BREAKING
January 26, 2025

စီးပွားရေး

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

June 3, 2023

ယခုအပတ်ရွှေဈေးမှာ ဈေးအမြင့်တွင် အလှုပ်အခတ်နည်းနည်းဖြင့် ငြိမ်နေပြီး ထိုင်းဘတ်ဈေးလည်း အပြောင်းအလဲနည်းခဲ့သည်။ ဓာတ်ဆီဈေးမှာမူ ဖြည်းဖြည်းပြန်ကျလာသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ဈေးအမြင့်တွင် ငြိမ်နေသည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်စွန်းစွန်းဖြင့်ဆက်တိုက်ငြိမ်နေသည်။ ပြီးခဲ့သည့်အပတ်က တစ်ကျပ်သားလျှင် သုံးဆယ်တစ်သိန်းကျပ်နီးပါးအထိ ထိုးတက်ပြီးနောက် အနည်းငယ်ပြန်ကျလာခြင်းဖြစ်သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သိန်းသုံးဆယ်ငါးသောင်းကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသည်။  ဇွန်လ ၂ ရက်နေ့ ထားဝယ်ဈေးကွက်ပေါက်ဈေးအရ တစ်ကျပ်သားလျှင် သိန်းသုံးဆယ်လေးသောင်းဖြင့် ရောင်းချနေသည်။ ထိုင်းဘတ်ဈေးလည်း အပြောင်းအလဲနည်း တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်နီးပါးရှိခဲ့ပြီး နောင်ရက်များတွင် ပြားဂဏန်းသာ အတက်အကျရှိခဲ့သည်။ ယခုအပတ် သောကြာတွင် တစ်ဘတ်လျှင် ၈၄ […]

ငရုပ်သီးခြောက်နှင့် ဆန်ဈေးတက်လာသည့် ထားဝယ်ဈေးကွက်

Dawei Watch

June 2, 2023

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ဆန်နှင့် ငရုပ်သီးခြောက် ဈေးထပ်တက်လာပြီး စားအုန်းဆီ၊ ငါးနှင့် ပုစွန်ဈေးတို့ ကျဆင်းလာသည်။ မေလ ၁၉ ရက်မှ ဇွန်လ ၂ရက်နေ့အထိ နှစ်ပတ်အတွင်း ထားဝယ်ဈေးကွက်တွင် ငရုတ်သီးခြောက်တစ်ပိဿာ ကျပ်နှစ်ထောင်ခန့်ဈေးတက်လာသည်ကို တွေ့ရသည်။ မေလ ၁၉ ရက်က ထားဝယ်ဈေးကွက်တွင် ရွှေအပ်ခြောက်တစ်ပိဿာ ၁၃၅၀ဝကျပ်ဖြစ်ပြီး မေလ ၂၆ ရက်နေ့တွင် ၁၄၅၀ဝကျပ်၊ ဇွန်လ ၂ ရက်နေ့တွင် တစ်ပိဿာ ၁၅၅၀ဝကျပ် ဖြစ်သွားသည်။ ငရုတ်သီးခြောက်ဈေးတက်သော်လည်း စားအုန်းဆီဈေးမှာ အနည်းငယ်ကျဆင်းလာသည်ကို တွေ့ရသည်။ ယခင်အပတ်က စားအုန်းဆီ ၁၀ ပိဿာဝင် ပုံးဝါတစ်ပုံးကို ၆၆၅၀ဝကျပ်မှ ယခုအပတ်တွင် တစ်ပုံးကို ၆၆၀၀ဝကျပ်ဖြစ်လာသဖြင့် တစ်ပုံးကို ၅၀ဝကျပ် ဈေးကျလာသည်။ ဆန်ဈေးမှာမူ နှစ်ပတ်ဆက်တိုက်ဈေးတက်နေပြီး မေလ ၁၉ ရက်က […]

ရွှေစျေးပြန်ကျ (မေ ၂၉)

Dawei Watch

May 29, 2023

မေလ ၂၆ ရက်နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ကျသွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းသုံးဆယ်‌ငါးသောင်းငါး‌ထောင် (3055000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးမှာ အနည်းငယ်တက်လာပြီး ဓာတ်ဆီဈေးမှာ ကျရိပ်ပြနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

May 28, 2023

ယခုအပတ်ရွှေဈေးမှာ ရုတ်ချည်းထိုးတက်သွားပြီး ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲနည်းနေသည်။ ဓာတ်ဆီဈေးလည်းဖြည်းဖြည်းချင်း ပြန်တက်လာသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ရုတ်ချည်းတက်သည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သိန်းသုံးဆယ်စွန်းစွန်းဖြင့် ငြိမ်နေရာမှ ရုတ်ချည်းထိုးတက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်သိန်းသုံးဆယ်စွန်းစွန်း ပေါက်ဈေးရှိနေသည်။ ယခုအပတ်အစောပိုင်းက  အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းသုံးဆယ်နှစ်သောင်း (၃၀၂၀၀၀၀ ကျပ်) ဖြင့် ဈေးဖွင့်ထားသည်။ ထိုနောက် မေလ ၂၆ ရက်နေ့တွင်မူ တစ်ကျပ်သားလျှင် သိန်းသုံးဆယ်ခြောက်သောင်းငါးထောင်အထိ တက်သွားခဲ့သည်။ ထိုင်းဘတ်ဈေးမှာ အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ထားသည်။ တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၄ ကျပ်စွန်းစွန်းရှိခဲ့ပြီး နောင်ရက်များတွင် ပြားဂဏန်း တက်လာခဲ့သည်။ ယခုအပတ် သောကြာတွင် […]

ရွှေတစ်ကျပ်သား ကျပ်သိန်းသုံးဆယ် ဈေးပေါက် (မေ ၁၀)

Dawei Watch

May 10, 2023

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ် (3000000ကျပ်)ဈေးဖွင့်ထားသည်။ ယမန်နေ့နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ကျပ်ငါးထောင်တက်သွားသည်။ ထိုင်းဘတ်‌ဈေးမှာ နေ့စဉ်တက်နေပြီး ဓာတ်ဆီဈေးမှာ ကျရိပ်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ဆန်၊ဆီနှင့် အခြေခံစားသောက်ကုန်များ စျေးတက်လာသည့် ထားဝယ်ဈေးကွက်

diz_admin

April 28, 2023

ထားဝယ်တွင် ယခုအပတ် ဆန်၊ စားသုံးဆီအပါအဝင် အခြေခံစားသောက်ကုန်အချို့  အနည်းငယ်စျေး တက်လာခဲ့သည်။ ပြီးခဲ့သည့်အပတ် ဧပြီလ ၂၁ ရက်နေ့က ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၂၃၀၀၀ ကျပ်မှ ယနေ့ ဧပြီ ၂၈ ရက်နေ့တွင် ၁၂၉၀၀၀ ကျပ်ဖြင့် ဆန်တစ်အိတ်ကို ၆၀၀၀ ကျပ်ဈေးတက်သွားခြင်းဖြစ်သည်။ ယင်းသို့ပင် အကယ်ဒီမီပေါ်ဆန်း(အစိမ်းရောင်တံဆိပ်)တစ်အိတ်ကို ပြီးခဲ့သည့် အပတ်က ၈၉၀၀၀ ကျပ်မှ ယနေ့ ဧပြီ ၂၈ ရက်နေ့တွင် ၉၄၅၀၀ ကျပ် ဖြစ်သွားပြီး ဆန်တစ်အိတ်ကို ၅၅၀၀ ကျပ်ဈေးတက်သွားသည်။ ယင်းနောက် အကယ်ဒမီပေါ်ဆန်း(အနီရောင်တံဆိပ်)ဆန်တစ်အိတ်ကို ပြီးခဲ့သည့်အပတ်က ၈၃၀၀၀ ကျပ်မှ ယနေ့ဧပြီ ၂၈ ရက်နေ့တွင် ဆန်တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်ဖြစ်သွားသဖြင့် ဆန်တစ်အိတ်ကို ၄၀၀၀ ကျပ် ဈေးတက်သွားသည်။ […]

နှစ်ဆယ့်ကိုးသိန်းရှစ်သောင်းဖြင့် ငြိမ်နေသည့် ရွှေဈေး (ဧပြီ ၂၈)

diz_admin

April 28, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းရှစ်သောင်း (2980000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်နှင့် ဓာတ်ဆီဈေးမှာ ပြန်ကျ‌နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေဈေး ကျပ်တစ်သောင်းတက် (ဧပြီ ၂၇)

diz_admin

April 27, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းရှစ်သောင်း (2980000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးတက်ရိပ်ပြလာပြီးနှင့် ဓာတ်ဆီဈေးမှာ ပြန်ကျ‌နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။