BREAKING
September 16, 2024

စီးပွားရေး

ထားဝယ်ကမ်းနားဈေး ည ၇ နာရီအထိသာ ရောင်းရမည်

diz_admin

January 29, 2020

ဖေဖော်ဝါရီလ ၈ ရက်တွင် စဖွင့်မည့် ထားဝယ်ကမ်းနားဈေးရုံအသစ်တွင် ည ၇ နာရီအထိသာ ရောင်းချရန် လွှတ်တော် နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ သဘောတူခဲ့ကြသည်။ ကမ်းနားဈေးနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းက ထားဝယ် မြို့နယ်စည်ပင်သာယာရေးကော်မတီကို တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သို့ ခေါ်ယူဆွေးနွေးပြီးနောက် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ ကမ်းနားဈေးကိစ္စကို ပြည်သူများအကြားတွင် မရှင်းမလင်းဖြစ်နေပြီး သံသယဝင်နေကြသည့်အတွက် ယင်းကဲ့သို့ ခေါ်ယူဆွေးနွေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ ဈေးရောင်းချချိန်ကို နံနက် ၂ နာရီ မှ ည ၇ နာရီအထိ ရောင်းချခွင့်ပြုရန် ဆွေးနွေးသတ်မှတ်ခဲ့ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ ယခင်က ဈေးရောင်းချချိန်ကို နံနက် ၆ နာရီမှ […]

ထားဝယ်စီမံကိန်းနယ်မြေတွင် ပြည်သူ့ ကြားနာပွဲ လုပ်ပေးပါ

diz_admin

January 29, 2020

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် ပြည်သူ့ကြားနာပွဲကို ဇုန်တည်ရှိရာနေရာတွင်လည်း လုပ်စေလိုကြောင်း ဒေသခံအချို့က ပြေဆိုကြသည်။ လက်ရှိတွင် အထူးစီးပွားရေးဇုန် (SEZ) ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြမည့် ပြည်သူ့ကြားနာပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်မည် ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။ ရှင်းလင်းပွဲလုပ်မည့် ထားဝယ်မြို့က စီမံကိန်းနယ်မြေနှင့် အလှမ်းဝေးသည့်အတွက် ဒေသခံအများစု တက်ရောက်နိုင်မည် မဟုတ်ဘဲ စီမံကိန်းနေရာတွင် ထပ်လုပ်စေလိုကြောင်း စီမံကိန်းဧရိယာရှိ ဘဝါကမ်းခြေကျေးရွာ တာဝန်ခံ ဦးစိုးမြင့်က ဆိုသည်။ စီမံကိန်းဧရိယာမှာ ထားဝယ်မြို့မှ မိုင် ၂၀ ကျော်ဝေးသော နဘုဘယ်ကျေးရွာအုပ်စုတွင် တည်ရှိသည်။ “ဒေသခံတွေကို လာပြီးတော့ ပြောပြဆိုပြရှင်းပြမှသာလျှင် ဒေသခံတွေလည်း သဘောပေါက်ပြီးတော့ ကောင်းဆိုးဆိုတာ ဆုံးဖြတ်လို့တတ်မှာခင်ဗျား”ဟု ဦးစိုးမြင့်က ပြောသည်။ လက်ရှိ ထားဝယ်မြို့တွင် […]

ကော့သောင်းရေပြင် မိုင် ၇၀ ပတ်လည်ခန့် ငါးဖမ်းခွင့် အကန့်အသတ်မရှိပိတ်၊ ရေလုပ်သားတို့ အကြပ်ရိုက်

diz_admin

January 28, 2020

မြန်မာနိုင်ငံတောင်ပိုင်းရှိ အဓိက ငါးဖမ်းကွက်များအနက် တစ်ခုဖြစ်သော ကော့သောင်းပင်လယ်ရေပြင် မိုင် ၇၀ ပတ်လည် (စတုရန်းမိုင် ၄၉၀၀) ခန့်တွင် ကမ်းဝေးငါးဖမ်းလှေများ ငါးဖမ်းခွင့် အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၀ ဒီဂရီနှင့် ၁၁ ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၃၀ မှ ၉၈ ဒသမ ၃၀ ဒီဂရီ ကြား ငါးဖမ်းခွင့် ပိတ်လိုက်ကြောင်း ကော့သောင်းခရိုင်ငါးလုပ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကမ်းခြေအနီးမှ အနောက်ဘက်စူးစူး မိုင် ၇၀ ခန့်၊ ကရသူရိမြို့အနီး ကော့ရဲကြီးကျွန်းမှ အနောက်ဘက်စူးစူး မိုင် ၇၀ ခန့်အတွင်း ကမ်းဝေးလှေများ ငါးဖမ်းခွင့် ပိတ်လိုက်ခြင်း ဖြစ်သည်။ […]

ဟိုတယ်များ လိုင်စင်မရှိဘဲ ခရီးသွားလုပ်ငန်းလုပ်က ထောင်ကျနိုင်

diz_admin

January 20, 2020

ဟိုတယ်များတွင် ခရီးလှည့်လည် ရေးလိုင်စင်မရှိဘဲ ခရီးစဉ်များ စီစဉ်ပို့ ဆောင်ပါက ထောင်တစ်နှစ်အထိ ကျခံ ရနိုင်သည့် ပုဒ်မဖြင့် အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန(ဟိုတယ်/ခရီး) ထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်းရှိ ဟိုတယ် အချို့တွင် ခရီးလှည့်လည်ရေးလိုင်စင် မရှိဘဲ ခရီးစဉ်ပို့ဆောင်မှုများရှိနေသည့် အတွက် ယင်းကဲ့သို့ စာထုတ်အသိပေး ခြင်းဖြစ်ကြောင်း ဟိုတယ်/ခရီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေးက ဆိုသည်။ “(ဟိုတယ်က)လုပ်မယ်ဆိုရင် ခရီး လှည့်လည်ရေးလိုင်စင်ကို ထပ်လျှောက်ရမယ်”ဟု ဦးညိုအေးက ပြောသည်။ ဟိုတယ်တွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်လိုပါက ခရီးလှည့်လည်ရေး လိုင်စင်လုပ်ရန် လိုအပ်ပြီး လိုင်စင်မရှိဘဲ ခရီးစဉ်များ စီစဉ်ပို့ဆောင်ပေးပါက ခရီး သွားလုပ်ငန်းဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ တွင် လိုင်စင်မရှိဘဲ […]

အစိုးရက စပါးဝယ်မည့် ကျပ်သိန်းတစ်သောင်းကို လက်တွေ့စီမံခြင်း

diz_admin

January 20, 2020

လယ်သမားလက်တွင်း ငွေမရောက်မည်ကို စိုးရိမ် တနင်္သာရီတိုင်းအစိုးရအဖွဲ့လက်ဝယ်ရှိ စပါးအခြေခံဈေးဖြင့် ဝယ်ယူရန် သတ်မှတ်ထားသော ငွေကျပ်သိန်းတစ် သောင်းကို မည်သို့ စီမံမည်ကို ရှင်းရှင်း လင်းလင်း မသိရသေးပေ။ ထိုရန်ပုံငွေဖြင့် အစိုဓာတ် ၁၄ ရာခိုင် နှုန်းရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲကင်း စင်ပြီး အရည်အသွေးဆိုင်ရာ စံသတ်မှတ် ချက်ဖြင့် ကိုက်ညီသော လေးဆယ် ခြောက်ပေါင်နှင့် ညီမျှသည့် စပါးတစ်တင်း ကို အခြေခံဈေးနှုန်း ကျပ်ငါးထောင်ဖြင့် တိုင်းအတွင်းရှိ လယ်သမားများထံမှ ဝယ်ယူရမည်ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ဇန်နဝါရီ လ ၁၆ ရက်က တိုင်းအစိုးရအဖွဲ့ရုံးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဝန်ကြီး ဒေါ်ရီရီချိုအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးမြင့်စန်း၊ မြန်မာနိုင်ငံ […]

မောတောင်နယ်စပ်တွင် ဖမ်းမိဝက်များ လေလံတင်ရောင်း

diz_admin

January 14, 2020

မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှ ဖမ်းမိခဲ့သည့် ဝက်ကောင်ရေ လေးဆယ်ကျော်အတွက် လေလံကြေးငွေ ကျပ်သိန်းတစ်ရာကျော် ရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဝေထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်က နယ်စပ်ဂိတ်မှတဆင့် ထိုင်းမော်တော်ယာဉ်ဖြင့် တရားမဝင် တင်သွင်းလာသည့် ဝက်လေးဆယ်ငါးကောင်အား ဇန်နဝါရီလ ၃ ရက်က လေလံတင်ရောင်းချ ခဲ့ခြင်း ဖြစ်သည်။ “လေလံဆွဲတာက တစ်ယောက်တည်းဖြစ်သွားတယ်”ဟု တနင်္သာရီမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးမင်းဝေက ပြောသည်။ ဖမ်းမိဝက်များအား လေလံတင်ရောင်းချရာတွင် မြိတ်မှ လုပ်ငန်းရှင်တစ်ဦးနှင့် တနင်္သာရီမြို့မှ လုပ်ငန်းရှင်တစ်ဦးတို့ လေလံလျှောက်လွှာတင်ခဲ့ပြီး လေလံရောင်းချသည့်နေ့တွင် တနင်္သာရီမြို့မှ လုပ်ငန်းရှင် တစ်ဦးသာ လေလံဆွဲဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဦးမင်းဝေက ပြောပြသည်။ Dawei Watch