ဆီ၊ကြက်သွန်နှင့် အခြေခံစားသောက်ကုန်များ ဈေးတက်နေသည့် ထားဝယ်ဈေးကွက်
Dawei Watch
June 14, 2024ထားဝယ်တွင် ယခုအပတ် ပြည်တွင်းထုတ် စားသုံးဆီအပါအဝင် အခြေခံစားသောက်ကုန်များ စျေးတက်နေသည်။ ပြည်တွင်းထုတ်စားသုံးဆီ အမျိုးအစားများဖြစ်သည့် ဇွဲတံဆိပ် ပဲဆီ တစ်ပိဿာဈေးမှာ ယခင်အပတ်က ၁၇၆၀၀ ကျပ်မှ ယနေ့ ၁၈၆၀၀၊နှမ်းဆီတစ်ပိဿာဈေးမှာ ယခင်ပတ်က ၁၀၄၅၀ကျပ်မှ ယနေ့ ၁၁၀၀၀ကျပ်ဖြစ်သွားသည်။ တစ်ပတ်အတွင်း စားသုံးဆီ ဈေးမှာ အမျိုးအစားအလိုက် ကျပ် ငါးရာကျော်မှ ကျပ် တစ်ထောင်အထိ ဈေးတက်သွားခြင်းဖြစ်သည်။ ယင်းအပြင်ကြက်သွန်နီ တစ်ပိဿာဈေးမှာ ယခင်အပတ်က ၂၆၀၀ကျပ်သာရှိက ယနေ့ ၃၀၀၀ကျပ်၊ ကြက်သွန်ဖြူ ထူး၄ တစ်ပိဿာဈေးမှာ ၁၁၄၀၀ ကျပ်မှ ယနေ့ ၁၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ထူးငါးတစ်ပိဿာဈေးမှ ၁၃၀၀၀ ကျပ်မှ ယနေ့ ၁၄၀၀၀ ကျပ် သို့ဈေးတက်သွားသည်။ တစ်ပတ်အတွင်းမှာ ကြက်သွန် နီ တစ်ပိဿာ […]