ဆန်နှင့် ကြက်သွန်ဖြူဈေးတက်နေသည့် ထားဝယ်ဈေးကွက်
Dawei Watch
May 24, 2024ထားဝယ်ဈေးကွက် ယခုအပတ် ရန်ကုန် ဈေးကွက်မှတစ်ဆင့် တင်သွင်းသည့် ဆန်နှင့်ကြက်သွန်ဖြူ ဈေးတက်နေသည်။ အကယ်ဒမီ ရက်ကိုးဆယ်အမျိုးအစား ဆန်တစ်အိတ်လျှင် ယခင်အပတ်က ၁၁၁၀၀၀ ကျပ်မှယနေ့ ၁၁၄၀၀၀ ကျပ် သို့ဈေးတက်သွားခြင်းဖြစ်သည်။ တစ်ပတ်အတွင်းဆန်တစ်အိတ် ၃၀၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ အကယ်ဒမီ အစိမ်းရောင် တံဆိပ်အမျိုးအစား ဆန်နှင့်အနီရောင်တံဆိပ် အမျိုးအစား ဆန်များမှာ နှစ်ပတ်ဆက်တိုက် ဈေးကွက်အတွင်းပြတ်နေသည်။ ကြက်သွန်ဖြူဈေးများမှာလည်း ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်နေသည်။ ကြက်သွန်ဖြူထူး လေး တစ်ပိဿာ ယခင်အပတ်က ၉၀၀၀ ကျပ်မှယနေ့ ၁၂၀၀၀ကျပ်၊ကြက်သွန်ဖြူထူးငါးတစ်ပိဿာဈေးနှုန်း ယခင်အပတ်က ၁၀၅၀၀ကျပ်မှယနေ့ ၁၂၀၀၀ကျပ် ၊ကြူကုတ်တစ်ပိဿာ ၁၃၅၀၀ကျပ်မှ ယနေ့ ၁၅၀၀၀ကျပ်သို့ ဈေးတက်သွားသည်။ အမျိုးအစားလိုက်၍ တစ်ပတ်အတွင်း ကြက်သွန်တစ်ပိဿာ ၁၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဈေးတက်သွားခြင်းဖြစ်သည်။ ကုန်ပစ္စည်းသယ်ယူရာတွင် လမ်းခရီးတွင် ရက်ကြာလာသည်နှင့်အမျှ စရိတ်ကလည်း […]