ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်
Dawei Watch
March 2, 2024ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ အတက်ဈေးတွင် အလှုပ်အခတ်နည်းနည်းဖြင့် ဈေးဖွင့်ခဲ့သည်။ စက်သုံးဆီဈေးမှာ အလှုပ်အခတ်မရှိငြိမ်နေရာမှ ရုတ်တရက်ထိုးကျသွားသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်အခေါက်ရွှေဈေးမှာ ဈေးတန်းအမြင့်တွင် အလှုပ်အခတ်နည်းနည်းဖြင့် ဈေးဖွင့်ထားခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ့်ကိုးသိန်းစွန်းစွန်း ပေါက်ဈေးရှိခဲ့သည်။ ထိုင်းဘတ်ဈေးလည်း တက်လာခဲ့ပြီး ထိုင်းငွေ ၁ ဘတ်လျှင် ၁၀၀ ကျပ်ဝန်းကျင် ဈေးဖွင့်ခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၀၂ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာ အတက်အကျမရှိ တောက်လျောက်ငြိမ်နေခဲ့ရာမှ သောကြာနေ့တွင် ရုတ်တရက်ကျသွားသည်။ ထားဝယ်ဈေးကွက်တွင် ၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၈၄၀ ကျပ်မှ ၂၇၈၅ […]