သောကြာနေ့တွင်မူ  နှစ်ဆယ့်ရှစ်သိန်းရှစ်သောင်း (၂၈၈၀၀၀၀ ကျပ်)အထိ ဈေးတက်သွားခဲ့သည်။ […]

ငါးနှင့် ကြက်သွန်ဈေးအနည်းငယ်တက်သည့် ထားဝယ်ဈေးကွက်

diz_admin

March 17, 2023

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ် ငါးနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဈေးအနည်းငယ်တက်နေသည်။ ပြီးခဲ့သည့် သီတင်းပတ် မတ်လ ၁၀ ရက်က ကြက်သွန်နီ (မြစ်သား) တစ်ပိဿာလျှင် ၂၁၀ဝကျပ်ဈေးရှိရာမှ ယခု မတ်လ ၁၇ ရက်တွင် ၂၃၀၀ ကျပ်ဖြစ်လာပြီး ၂၀၀ ကျပ် ဈေးတက်သွားသည်။ ကြက်သွန်ဖြူ အသန့်တစ်ပိဿာလျှင် ပြီးခဲ့သည့်သီတင်းပတ် မတ်လ ၁၀ ရက်က ၅၀၀၀ ကျပ်သာဈေးရှိရာမှ ယခု မတ်လ ၁၇ ရက်တွင် ၅၅၀ဝကျပ်ဖြစ်လာပြီး ၅၀ဝကျပ် ဈေးတက်သွားသည်။ ငါးနှင့် ပုစွန်ဈေးမှာ အမျိုးစားအလိုက်အပေါ်မူတည်၍ တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ လေးထောင်ကျပ်အထိ ဈေးတက်လာသည်ကို တွေ့ရသည်။ အခြေခံလူတန်းစား အများဆုံး စားသုံးလေ့ရှိသည့် ပါတူးခေါ် အာဗြဲ ငါးအမျိုးစား တစ်ပိသာလျှင် […]

ရွှေတစ်ကျပ်သား နှစ်ဆယ့်ရှစ်သိန်းရှစ်သောင်းဖြင့် ဈေးငြိမ် (မတ်လ ၁‌၇)

diz_admin

March 17, 2023

ယမန်နေ့နှင့် ယနေ့ဈေး နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌ဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေသည်။ ထားဝယ်ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းရှစ်သောင်းဖြင့် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးမှာ အနည်းငယ်တက်လာပြီး ဓာတ်ဆီဈေးမှာ တစ်လီတာလျှင် ၁၄၀ ကျပ်အထိ ကျလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်တစ်သောင်း ပြန်တက် (မတ်လ ၁‌၆)

diz_admin

March 16, 2023

ယမန်နေ့နှင့် ယနေ့ဈေး နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်း တက်လာသည်။ ထားဝယ်ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းရှစ်သောင်း ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးမှာ ကျရိပ်ပြလာပြီး ဓာတ်ဆီဈေးမှာ ပြန်တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်တစ်သောင်း ပြန်ကျ (မတ်လ ၁‌၅)

diz_admin

March 15, 2023

ယမန်နေ့နှင့် ယနေ့ဈေး နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်း ပြန်ကျလာသည်။ ထားဝယ်ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းခုနှစ်သောင်း ဈေးဖွင့်ထားသည်။ နှစ်ရက်ဆက်တိုက် အတက်ကြမ်းခဲ့သည့် ရွှေဈေးသည် ယနေ့တွင် ကျရိပ်ပြလာခြင်းဖြစ်သည်။ ထိုင်းဘတ်နှင့် ဓာတ်ဆီဈေးမှာ ကျရိပ် ပြလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကျပ်သုံးသောင်း ထပ်တက်လာသည့် ရွှေဈေး (မတ်လ ၁‌၄ )

diz_admin

March 14, 2023

ယမန်နေ့နှင့် ယနေ့ဈေး နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးသောင်း ထပ်တက်သွားသည်။ ထားဝယ်ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းရှစ်သောင်း ဈေးဖွင့်ထားသည်။ ထိုင်းဘတ်နှင့် ဓာတ်ဆီဈေးလည်း တက်ရိပ် ပြလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်သုံးသောင်း ဈေးတက် (မတ်လ ၁၃)

diz_admin

March 13, 2023

မတ်လ ၁၀ ရက်နေ့နှင့် ယနေ့ဈေး နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးသောင်း ဈေးတက်လာသည်။ ထားဝယ်ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းငါးသောင်း ဈေးဖွင့်ထားသည် ထိုင်းဘတ်မှာ အနည်းငယ်တက်လာပြီးဓာတ်ဆီဈေးမှာ ကျရိပ်ပြနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

March 11, 2023

ယခုအပတ် ရွှေဈေးမှာ တဖြည်းဖြည်းကျရိပ်ပြနေပြီး ထိုင်းဘတ်ဈေးမှာ အလှုပ်အခတ်နည်းနေသည်။ ဓာတ်ဆီဈေးမှာမူ အလှုပ်အခတ်ရှိခဲ့ပြီး တစ်လီတာလျှင် ကျပ်ဆယ်ဂဏန်းအထိ အပြောင်းအလဲရှိနေသည်၊ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ကျရိပ်ပြ ရွှေဈေး ပြီးခဲသည့်တစ်ပတ်လုံးလုံး ငြိမ်နေသည့် အခေါက်ရွှေဈေးသည် ယခုအပတ်အတွင်း ကျရိပ်ပြလာသည်။ မတ်လ ၆ ရက် (တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းငါးထောင်ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီးနောက်ပိုင်း ဈေးကျလာခဲ့သည်။ သောကြာနေ့တွင်မူ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းနှစ်သောင်းကျပ် ဈေးပေါက်ခဲ့သည်။ ထိုကြောင့် ရွှေတစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်းခွဲ ဈေးကျလာသည်။ အလှုပ်နည်းသည့် ဘတ်ဈေး ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင် အလှုပ်အခတ်နည်းနည်းဖြင့် ဈေးဖွင့်ထားခဲ့သည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၂ […]