BREAKING
November 26, 2024

စီးပွားရေး

ဈေးမဖွင့်သည့် ရွှေဈေးကွက်နှင့် ခုန်တက်သည့် ဘတ်ဈေး (ဇူလိုင် ၂၄)

Dawei Watch

July 24, 2023

စစ်ကောင်စီက ယခုလကုန်တွင် ထုတ်ဝေမည်ဟု ကြေညာလိုက်သည့် ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် ရွှေစျေးနှင့် ဘတ်စျေးများ ခုန်တက်သွားပြီး ရွှေဆိုင်များက ဈေးမဖွင့်ဘဲ အခြေအနေ စောင့်ကြည့်နေကြသည်။ ယမန်နေ့ကမူ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးဆယ်‌‌ငါးသိန်း အထိတိုးပြီး ဈေးဖွင့်ခဲ့သော်လည်း ရွှေဆိုင်များက အရောင်းရပ်ထားကြသည်။ ထိုင်းဘတ်‌ဈေးမှာ ခုန်တက်သွားပြီး ဓာတ်ဆီဈေးလည်း ဆက်တိုက်တက်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက် ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

July 22, 2023

ယခုအပတ်ရွှေဈေးမှာ ဈေးအမြင့်တွင်တန့်နေပြီး အလှုပ်အခတ်နည်းနေသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ ဆက်တိုက်တက်လာသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ဈေးအမြင့်တွင် တန့်နေသည့် ရွှေဈေး အခေါက်ရွှေဈေးသည် ဆက်တိုက် အတက်ကြိမ်းခဲ့ပြီးပြီး ယခုအပတ်တွင် တန့်နေခဲ့သည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်နှစ်သိန်းခြောက်သောင်းကျပ် ဝန်းကျင်တွင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးငြိမ်နေခဲ့သည်။ ထိုင်းဘတ်ဈေးမှာ တရွေ့ရွေ့တက်လာပြီး ထိုင်းငွေတစ်ဘတ်လျှင် ကျပ် ၉၀ နီးပါး ဈေးပေါက်နေသည်။ ယခုအပတ်ထိုင်းဘတ်ဈေးမှာ တစ်ရက်နှင့်တစ်ရက် ပြားဂဏန်းသာ အတက်အကျရှိနေခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၁၄ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။ ဆက်တိုက်တက်လာသည့် ဓာတ်ဆီဈေး ဓာတ်ဆီဈေးမှာ တရိပ်ရိပ်တက်လာပြီး တစ်လီတာလျှင် […]

ဆန်ဈေးအနည်းငယ် တက်ပြီး ဆီဈေးဆက်ငြိမ်နေသည့်ထားဝယ်ဈေးကွက်

Dawei Watch

July 21, 2023

ထားဝယ်ဈေးကွက်တွင် ပြီးခဲ့သည့်အပတ်ကထက် ယခုအပတ်ဆန်ဈေးမှာ အနည်းငယ်တက်လာနေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်အပတ်ဇူလိုင် ၁၄ ရက်နေ့က ရွှေဘိုပေါ်ဆန်းဆန်(အောင်သီဟတံဆိပ်)၂၄ ပြည်တစ်အိတ်ကို ၁၂၁၀၀၀ ကျပ်၊ ရွေဘိုပေါ်ဆန်း(အကယ်ဒမီအစိမ်းတံဆိပ်) ၁၀၁၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း(အကယ်ဒမီအနီတံဆိပ်) ၉၇၅၀၀ ကျပ်သာရှိသည်။ ယနေ့ဇူလိုင် ၂၁ ရက်နေ့တွင် ရွှေဘိုပေါ်ဆန်း ဆန်(အောင်သီဟတံဆိပ်)၂၄ ပြည်တစ်အိတ်လျှင် ၁၂၃၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (အကယ်ဒမီအစိမ်းရောင်တံဆိပ်) ၁၀၂၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (အကယ်ဒမီအနီရောတံဆိပ်) ၉၈၀၀၀ ကျပ်ဖြစ်သွားသည်ကိုတွေ့ရသည်။ ဆန်တစ်အိတ်လျှင် တစ်ပတ်အတွင်း ကျပ်ငါးရာမှာ ကျပ် နှစ်ထောင်အထိဈေးတက်သွားခြင်းဖြစ်သည်။ ဆန်ဈေးအနည်းငယ်တက်သော်လည်း စားသုံးဆီဈေးမှာ ဇူလိုင်လ ၇ ရက်မှာ ၂၁ ရက်နေ့အထိ နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေသည်ကိုတွေ့ရသည်။ အမေထွားတံဆိပ် စားသုံးဆီတစ်လီတာ ၈၇၅၀ ကျပ်၊ဇွဲတံဆိပ် ပဲဆီတစ်ပိဿာ ၁၅၇၅၀ ကျပ်၊ နှမ်းဆီ တစ်လီတာ ၉၄၅၀ ကျပ်နှင့် နေကြာဆီ တစ်လီတာ ၇၇၀၀ ကျပ်ဖြင့် နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေခြင်းဖြစ်သည်။ စားအုန်းဆီဈေးမှာ ပြီး ခဲ့သည့်အပတ်က ထက် ကျပ်နှစ်ထောင် ဈေးကျလာသည်ကိုတွေ့ရသည်။ ပြီးခဲ့သည့်အပတ် […]

ရွှေတစ်ကျပ်သား သုံးဆယ့်နှစ်သိန်းကျော်ဖြင့် သုံးရက်ဆက်ငြိမ် (ဇူလိုင် ၂၁)

Dawei Watch

July 21, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌‌ဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်‌‌နှစ်သိန်း‌‌ခြောက်သောင်းကျပ် (3260000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးမှာ  ပြန်ကျလာပြီး ဓာတ်ဆီဈေးမှာ တက်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

သုံးဆယ့်နှစ်သိန်းကျော်ဖြင့် ငြိမ်နေသည့်ရွှေဈေး (ဇူလိုင် ၂၀)

Dawei Watch

July 20, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌‌ဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်‌‌နှစ်သိန်း‌‌ခြောက်သောင်းကျပ် (3260000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးမှာ  ပြန်တက်လာပြီး ဓာတ်ဆီဈေးမှာ ငြိမ်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်တစ်သောင်းတက် (ဇူလိုင် ၁၉ )

Dawei Watch

July 19, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌‌ဈေးတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ပြန်တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်‌‌နှစ်သိန်း‌‌ခြောက်သောင်းကျပ် (3260000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးမှာ  ငြိမ်နေပြီး ဓာတ်ဆီဈေးမှာ တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်တစ်သောင်းပြန်ကျ (ဇူလိုင် ၁၈)

Dawei Watch

July 18, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌‌ဈေးတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ကျလာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်‌‌နှစ်သိန်း‌ငါးသောင်းကျပ် (3250000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးမှာ  ပြန်တက်လာပြီး ဓာတ်ဆီဈေးမှာ အနည်းငယ်ကျနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

သုံးဆယ့်နှစ်သိန်းကျော်ဖြင့် ငြိမ်နေသည့် ရွှေဈေး (ဇူလိုင် ၁၇)

Dawei Watch

July 17, 2023

ဇူလိုင်လ ၁၄ ရက်နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေ‌‌ဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်‌‌နှစ်သိန်း‌ခြောက်သောင်းကျပ် (3260000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်‌ဈေးမှာ  ပြန်ကျလာပြီး ဓာတ်ဆီဈေးမှာ တောက်လျှောက်တက်‌နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။