ထိုင်းထုတ် စားသုံးဆီနှင့် ကြက်သွန်ဖြူ၊ ငရုတ်ဈေးကျသည့် ထားဝယ်ဈေးကွက်
Dawei Watch
October 11, 2024ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ် ထိုင်းနိုင်ငံထုတ် စားသုံးဆီနှင့် ကြက်သွန်ဖြူ ဈေးနှုန်းများ ကျဆင်းနေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်သီတင်းပတ်က ထိုင်းနိုင်ငံထုတ် ပုစွန်နှစ်ကောင်တံဆိပ် စားသုံးဆီ တစ်လီတာလျှင် ၈၂၀၀ကျပ်စျေးရှိရာမှ ယနေ့ ၇၂၀၀ကျပ်သို့ ဈေးကျသွားသည်။ တစ်ပတ်အတွင်း စားသုံးဆီ တစ်လီတာလျှင် ကျပ် တစ်ထောင် ဈေးကျသွားခြင်းဖြစ်သည်။ ယင်းအပြင် ကြက်သွန်ဖြူ ထူး၅ တစ်ပိဿာလျှင် ပြီးခဲ့သည့်သီတင်းပတ်က ၁၄၅၀၀ကျပ်စျေးရှိပြီး ယနေ့ ၁၄၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကျူကုတ်)တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်မှ ယနေ့ ၁၈၀၀၀ကျပ်၊ ရွှေအပ်ငရုတ်သီးခြောက် တစ်ပိဿာလျှင် ၁၅၅၀၀ကျပ်မှ ယနေ့ ၁၅၀၀၀ကျပ် ဖြစ်လာသည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူထူး ၅ တစ်ပိဿာလျှင် ငါးရာကျပ်၊ ကြက်သွန်ဖြူ (ကျူကုတ်) တစ်ပိဿာလျှင် တစ်ထောင် ကျပ်၊ ရွှေအပ်ငရုတ်သီးခြောက်တစ်ပိဿာလျှင် ငါးရာကျပ် အသီးသီးဈေးကျသွားခြင်းဖြစ်သည်။ […]