BREAKING
November 26, 2024

စီးပွားရေး

ဈေးအတက်ကြမ်းနေသည့် ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်းသုံးသပ်ချက်

Dawei Watch

July 16, 2023

ယခုအပတ်ရွှေဈေးမှာ ဆက်တိုက်တက်လာပြီး ဈေးအမြင့်ဆုံး အခြေအနေသို့ ရောက်လာခဲ့သည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးလည်း ဆက်တိုက်တက်လာသည်။ ထို့ကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်းအခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အတက်ကြမ်းသည့် ရွှေဈေး အခေါက်ရွှေဈေးသည် ဆက်တိုက် အတက်ကြမ်းခဲ့ပြီး အမြင့်ဆုံးဈေးသို့ ရောက်နေသည်။ ယခုအပတ်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် သုံးဆယ့်နှစ်သိန်းကျော်အထိရှိလာပြီး တစ်ရက်နှင့် တစ်ရက်ကြားမှာပင် ငွေကျပ်လေးသောင်းအထိ ဈေးတက်ခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်နှစ်သိန်းတစ်သောင်းကျပ်မှ သုံးဆယ်နှစ်သိန်း ခြောက်သောင်းကျပ်အထိ ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ရွှေနှင့်အတူ ဆက်တိုက်တက်နေပြီး ထိုင်းငွေတစ်ဘတ်လျှင် ကျပ် ၉၀ နီးပါးအထိ ဈေးမြောက်နေသည်။ ပြီးခဲ့သည့်အပတ်က ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်စွန်းစွန်းသာ ပေါက်ဈေးရှိရာမှ ယခုအပတ်တွင် ဆက်တိုက်ဈေးတက်လာသည်။ […]

ကြက်သွန်ဖြူဈေးပြန်ကျလာပြီး ဆန်၊ ဆီ၊ ငရုတ် ဈေးငြိမ်သည့်ထားဝယ်ဈေးကွက်

Dawei Watch

July 14, 2023

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်ကစပြီး တစ်ပိဿာ ၈၈၀၀ ကျပ်မှ ၁၀၀၀ဝကျပ်အထိ ဈေးတက်သွားသည့် ထူးငါးကြက်သွန်ဖြူဈေးဟာ ယနေ့ ဇူလိုင် ၁၄ ရက်နေ့တွင် တစ်ပိဿာ ၉၅၀၀ ကျပ်သို့ ပြန်လည်ရောက်ရှိလာသည်။ ထူး‌လေး ကြက်သွန်ဖြူတစ်တစ်ပိဿာဈေးမှာလည်း ၉၅၀၀ ကျပ်မှ ငါးရာကျပ်ဈေးပြန်ကျကာ ၉၀၀၀ ကျပ် ဖြစ်လာသည်။ နှစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာ ၅၀ဝကျပ် ဈေးကျလာခြင်းဖြစ်သည်။ စားသုံးဆီများဖြစ်သည် အမေထွားတံဆိပ် ဆီတစ်လီတာ ၈၇၅ဝကျပ်၊ ဇွဲတံဆိပ် ဆီတစ်ပိသာ ၁၅၇၅ဝကျပ်ဖြင့် ဇူလိုင် ပထမနှစ်ပတ်အတွင်း အတက်အကျမရှိဘဲ ဈေးနှုန်းငြိမ်နေသည်။ ထို့အပြင် ကြက်သွန်နီ တစ်ပိဿာ၏ဈေးနှုန်းလျှင် ယခင်အပတ်ကထက် ၁၀ဝကျပ်ဈေးကျလာသည်။ ဆန်၊ ဆီ၊ ငရုတ် ဈေးမှာ ဇူလိုင် ပထမနှစ်ပတ်အတွင် ဈေးငြိမ်နေသည်ကို တွေ့ရသည်။ ယနေ့ထားဝယ်ဈေးကွက်တွင် […]

ရွှေတစ်ကျပ်သား ကျပ်တစ်သောင်း ထပ်တက် (ဇူလိုင် ၁၄)

Dawei Watch

July 14, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်း ထပ်တက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်‌‌နှစ်သိန်း‌ခြောက်သောင်းကျပ် (3260000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးလည်း ပြန်တက်လာသလို ဓာတ်ဆီဈေးမှာ တောက်လျှောက်တက်‌နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်လေးသောင်း တက် (ဇူလိုင် ၁၃)

Dawei Watch

July 13, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ငွေကျပ်လေးသောင်း ဈေးတက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်‌‌နှစ်သိန်း‌ငါးသောင်းကျပ် (3250000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးမှာ ငြိမ်နေပြီး ဓာတ်ဆီဈေးမှာ တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

သုံးဆယ်နှစ်သိန်းကျော်ဖြင့် ဆက်ငြိမ်နေသည့် ရွှေဈေး (ဇူလိုင် ၁၂)

Dawei Watch

July 12, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌ဈေးမှာ အတက်အကျမရှိ ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်‌‌နှစ်သိန်း‌တစ်သောင်းကျပ် (3210000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးမှာ ဆက်တိုက်တက်နေပြီး ဓာတ်ဆီဈေးလည်း  ပြန်တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား သုံးဆယ်နှစ်သိန်းကျော်ဖြင့် ဈေးငြိမ် (ဇူလိုင် ၁၁)

Dawei Watch

July 11, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌ဈေးမှာ အတက်အကျမရှိ ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်‌‌နှစ်သိန်း‌တစ်သောင်းကျပ် (3210000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးမှာ တက်နေပြီး ဓာတ်ဆီဈေးမှာ ကျလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်ငါးသောင်းတက် (ဇူလိုင် ၁၀ )

Dawei Watch

July 10, 2023

ဇူလိုင်လ ၇ ရက်နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌တစ်ကျပ်သားလျှင် ကျပ်ငါးသောင်း ဈေးတက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်‌‌နှစ်သိန်း‌တစ်သောင်းကျပ် (3210000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးနှင့် ဓာတ်ဆီဈေးလည်း ထိုးတက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

July 8, 2023

ယခုအပတ်ရွှေဈေးမှာ ဈေးအမြင့်တွင် အတက်အကျများစွာဖြင့် မတည်မငြိမ်ဖြစ်နေခဲ့သည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ ပြန်ကျလာသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ဈေးအမြင့်တွင် မတည်ငြိမ်သည့် ရွှေဈေး အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် သုံးဆယ်နှစ်သိန်းကျော်အထိ ထိုးတက်သွားပြီးနောက် ယခုအပတ်တွင် အလှုပ်အခတ်များနေခဲ့သည်။ ယခုအပတ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်လေးသောင်းခွဲအထိ အတက်အကျဖြစ်နေပြီး မတည်မငြိမ်ဖြစ်နေခဲ့သည်။ ယခုတစ်ပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်တစ်သိန်းလေးသောင်းမှ သုံးဆယ့်တစ်သိန်းရှစ်သောင်း ငါးထောင်ကျပ်အကြား ပေါက်ဈေးရှိခဲ့သည်။ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးဘဏ်နှစ်ခုဖြစ်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်ကို အမေရိကန်က အရေးယူပိတ်ဆို့ပြီးနောက်ပိုင်း ရွှေဈေးတက်သွားသည့်အပေါ် စစ်ကောင်စီက ပြန်လည်ထိန်းညှိရန် ကြိုးစားနေသည်။ ရန်ကုန်နှင့် မန္တလေးမှ ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီးခြင်း၊စစ်ဆေးမေးမြန်းခြင်းများကြောင့် […]