BREAKING
January 23, 2025

စီးပွားရေး

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

June 2, 2024

ယခုအပတ် ရွှေဈေးမှာ ဈေးကွက်ကမောက်ကမဖြစ်သွားသည်အထိ စံချိန်တင်တက်ခဲ့ပြီး အကျလည်းကြမ်းခဲ့သည်။ ထိုင်းဘတ်ဈေးလည်း အမြင့်ဆုံးဈေးတန်းသို့ ရောက်သွားပြီးနောက် ကျရိပ်ပြန်ပြခဲ့သည်။ စက်သုံးဆီဈေးမှာ အပြောင်းအလဲမရှိဘဲ တောက်လျှောက်ငြိမ်နေရာမှ ရုတ်တရက် ပြန်ကျသွားသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ ရွှေသမိုင်းတစ်လျှောက် စံချိန်တင်တက်သွားပြီးနောက် ဈေးကွက်အတွင်း ကမောက်ကဖြစ်ကာ အရောင်းအဝယ်ရပ်ဆိုင်းသည်အထိ အလှုပ်အခတ်ကြမ်းခဲ့သည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်းကျော်အထိ ခုန်တက်သွားပြီးနောက် စစ်ကောင်စီ၏ အဖမ်းအဆီးများကြောင့် အရောင်းပိတ်လိုက်သည်အထိ ဖြစ်သွားခဲ့သည်။ ထိုနောက် အမြင့်ဆုံးဈေးတန်းသို့ ရောက်နေသည့် အခေါက်ရွှေသည် မေလ ၃၁ ရက်နေ့တွင် ရုတ်တရက်ပြန်ကျသွားပြီး တစ်ကျပ်သားလျှင် ၂ သိန်းခွဲနီးပါးအထိ ပြုတ်ကျသွားသည်။ ဈေးကွက်လေ့လာသူများ၏အဆိုအရ အခုကဲ့သို့ ရွှေစျေးကျသွားခြင်းမှာ […]

ထားဝယ်တွင် ဆန်၊ ဆီ ဈေးမြင့်တက်

Dawei Watch

May 31, 2024

မြန်မာကျပ်ငွေ တန်ဖိုးထိုးကျမှု၊ ရန်ကုန်-ထားဝယ် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုတို့ကြောင့် ထားဝယ်ဈေးကွက်တွင် ဆန်၊ ဆီနှင့် အခြား စားသောက်ကုန်များ ဈေးတက်နေသည်။ အကယ်ဒမီဆန် ရက်ကိုးဆယ် အမျိုးအစား ဆန်တစ်အိတ်လျှင် ယခင်အပတ်က ၁၁၄,၀၀၀ ကျပ်စျေးရှိရာမှ ယနေ့ ၁၁၅,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမှာ ၁၈၀,၅၀၀ ကျပ်မှ ယနေ့ ၁၈၁,၅၀၀ကျပ်၊ အစိမ်းရောင်တံဆိပ် အကယ်ဒမီဆန်မှာ ၁၄၆,၀၀၀ ကျပ်မှ ၁၄၈,၀၀၀ကျပ်၊ အနီရောင်တံဆိပ် အကယ်ဒမီဆန်မှာ ၁၄၆,၀၀၀ကျပ်မှ ယနေ့ ၁၄၈,၅၀၀ကျပ် ဖြစ်သွားသည်။ တစ်ပတ်အတွင်း ဆန်အမျိုးအစားလိုက် တစ်အိတ်လျှင် ကျပ် ၁၀၀၀ မှ ကျပ် ၂၅၀၀အထိ ဈေးတက်သွားသည်။ ထိုနည်းအတူ ပုစွန်တံဆိပ်ယိုးဒယားဆီ တစ်လီတာတစ်ဘူးလျှင် ယခင်အပတ်က ၅၇၀၀ ကျပ်မှ ယနေ့ ၆၆၀၀ကျပ်၊ ပဲလုံးတံဆိပ် […]

ဆန်နှင့် ကြက်သွန်ဖြူဈေးတက်နေသည့် ထားဝယ်ဈေးကွက်

Dawei Watch

May 24, 2024

ထားဝယ်ဈေးကွက် ယခုအပတ် ရန်ကုန် ဈေးကွက်မှတစ်ဆင့် တင်သွင်းသည့် ဆန်နှင့်ကြက်သွန်ဖြူ ဈေးတက်နေသည်။ အကယ်ဒမီ ရက်ကိုးဆယ်အမျိုးအစား ဆန်တစ်အိတ်လျှင် ယခင်အပတ်က ၁၁၁၀၀၀ ကျပ်မှယနေ့ ၁၁၄၀၀၀ ကျပ် သို့ဈေးတက်သွားခြင်းဖြစ်သည်။ တစ်ပတ်အတွင်းဆန်တစ်အိတ် ၃၀၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ အကယ်ဒမီ အစိမ်းရောင် တံဆိပ်အမျိုးအစား ဆန်နှင့်အနီရောင်တံဆိပ် အမျိုးအစား ဆန်များမှာ နှစ်ပတ်ဆက်တိုက် ဈေးကွက်အတွင်းပြတ်နေသည်။ ကြက်သွန်ဖြူဈေးများမှာလည်း ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်နေသည်။ ကြက်သွန်ဖြူထူး‌ လေး တစ်ပိဿာ ယခင်အပတ်က ၉၀၀၀ ကျပ်မှယနေ့ ၁၂၀၀၀ကျပ်၊ကြက်သွန်ဖြူထူးငါးတစ်ပိဿာဈေးနှုန်း ယခင်အပတ်က ၁၀၅၀၀ကျပ်မှယနေ့ ၁၂၀၀၀ကျပ် ၊ကြူကုတ်တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ယနေ့ ၁၅၀၀၀ကျပ်သို့ ဈေးတက်သွားသည်။ အမျိုးအစားလိုက်၍ တစ်ပတ်အတွင်း ကြက်သွန်တစ်ပိဿာ ၁၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဈေးတက်သွားခြင်းဖြစ်သည်။ ကုန်ပစ္စည်းသယ်ယူရာတွင် လမ်းခရီးတွင် ရက်ကြာလာသည်နှင့်အမျှ စရိတ်ကလည်း […]

တစ်ကျပ်သား ၅၁ သိန်းအထိ ဖြစ်လာသည့် ရွှေဈေး (မေ ၂၁)

Dawei Watch

May 21, 2024

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ငါးဆယ်တစ်သိန်းကျပ်အတိ ဈေးဖွင့်ထားသည်။ ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရအ‌ခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးသောင်း တက်လာသည်။ ထိုင်းဘတ်ဈေးမှာ ငြိမ်နေပြီး  မြန်မာငွေတစ်သိန်းလျှင် ၉၁၅ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကျပ်ရှစ်သောင်းတက်လာပြီး ၅၁ သိန်း နီးပါးဖြစ်လာသည့် ရွှေဈေး (မေ ၂၀)

Dawei Watch

May 20, 2024

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရအ‌ခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ရှစ်သောင်း တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်းငါးဆယ်ခုနစ်သောင်း (၅,၀၇၀,၀၀၀) ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ဆက်တိုက်တက်နေပြီး  မြန်မာငွေတစ်သိန်းလျှင် ၉၁၅ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

Dawei Watch

May 18, 2024

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ စံချိန်တင်တက်သွားပြီး အမြင့်ဆုံးဈေးတန်းသို့ ထိုးတက်သွားသည်။ စက်သုံးဆီဈေးမှာ တောက်လျှောက်ငြိမ်နေရာမှ ရုတ်တရက်ထိုးကျသွားသည်။ တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ တောက်လျှောက်တက်လာသည့် အခေါက်ရွှေဈေးသည့် ယခုအပတ်တွင် စံချိန်တင်တက်သွားပြီး အမြင့်ဆုံးဈေးတန်းသို့ ရောက်သွားသည်။ အာဏာသိမ်းပြီးနောက်ပိုင်း အမြင့်ဆုံးဈေးသို့ တက်သွားခြင်းဖြစ်ပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်းငါးဆယ်နီးပါးအထိ ပေါက်ဈေးရှိနေသည်။ ဈေးကွက်အတွင်း သောကြာနေ့ပေါက်ဈေးအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၉၉၀၀၀၀ (လေးဆယ့်ကိုးသိန်းကိုးသောင်း)ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ဆက်တိုက်တက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၉၂၀ ဘတ်အထိ ဈေးဖွင့်ခဲ့သည်။ ဓာတ်ဆီဈေးမှာ အတက်အကျမရှိ တောက်လျှောက်ငြိမ်နေခဲ့ရာမှ သောကြာနေ့တွင် ရုတ်တရက်ထိုးကျသွားသည်။ ထားဝယ်ဈေးကွက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာလျှင် ၂၇၅၅ […]

ကြက်သွန်၊ ငရုတ်ဈေးကျပြီး ငါးပုစွန်စျေးတက်လာသည့် ထားဝယ်ဈေးကွက်

Dawei Watch

May 17, 2024

ထားဝယ်ဈေးကွက်တွင် ယခုအပတ် ကြက်သွန်နှင့် ငရုတ် ဈေးကျလာသည်။ ယခင်အပတ်က ကြက်သွန်ဖြူ ထူး ၄ တစ်ပိဿာ ၉၅၀၀ကျပ်စျေးရှိရာမှ ယနေ့ မေလ ၁၇ရက်တွင် ၉၀၀၀ကျပ် ဖြစ်လာသည်။ ကြူကုတ်ကြက်သွန်ဖြူမှာလည်း တစ်ပိဿာ ၁၄၀၀၀ကျပ်စျေးရှိရာမှ ယနေ့ ၁၃၅၀၀ကျပ် ဖြစ်လာသည်။ တစ်ပတ်အတွင်း ကြက်ဖြူတစ်ပိဿာ ငါးရာကျပ် ဈေးကျသွားခြင်းဖြစ်သည်။ မိုးထောင်ငရုတ်သီးခြောက် တစ်ပိဿာဈေးမှာ ယခင်အပတ်က တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ယနေ့ တစ်ပိဿာ ၉၀၀၀ကျပ်သို့ ဖြစ်လာသည်။ တစ်ပတ်အတွင်း ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ် ၁၀၀၀‌ ဈေးကျလာခြင်းလည်း ဖြစ်သည်။ ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါး၊ ပုစွန်ဈေးနှုန်းများမှာ ဇယားပါအတိုင်း ယခုအပတ် ဈေးအမြင့်ဘက်တွင်ရှိနေသည်။ ယခုအပတ် ဈေးကွက်အတွင်း ငါး၊ ပုစွန်ဝင်ရောက်မှုနည်းပါးနေသောကြောင့် ဈေးတက်နေခြင်းဖြစ်ကြောင်း ထားဝယ်ငါးပုစွန် လက်လီလက်ကား […]

တစ်ကျပ်သား သိန်းငါးဆယ်နီးပါးဖြင့် ငြိမ်နေသည့်‌ ရွှေဈေး (မေ ၁၇)

Dawei Watch

May 17, 2024

ယမန်နေ့နှင့် ယနေ့ ဈေးနှုန်း နှိုင်းယှဉ်ချက်အရအ‌ခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် လေးဆယ့်ကိုးသိန်းကိုးသောင်း (၄,၉၉၀,၀၀၀) ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးလည်း ငြိမ်နေပြီး  မြန်မာငွေတစ်သိန်းလျှင် ၉၂‌၀ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။