BREAKING
February 25, 2025

စီးပွားရေး

ဆန်စျေးဆက်တက်ပြီး ကြက်သွန်စျေးကျလာသည့် ထားဝယ်စျေးကွက်

Dawei Watch

February 9, 2024

ထားဝယ်တွင် နှစ်ပတ်ဆက်တိုက် ဆန်စျေးတက်ပြီး ကြက်သွန်စျေး ကျလာနေသည်။ ဇန်နာဝါရီ ၂၆ ရက်နေ့က ထားဝယ်စျေးကွက်တွင် ဆန်ကြမ်း တစ်အိတ် လျှင် ၁၁၄,၀၀၀ ကျပ်မှ ယနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ၁၁၈,၀၀၀ကျပ် ဖြစ်သွားသည်။ ဆန်တစ်အိတ်လျှင် တစ်ပတ်အတွင်း ၄၀၀၀ ကျပ်စျေးတက် သွားခြင်းဖြစ်သည်။ ကြက်သွန်နီစျေးမှာ ပြီးခဲ့သည့်အပတ်ကထက် တစ်ပိဿာ ၂၀၀ ကျပ်စျေးကျသွားသည်။ ထိုအပြင်ယခုအပတ် ကြက်သွန်ဖြူစျေးလည်း ကျလာပြီး ယခင်အပတ်က ကြက်သွန်ဖြူ ထူးလေး တစ်ပိဿာ ၁၇၀၀၀ကျပ်မှ ယနေ့ ၁၆၅၀၀ကျပ် ထူးငါးတစ်ပိတ်သာ ၁၈၀၀၀ကျပ်မှ ယနေ့ ၁၇၀၀၀ကျပ် ဖြစ်သွားရာ ကြက်သွန်ဖြူတစ်ပိတ်သာလျှင် ကျပ် ၅၀၀မှ ကျပ် ၁၀၀၀ အထိစျေးကျလာခြင်းဖြစ်သည်။

ရွှေတစ်ကျပ်သား ကျပ်တစ်‌သောင်း ပြန်ကျ (ဖေဖော်ဝါရီ ၉)

Dawei Watch

February 9, 2024

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ပြန်ကျလာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၃၈၄၀၀၀၀)သုံးဆယ့်ရှစ်သိန်း‌လေးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ကျလာပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၂၀ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်တစ်‌သောင်းထပ်တက် (ဖေဖော်ဝါရီ ၈)

Dawei Watch

February 8, 2024

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ထပ်တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၃၈၅၀၀၀၀)သုံးဆယ့်ရှစ်သိန်း‌ငါးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ ငြိမ်နေပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၁၆ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်နှစ်သောင်းခွဲ ထပ်တက် (ဖေဖော်ဝါရီ ၇)

Dawei Watch

February 7, 2024

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရအခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်သောင်းငါးထောင်ကျပ် ပြန်တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၃၈၄၀၀၀၀)သုံးဆယ့်ရှစ်သိန်း‌လေးသောင်းကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း တက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၁၆ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်တစ်‌သောင်းခွဲ ပြန်တက် (ဖေဖော်ဝါရီ ၆)

Dawei Watch

February 6, 2024

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရအခေါက်ရွှေတစ်ကျပ်သားလျှင် တစ်သောင်းငါးထောင်ကျပ် ပြန်တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၃၈၁၅၀၀၀)သုံးဆယ့်ရှစ်သိန်း‌တစ်သောင်းငါးထောင်ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ တက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၂၀ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်ငါးသောင်းပြန်ကျ (ဖေဖော်ဝါရီ ၅)

Dawei Watch

February 5, 2024

ဖေဖော်ဝါရီလ ၂ နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ငါးသောင်း ပြန်ကျသွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် (၃၈၀၀၀၀)သုံးဆယ့်ရှစ်သိန်း‌တိတိ ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ကျလာပြီး မြန်မာငွေတစ်သိန်းလျှင် ၁၀၁၇ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

February 3, 2024

ယခုအပတ် ရွှေဈေးမှာ ဈေးတန်းအမြင့်တွင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ခဲ့ပြီး ထိုင်းဘတ်ဈေးမှာ စံချိန်တင် တက်ခဲ့ပြီးနောက် အလှုပ်အခတ်နည်းနေသည်။ စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှ သောကြာနေ့တွင် ရုတ်တရက်ထိုးတက်သွားသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်အခေါက်ရွှေဈေးသည် ဈေးတန်းအမြင့်တွင်ပင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးဆယ်ရှစ်သိန်းခြောက်သောင်း(၃၈၆၀၀၀၀)ဝန်းကျင်တွင် ငြိမ်နေသည်။ ထိုင်းဘတ်ဈေးမှာ ထိုင်းငွေ ၁ ဘတ်လျှင် ကျပ်၁၀၀ အထိ စံချိန်တင်တက်ခဲ့ပြီးနောက် အလှုပ်အခတ်နည်းနည်းဖြင့် ဆက်ရှိနေသည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၀၇ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးလည်း တောက်လျောက်ငြိမ်နေရာမှ သောကြာနေ့တွင် ရုတ်တရက်တက်သွားခဲ့သည်။၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၇၇၅ […]

ထားဝယ်တွင် ဆန်ကြမ်းဈေးမြင့်တက်

Dawei Watch

February 2, 2024

ထားဝယ်ဈေးကွက်တွင် ဆန်တစ်အိတ်ကို ၁၀၃,၅၀၀ ကျပ်ဖြင့် သုံးပတ်ဆက်တိုက်ငြိမ်နေသည့် ရက်ကိုးဆယ် အကယ်ဒမီဆန်မှာ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ၁၁၄,၀၀၀ကျပ် ဖြစ်လာ သည်။ တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ၁၀၅၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ ယင်းအပြင် ထားဝယ်ဈေးကွက်တွင် အကယ်ဒမီ ပေါ်ဆန်းဆန် (အဟောင်း) အစိမ်းရောင် တံဆိပ်မှာ တစ်အိတ်ကို ၁၄၄,၅၀၀ကျပ်ဖြင့် ကျပ် ၅၀၀၀ ဈေးထပ် တက်သွား သည်။ ဆန်အဟောင်းပြတ်ပြီး ဆန်အသစ် စျေးကွက်ထဲ ဝင်လာချိန်တွင် စျေးတက်ခြင်းဖြစ်သည်။ ထားဝယ်ဈေးကွက်တွင် ယနေ့ အကယ်ဒမီပေါ်ဆန်း ဆန် (အသစ်) တစ်အိတ်လျှင် ၁၅၀,၅၀၀ကျပ် ဖြစ်သွားသည်။ မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ကြက်သွန်နီတစ်ပိဿာ ဈေးမှာလည်း ပြီးခဲ့သည့်အပတ်ကထက် တစ်ပိဿာ ၂၀၀ကျပ် ဈေးတက်လာပြီး ကြက်သွန်ဖြူ ထူး၅ တစ်ပိဿာဈေးမှာ […]