စားဖိုဆောင်သီးနှံအချို့ဈေးကျပြီး ဆန်ချောဈေးတက်သည့် ထားဝယ်ဈေးကွက်
Dawei Watch
April 5, 2025ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း စားဖိုချောင်သီးနှံအချို့ ဈေးကျပြီး ဆန်ချောများ ဈေးတက်နေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်သီတင်းပတ် မတ် ၂၅ ရက်တွင် ကြက်သွန်နီတစ်ပိဿာ ၃၀၀၀ကျပ်စျေးရှိရာမှ ဧပြီလ ၅ရက်တွင် တစ်ပိဿာ ၂၈၀၀ကျပ်၊ ကြက်သွန်နီ (မြစ်သား) တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၃၇၀၀ကျပ်၊ ကြက်သွန်ဖြူ (ကျူကုတ်) တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်မှ ၁၄၅၀၀ကျပ်သို့ ဈေးကျသွားသည်။ တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀ကျပ်၊ ကြက်သွန်နီ(မြစ်သား) တစ်ပိဿာလျှင် ၃၀၀ကျပ် ဈေးကျသွားပြီး ကြက်သွန်ဖြူ (ကျူကုတ်) မှာမူ တစ်ပိဿာလျှင် ၅၀၀ကျပ် ဈေးကျသွားခြင်းဖြစ်သည်။ ယင်းအပြင် ငရုတ်သီးခြောက်မှာလည်း ယခုသီတင်းပတ်အတွင်း ဈေးကျနေသည်။ ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် မတ်လ ၂၉ ရက်က ရွှေအပ်ငရုတ်အခြောက်တစ်ပိဿာလျှင် ၁၃၅၀၀ကျပ်မှ ဧပြီ ၅ […]