BREAKING
January 30, 2025

စီးပွားရေး

သိန်းလေးဆယ် ကပ်လာသည့် ရွှေဈေး (ဩဂုတ် ၁၈)

Dawei Watch

August 18, 2023

ယနေ့ရွှေဈေးမှာ သိန်းလေးဆယ်နား ကပ်လာပြီး ဆက်တိုက်တက်နေသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ကိုးသိန်း‌‌နှစ်သောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ဆက်တိုက်တက်နေပြီး ဓာတ်ဆီဈေးမှာ အနည်းငယ်ပြန်ကျနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်ဆဲ ရွှေဈေး (ဩဂုတ် ၁၇)

Dawei Watch

August 17, 2023

ယနေ့ရွှေဈေးမှာ တိကျသည့်ဈေးမဖွင့်နိုင်ဘဲ က်ြုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခုနှစ်သိန်း‌‌ငါး‌သောင်းနှင့် သုံးဆယ်ရှစ်သိန်းကြားဖြင့် အရောင်းအဝယ်လုပ်နေကြသည်။ ထိုင်းဘတ်ဈေးလည်း ဆက်တိုက်တက်နေပြီး ဓာတ်ဆီဈေးမှာ အနည်းငယ်ပြန်ကျနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရက် ၉၀၀ အတွင်း သုံးဆနီးပါးတက်သွားသည့် ရွှေဈေး

Dawei Watch

August 16, 2023

အာဏာသိမ်းပြီးရက်ပေါင်း ၉၀၀ အကြာမှာတော့ ပြည်တွင်းရွှေဈေးက သုံးဆနီးပါး ခုန်တက်သွားပါပြီ။ အာဏာမသိမ်းခင်က တစ်ကျပ်သား ၁၃ သိန်းသာရှိတဲ့ အခေါက်ရွှေဟာ အခုချိန်မှာတော့ ၃၈ သိန်းဖြစ်သွားတာပါ။ ဈေးကွက်ထဲ ရွှေဈေးက တည်ငြိမ်မှုမရှိဘဲ ကမောက်ကမဖြစ်ပြီး ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေပါတယ်။ ပြည်တွင်းရွှေဈေး စံချိန်တင်တက်နေချိန်မှာ ကမ္ဘာ့ရွှေဈေးကတော့ မကြုံစဖူး ကျဆင်းနေပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေး ပရမ်းပတာဖြစ်ပြီး ကျပ်ငွေတန်ဖိုးဆက်တိုက်ကျနေတာကြောင့် ပိုမိုခိုင်မာစိတ်ချရတဲ့ ရွှေဝယ်ကြခြင်းကလည်း ဈေးတက်စေသည့် အကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်။

ကြိုက်ရောင်းကြိုက်ဝယ် ရွှေဈေး (ဩဂုတ် ၁၆)

Dawei Watch

August 16, 2023

ယနေ့ရွှေဈေးမှာ တိကျသည့်ဈေးမဖွင့်နိုင်ဘဲ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခုနှစ်သိန်း‌‌နှင့် သုံးဆယ်ရှစ်သိန်းကြားဖြင့် အရောင်းအဝယ်လုပ်နေကြသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း ထပ်တက်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ၃၇ သိန်း‌ကျော်သွားသည့်ရွှေဈေးနှင့် ကျပ်တစ်ရာ‌ကျော်လာသည့် ဘတ်ဈေး (ဩဂုတ် ၁၅)

Dawei Watch

August 15, 2023

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ ထပ်တက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခုနှစ်သိန်း‌‌နှစ်သောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ထပ်တက်လာပြီး ဓာတ်ဆီဈေးလည်း တက်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

တန်ဖိုးထက်ဝက်ကျသွားတဲ့ ကျပ်ငွေ

Dawei Watch

August 14, 2023

အာဏာသိမ်းအပြီး ရက်ပေါင်း ၉၀၀ အကြာမှာတော့ မြန်မာငွေတန်ဖိုး ထက်ဝက်ကျဆင်းသွားပါပြီ။ အာဏာမသိမ်းခင်က ကျပ်တစ်သိန်းကို ထိုင်းဘတ် ၂၀၀၀ ရနေတာကနေ အခုတော့ ကျပ်တစ်သိန်းကို ဘတ်တစ်ထောင်ပဲ ရပါတော့တယ်။ အာဏာမသိမ်းခင်က ဘဏ်ထဲမှာ ကျပ်သိန်း ၁၀၀ အပ်ထားသူရဲ့ ငွေတန်ဖိုးက အခုတော့ ကျပ်သိန်း ၅၀ ပဲရှိတော့တဲ့သဘောပါ။

ရွှေတစ်ကျပ်သား ၃၇ သိန်းဖြင့်ဈေးဖွင့်ပြီး ထိုင်းငွေတစ်ဘတ်လျှင် ကျပ်တစ်ရာဈေးပေါက် (ဩဂုတ် ၁၄)

Dawei Watch

August 14, 2023

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ ထပ်တက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခုနှစ်သိန်း‌‌ဝန်းကျင် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ထိုးတက်သွားပြီး ဓာတ်ဆီဈေးမှာ အနည်းငယ်ကျနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

August 12, 2023

စင်ကာပူဘဏ်ကြီးတစ်ခုဖြစ်သည့် UOB ဘဏ်က မြန်မာနိုင်ငံနှင့်ဘဏ်လုပ်ငန်းဆိုင်ရာချိတ်ဆက်မှု အားလုံးကိုရပ်ဆိုင်းလိုက်သည့် ဂယက်ကြောင့် ယခုအပတ် ရွှေဈေးမှာ ရုတ်တရက်ထိုးတက်သွားသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း လိုက်တက်သွားပြီး အမြင့်ဆုံးဈေးတွင် ရောက်နေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ နှစ်သောင်းတန်ငွေစက္ကူအသစ်ဂယက်ကြောင့် အတက်ဈေးရောက်နေသည့် ရွှေဈေးမှာ စင်ကာပူဘဏ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဘဏ်လုပ်ငန်းချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ခြင်းက မီးလောင်ရာလေပင့် ဖြစ်သွားစေခဲ့သည်။ နှစ်သောင်းတန်ဂယက်ကြောင့် ဈေးမဖွင့်နိုင်ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေပြီးနောက်  ၁၂ ရက်အကြာတွင် တစ်ကျပ်သားလျှင် ၃၅ သိန်းကျော်ဖြင့် ဈေးဖွင့်ခဲ့သည်။ ထိုနောက် ရက်ပိုင်းအကြာတွင် စင်ကာပူဘဏ်ကြီးတစ်ခုဖြစ်သည့် United Overseas Bank (UOB) ကမြန်မာနိုင်ငံနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းခဲ့သည်။ အဆိုပါဘဏ်မှာ မြန်မာနိုင်ငံရှိ စက်သုံးဆီနှင့် စားအုန်းဆီအပါအဝင် ပို့ကုန်သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ စစ်ဗိုလ်ချုပ်များအပါအဝင် စစ်ကောင်စီနှင့်နီးစပ်သူများ အဓိကအသုံးပြုနေသည့် […]