BREAKING
January 30, 2025

စီးပွားရေး

ဆန်ဈေးခုန်တက်ပြီး စားသောက်ကုန်အများစုလည်း ဈေးတက်နေသည့် မြိတ်ဈေးကွက်

Dawei Watch

August 11, 2023

မြိတ်မြို့တွင် အခြေခံစားသောက်ကုန်စည်အများစု၏ ဈေးနှုန်းများ မြင့်တက်လာပြီး ဆန်တစ်အိတ်လျှင် ကျပ်သောင်း ဂဏန်းအထိ ဈေးတက်လာသည်။ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ယခင်အပတ်က ၁၃၀၀၀၀ ကျပ်ဈေးရှိရာမှ ၂၀၀၀၀ ကျပ် ဈေးတက်သဖြင့် ၁၅၀၀၀၀ ကျပ်ဖြစ်လာသည်။ ဆန်ကြမ်းတစ်အိတ်လျှင် ၈၃၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်တက်သဖြင့် ၈၅၀၀၀ ကျပ်ဖြစ်လာသည်။ ရိုးရိုးပေါ်ဆန်းမွေးတစ်အိတ်လျှင် ယခင်အပတ်ထက် ကျပ် ၃၀၀၀ မှ ၅၀၀၀ အထိ မြင့်တက်လာသည်။ ဆယ်ပိဿာဆံ့ စားအုန်းဆီ ပုံးဝါတစ်ပုံးလျှင် ယခင်အပတ်က ၇၈၀၀၀ ကျပ်ဈေးရှိရာမှ ၂၀၀၀ ကျပ် တက်သဖြင့် ၈၀၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။ ထို့ပြင် ငရုတ်သီးခြောက် (ရွှေအပ်) တစ်ပိဿာလျှင် ယခင်အပတ်က ၁၆၅၀၀ ကျပ်ဈေးရှိရာမှ ၂၅၀၀ ကျပ် တက်လာသဖြင့် ၁၉၀၀၀ […]

သုံးဆယ်ခြောက်သိန်းခွဲနီးပါးဖြင့် ငြိမ်နေသည့် ရွှေဈေး (ဩဂုတ် ၁၁)

Dawei Watch

August 11, 2023

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အတက်အကျမရှိငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခြောက်သိန်း‌‌လေးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်းငြိမ်နေပြီး ဓာတ်ဆီဈေးမှာ ထိုးတက်သွားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်ရှစ်သောင်းတက် (ဩဂုတ် ၁၀)

Dawei Watch

August 10, 2023

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ရှစ်သောင်း ဈေးတက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခြောက်သိန်း‌‌လေးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း တက်လာပြီး ဓာတ်ဆီဈေးမှာ ငြိမ်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကျပ်နှစ်သောင်း ထပ်တက်သည့် ရွှေဈေး (ဩဂုတ် ၉)

Dawei Watch

August 9, 2023

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်နှစ်သောင်း ဈေးထပ်တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ငါးသိန်း‌ခြောက်သောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း တက်လာပြီး ဓာတ်ဆီဈေးမှာ ငြိမ်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်တစ်သောင်း ထပ်တက် (ဩဂုတ် ၈)

Dawei Watch

August 8, 2023

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ဈေးထပ်တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ငါးသိန်း‌လေးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ အနည်းငယ်တက်ပြီး ဓာတ်ဆီဈေးမှာ ဆက်တိုက်တက်ရိပ်ပြ‌နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

သုံးဆယ်ငါးသိန်းသုံးသောင်း ဈေးဖွင့်သည့် ရွှေဈေး (ဩဂုတ် ၇)

Dawei Watch

August 7, 2023

ဩဂုတ်လ ၄ ရက်နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ဈေးတက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ငါးသိန်းသုံးသောင်းဖြင့် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ ငြိမ်နေပြီး ဓာတ်ဆီဈေးမှာ တက်ရိပ်ပြ‌နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်းသုံးသပ်ချက်

Dawei Watch

August 6, 2023

နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် ယခုအပတ်လည်း ရွှေဈေးကို တိတိကျကျ ဈေးမဖွင့်နိုင်သေးဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေခဲ့သည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း အတက်ဈေးတွင် ဆက်ရှိနေသည်။ ထို့ကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အပြောင်းအလဲမြန်သည့်ရွှေဈေး နှစ်သောင်းတန်ငွေစက္ကူအသစ်ထုတ်မည်ဟု စစ်ကောင်စီက ကြေညာလိုက်သည့် ဇူလိုင်လ ၂၃ ရက် (တနင်္ဂနွေနေ့) မှစတင်ကာ ရွှေဈေးမဖွင့်တော့ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသည်မှာ ရက်သတ္တပတ်နှစ်ပတ်နီးပါးကြာလာသည်။ ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ သိန်းနှင့် ၃၆ သိန်းကြား ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေပြီး အချိန်နာရီအလိုက် ဈေးအတက်အကျဖြစ်နေခဲ့သည်။ ဩဂုတ်လ ၄ ရက် (သောကြာနေ့) မူ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ငါးသိန်းနှစ်သောင်းဖြင့် ဈေးစဖွင့်ခဲ့သည်။ သို့သော် အချိန်တိုင်း […]

ဆန်နှင့် စားအုန်းဆီဈေး တက်နေဆဲဖြစ်သည့် မြိတ်ကုန်စည်ဈေးကွက်

Dawei Watch

August 4, 2023

မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ယခုအပတ်၌ ဆန်နှင့် စားအုန်းဆီ ဈေးနှုန်းများ မြင့်တက်နေဆဲ ဖြစ်သည်။၊ ဆန်ဈေးကွက်တွင် ဆန်တစ်အိတ်လျှင် ယခင်အပတ်ထက် အနည်းဆုံး ၂၀၀၀ ကျပ်မှ အများဆုံး ၁၀၀၀၀ ကျပ်အထိ မြင့်တက်လာသည်။ ယခင်အပတ်က ဆန်ကြမ်းတစ်အိတ်လျှင် ၈၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ် ဈေးတက်သဖြင့် ယခုအပတ်တွင် ၈၃၀၀၀ ကျပ်ဖြစ်လာသည်။ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ယခင်အပတ်က ၁၂၀၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် ဈေးတက်သဖြင့် ယခုအပတ်တွင် ၁၃၀၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြသည်။ ပေါ်ဆန်းမွှေးရိုးရိုးတစ်အိတ်လျှင် ယခင်အပတ်က ၁၀၀၀၀၀ ကျပ်မှ ၅၀၀၀ ကျပ် ဈေးထပ်တက်သဖြင့် ယခုအပတ်တွင် ၁၀၅၀၀၀ ကျပ်နှုန်း ဖြစ်လာခဲ့သည်။ ထို့အပြင် ၁၀ ပိဿာဆံ့ စားအုန်းဆီပုံးဝါတစ်ပုံးလျှင် ယခင်အပတ်က […]