BREAKING
November 26, 2024

စီးပွားရေး

ရွှေတစ်ကျပ်သား ကျပ်နှစ်သိန်းကျ (ဩဂုတ် ၂၂)

Dawei Watch

August 22, 2023

ယမန်နေ့နှင့် ယနေ့ရွှေဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်နှစ်သိန်းဈေးကျသွားသည်။ ယမန်နေ့ ညနေကတည်းက ‌တဖြည်းဖြည်း ဈေးကျလာခြင်းဖြစ်သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခုနှစ်သိန်းကျပ်နီးပါးဖြင့် ရောင်းချနေသည်။ ထိုင်းဘတ်ဈေးလည်း ပြန်ကျနေပြီး ဓာတ်ဆီဈေးမှာ တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

August 21, 2023

ကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းနေခြင်းကြောင့် ရွှေနှင့် ထိုင်းဘတ်ဈေးမှာ စံချိန်တင်မြင့်တက်ခဲ့သည့် ကာလဖြစ်သည်။ စင်ကာပူဘဏ်ကြီးတစ်ခုက မြန်မာနိုင်ငံနှင့်ဘဏ်လုပ်ငန်းဆိုင်ရာချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းလိုက်သည့် ဂယက်ကြောင့် ရွှေနှင့် ဘတ်ဈေးမှာ ကမောက်ကမဖြစ်နေသည်။ ထိုသို့သောအခြေအနေတွင် အထူးစုံစမ်းစစ်ရေးဦးစီးဌာန(စသုံးလုံး) က ဦးဆောင်သည့် အဖွဲ့ဖွဲ့စည်းကာ  ရွှေစျေးနှင့်ဒေါ်လာစျေးနှုန်း ကျဆင်းရေးလုပ်ဆောင်မည်ဟု  စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နိုင်စိုးက ပြောဆိုကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ လတ်တလောတွင် ကျပ်ငွေတန်ဖိုးဆက်တိုက်ကျနေသည့်အတွက် ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သား ကျပ်သိန်းလေးဆယ်နီးပါးအထိ မြင့်တက်သွားခဲ့ပြီး အချိန်အလိုက် အပြောင်းအလဲဖြစ်နေခဲ့သည်။ စင်ကာပူဘဏ် United Overseas Bank (UOB) က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဘဏ်လုပ်ငန်း ချိတ်ဆက်မှုအားလုံးကို ရပ်ဆိုင်းလိုက်ပြီးနောက် ရွှေဈေးထိုးတက်သွားခြင်းဖြစ်သည်။ အဆိုပါဘဏ်မှာ မြန်မာနိုင်ငံရှိ စက်သုံးဆီနှင့် စားအုန်းဆီအပါအဝင် ပို့ကုန်သွင်းကုန် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ […]

ရွှေနှင့် ဘတ်ဈေး ကျရိပ်ပြ (ဩဂုတ် ၂၁)

Dawei Watch

August 21, 2023

ယမန်နေ့နှင့် ယနေ့ရွှေဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေနှင့် ဘတ်ဈေး ကျရိပ်ပြလာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ကိုးသိန်းကျပ်နီးပါးဖြင့် ရောင်းချနေသည်။ ထိုင်းဘတ်ဈေးလည်း အနည်းငယ်ပြန်ကျနေပြီး ဓာတ်ဆီဈေးမှာ ငြိမ်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်နှစ်သောင်း ပြန်တက် (ဩဂုတ် ၂၀)

Dawei Watch

August 20, 2023

ယမန်နေ့နှင့် ယနေ့ရွှေဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်နှစ်သောင်း ပြန်တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ကိုးသိန်းနှစ်သောင်းကျပ်ဖြင့် ရောင်းချနေသည်။ ထိုင်းဘတ်ဈေးမှာ အနည်းငယ်ပြန်ကျနေပြီး ဓာတ်ဆီဈေးမှာ ငြိမ်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ၃၉ သိန်း ဈေးဖွင့် (ဩဂုတ် ၁၉)

Dawei Watch

August 19, 2023

ယနေ့ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၃၉ သိန်း ဖြင့် ဈေးဖွင့်ထားသည်။ ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ တစ်ကျပ်သားလျှင် ကျပ်နှစ်သောင်းကျလာသည်။ ထိုင်းဘတ်ဈေးမှာ ဆက်တိုက်တက်နေပြီး ဓာတ်ဆီဈေးမှာ အနည်းငယ်ပြန်ကျနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

မြိတ်တွင် စားသောက်ကုန်များ စျေးထပ်တက်

Dawei Watch

August 18, 2023

မြိတ်မြို့တွင် အခြေခံစားသောက်ကုန်စည်အများစု၏ ဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိဘဲ ထပ်တက်သွားသည်။ အခြေခံစားသောက်ကုန်အနက် ဆန်ဈေးနှုန်းများမှာ နေ့စဉ်လိုလိုပင် စျေးတက်နေသည်။ ယခင်အပတ်က ဆန်ကြမ်းတစ်အိတ်လျှင် ၈၅၀၀၀ ကျပ်မှ ၃၀၀၀ ကျပ်တက်သဖြင့် ၈၈၀၀၀ ကျပ်ဖြစ်လာသည်။ ရွှေဘိုပေါ်ဆန်းမွေးတစ်အိတ်လျှင် ယခင်အပတ်က ၁၅၀၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်တက်သဖြင့် ၁၅၅၀၀၀ ကျပ်ဖြစ်လာခဲ့သည်။ ရိုးရိုးပေါ်ဆန်းမွေးတစ်အိတ်လျှင် ယခင်အပတ်ထက် ကျပ် ၅၀၀၀ မှ ကျပ် ၁၅၀၀၀  ကျပ်အထိ မြင့်တက်ခဲ့သည်။ ဆယ်ပိဿာဆံ့ စားအုန်းဆီပုံးဝါတစ်ပုံးလျှင် ယခင်အပတ်က ၈၀၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်တက်သဖြင့် ၈၅၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။ ထို့ပြင် ၉၂ အောက်တိန်း ဓာတ်ဆီ တစ်လီတာလျှင် ယခင်အပတ်က ၂၅၉၀ ကျပ်မှ ၂၂၀ ကျပ်တက်လာသဖြင့် ၂၈၀၀ […]

သိန်းလေးဆယ် ကပ်လာသည့် ရွှေဈေး (ဩဂုတ် ၁၈)

Dawei Watch

August 18, 2023

ယနေ့ရွှေဈေးမှာ သိန်းလေးဆယ်နား ကပ်လာပြီး ဆက်တိုက်တက်နေသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ကိုးသိန်း‌‌နှစ်သောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ဆက်တိုက်တက်နေပြီး ဓာတ်ဆီဈေးမှာ အနည်းငယ်ပြန်ကျနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်ဆဲ ရွှေဈေး (ဩဂုတ် ၁၇)

Dawei Watch

August 17, 2023

ယနေ့ရွှေဈေးမှာ တိကျသည့်ဈေးမဖွင့်နိုင်ဘဲ က်ြုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ခုနှစ်သိန်း‌‌ငါး‌သောင်းနှင့် သုံးဆယ်ရှစ်သိန်းကြားဖြင့် အရောင်းအဝယ်လုပ်နေကြသည်။ ထိုင်းဘတ်ဈေးလည်း ဆက်တိုက်တက်နေပြီး ဓာတ်ဆီဈေးမှာ အနည်းငယ်ပြန်ကျနေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။