ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်
Dawei Watch
April 14, 2024ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ စံချိန်တင်ဈေးမြင့်သွားပြီးနောက် အတက်အကျကြမ်းခဲ့သည်။ စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေပြီး တက်ရိပ်ပြခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ယခုအပတ်အခေါက်ရွှေဈေးမှာ စံချိန်တင်ဈေးတန်းအမြင့်တွင် အတက်အကျကြမ်းခဲ့ပြီး တစ်ရက်နှင့်တစ်ရက် ဈေးနှုန်းကွာဟချက်များခဲ့သည့် ကာလဖြစ်သည်။ နေ့စဉ်အလှုပ်အခတ်ကြမ်းခဲ့ပြီး တစ်ကျပ်သားလျှင် ငွေကျပ်တစ်သိန်းကျော်အထိ အပြောင်းအလဲ ရှိခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် လေးဆယ့်ရှစ်သိန်းဝန်းကျင် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ဈေးအမြင့်တွင်ပင် အပြောင်းအလဲနည်းနည်းဖြင့် ဈေးဖွင့်ခဲ့ပြီး ထိုင်းငွေ ၁ ဘတ် လျှင် ၁၀၃ ကျပ်ဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။ ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၉၆၇ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။ ဓာတ်ဆီဈေးမှာ အတက်အကျမရှိ […]