BREAKING
September 19, 2024

စီးပွားရေး

ကုန်ပစ္စည်းဈေး အဆမတန် တင်ရောင်းက ဖုန်းဆက်တိုင်ပါ

diz_admin

April 9, 2020

တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်အရေးအကြောင်းပြကာ ကုန်ပစ္စည်းဈေးနှုန်းကို အဆမတန်တင်ရောင်းပါက စားသုံးသူရေးရာဦးစီးဌာနထံ ဖုန်းဆက်တိုင်ကြားနိုင်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ အထက်ပါဌာန၏ တိုင်းဒေသကြီးဦးစီးမှူး၏ တယ်လီဖုန်းအမှတ် ဝ၉၅၁၂၇၃၈၇၊ ဝ၅၉၂၀၂၁၀၅၆၊ ဝ၅၉၂၀၂၁၂၀၄ ထံ ဆက်သွယ်တိုင်ကြားနိုင်သည်။ လက်ရှိတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိသည့် ဈေးနှုန်းများကို စာရင်းကောက်ယူပြီး ၎င်းတို့ရုံးချုပ်ထံ နေ့စဉ်တင်ပြနေကြောင်း အထက်ပါဌာန ထံမှ သိရသည်။ ထို့အပြင်ဌာနက ဈေးကွက်စုံစမ်းစစ်ဆေးရေးမှူးကိုခန့်ထားပြီး သတင်းစုံစမ်းခြင်း၊ သတင်းပေးတိုင်ကြားလာပါက ကွင်းဆင်းစုံစမ်းခြင်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက ဆိုသည်။ ပြည်သူများအနေဖြင့် ကုန်ပစ္စည်းဈေးနှုန်း ယခင်ထက်အဆမတန် ဝယ်ယူနေရပါက ဖုန်းဆက်တိုင်ကြားလာပါက တိုင်ကြားခံရသည့်ဆိုင်ကို စုံစမ်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်းကဲ့သို့ ဈေးအဆမတန်တင် ပြီးရောင်းချနေခြင်းကို စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးမယူနိုင်သော်လည်း […]

လက်ဖက်ရည် မှောင်ခိုသောက်ရသော ခေတ်

diz_admin

April 7, 2020

တကယ်တော့ ထိုမျှ အထိဖြစ်လာ မည်ကို ပြီးခဲ့သည့် တစ်လကျော်နှစ်လ လောက်က မည်သူမျှ ခန့်မှန်းခဲ့မည် မဟုတ်ပါ။ သို့သော် ယခုတော့ အမှန်တကယ်ပင် လက်ဖက်ရည်မှောင်ခို ထိုင်သောက်၊ ထမင်းမှောင်ခို ထိုင်စားရသည့် ခေတ်ကာလကို ဖြတ်သန်းနေရပြီဖြစ်သည်။ လက်ဖက်ရည်ဆိုင်ထိုင်က ပြစ်မှုမြောက် သည်။ ထမင်းနှင့် စားသောက်ဆိုင် ထိုင်စားက ပြစ်မှုမြောက်သည့် ခေတ် ရောက်နေပေပြီ။ ကိုရိုနာရောဂါပိုးဂယက်ကြောင့် ထားဝယ်ခရိုင်တွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ အအေးဆိုင်၊ ထမင်းဆိုင် များတွင် ပါဆယ်သာရောင်းချရတော့ ခြင်းမှ ဇာတ်လမ်းက စသည်။ လက်ဖက်ရည်ကို ဆိုင်တွင်ထိုင်ပြီး သောက်ရမှ စိတ်ကျေနပ်သူများ၊ လက်ဖက်ရည်သောက်ရင်း ထွေရာလေးပါး စကားပြောချင်သူများအတွက်မူ ယင်း အချက်က ကြီးမားသည့် စိန်ခေါ်မှုကြီး ပင်ဖြစ်သည်။ ထိုသူများက ပါဆယ်ဆွဲသောက်ရ ခြင်းထက် ဆိုင်တွင်ထိုင်ပြီး […]

မျိုးစပါး တင်းတစ်သောင်းကျော် ရောင်းမည်

diz_admin

March 11, 2020

ယခုနှစ်တွင် တနင်္သာရီတိုင်းရှိ လယ်သမားများသို့ မျိုးသန့်စပါး တင်း တစ်သောင်းကျော်(၁၃၁၅၇ တင်း) ကို ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူသည့် မျိုးစေ့များ အပင်မပေါက်ပါက ပြန်လဲ ပေးမည်ဖြစ်ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့ဌာနခွဲထံမှ သိရသည်။ ရောင်းချပေးမည့် မျိုးစပါးများမှာ ရွှေဝါထွန်း၊ ကျော်ဇေယျ၊ ဧရာမင်း၊ ပေါ်ဆန်းရင် မျိုးများကို တစ်တင်းလျှင် ကျပ်ကိုးထောင်ဖြင့် ရောင်းချပေးမည်ဖြစ် ကြောင်း အထက်ပါဌာနခွဲ တိုင်းမျိုးစေ့ တာဝန်ခံ ဦးဝင်းအောင်က ပြောသည်။ ယမန်နှစ် စိုက်ပျိုးရေးဦးစီးဌာနက ရောင်းချသည့် မျိုးစပါးများ အပင် မအောင်သည့် သာဓကတစ်ခု လောင်းလုံး မြို့နယ် ပြင်ကြီးကျွန်းကျေးရွာတွင် ဖြစ်ပွားခဲ့ဖူးသည်။ စိုက်ပျိုးရေးဦးစီးဌာနတွင် ဝယ်ယူ ထားပြီး စနစ်တကျ သိုလှောင်ထားပါလျက် မျိုးမအောင်သည့် မျိုးစပါးများကို ပြန်လဲ ပေးမည်ဖြစ်ပြီး စနစ်တကျ သိုလှောင် […]

မတ်ပဲစိုက် တောင်သူများ တွက်ခြေမကိုက်

diz_admin

March 11, 2020

ယခုနှစ်တွင် မတ်ပဲစတင်စိုက်ပျိုး စဉ်ကတည်းက အပင်အောင်မြင်မှုနည်း ပါးသည့်အပြင် ယခု သီးနှံပေါ်သည့် အချိန်တွင်လည်း သီးနှံထွက်နှုန်းကျဆင်း နေသဖြင့် တောင်သူများ တွက်ခြေမကိုက် ဘဲဖြစ်နေကြောင်း လောင်းလုံးမြို့နယ် တွင် မတ်ပဲစိုက်ပျိုးနေသည့် တောင်သူ အချို့ထံမှ သိရသည်။ လောင်းလုံးမြို့နယ်ရှိ ခမောင်းတောင်၊ ထိန်တွင်း၊ တောင်မင်းပြောင် ကျေးရွာ သားအများစုက မိုးစပါးရိတ်သိမ်းပြီး နောက် လယ်မြေကို ပြန်လည် ထွန်ယက် ကာ မတ်ပဲကို ဆက်လက်စိုက်ပျိုးကြသည်။ ယခုနှစ်မိုးရာသီက မိုးအပြတ်စော သဖြင့် မြေအစိုဓာတ်နည်းသည့်အပြင် မတ်ပဲစိုက်ပျိုးစတင်စိုက်ပျိုးစဉ်က လေ တိုက်ကြမ်းသောကြောင့် မျိုးစေ့အလေအလွင့်ဖြစ်ပေါ်ခဲ့သဖြင့် အပင်အောင်နှုန်း နည်းပါးခဲ့ကြောင်း ယင်းကျေးရွာတို့တွင် မတ်ပဲစိုက်ပျိုးနေသည့် တောင်သူအချို့ ထံမှသိရသည်။ “ငါးဧကလောက်ပျိုးကြဲရင် သုံးဧက လောက်ပဲ ပေါက်တယ်။ ပေါက်တဲ့အပင် တွေကလဲ နွယ်သိပ်မထွက်နိုင်ဘူး။ အသီးလဲ […]

ထားဝယ်စီမံကိန်း လိမ်ညာ အလုပ်ခေါ်ပါသလား၊ ဝ၅၉ ၂၀၂၃၅၆၃ သို့ ဆက်စုံစမ်းပါ

diz_admin

March 11, 2020

အထူးစီးပွားရေးဇုန်အတွက် လိမ်ညာ အလုပ်ခေါ်နေပါက တိုင်ကြားရမည့် ဖုန်းနံပါတ် ပါဝင်သည့် ဗီနိုင်းများကို ပြီးခဲ့သည့်လက စိုက်ထူလိုက်သည်။ အဆိုပါဗီနိုင်းတွင် အထူးစီးပွား ရေးဇုန်အတွင်းရှိ မြေယာနှင့်ပတ်သက်၍ လက်ရှိတွင် ITD ကုမ္ပဏီနှင့် စီမံခန့်ခွဲ မှုကော်မတီက ကနဦးစီမံကိန်းအကောင် အထည်ဖော်ရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်းဖော်ပြထားသည်။ထိုကြောင့် မြေယာကိစ္စ၊ အလုပ် အကိုင်ကိစ္စများကို မည်သည့်ကုမ္ပဏီ၊ လူပုဂ္ဂိုလ်ကိုမျှ လုပ်ကိုင်ခွင့်ပေးထားခြင်း မရှိကြောင်း အဆိုပါ ဗီနိုင်းတွင် ကြေညာထားသည်။ ထိုသို့ အလုပ်အကိုင်ကိစ္စ၊ မြေယာ ကိစ္စများအတွက်ဟု ဆိုကာ ဆက်သွယ် လာပါက ဆက်သွယ်အကြောင်းကြား ပေးရန် ဖုန်းနံပါတ်ကိုလည်း ဖော်ပြထားသည်။ လိမ်ညာအလုပ်ခေါ်မှုများအတွက် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ၏ ဝ၅၉-၂၀၂၃၅၆၃ ထံ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း ယင်းကော်မတီက ထုတ်ပြန်ထားသည်။ စီမံကိန်းနှင့် ပတ်သက်သည့် မြေယာ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ကိုင်ရ […]

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် မြန်မာ-ထိုင်းချစ်ကြည်ရေး ကုန်စည်ပြပွဲ ရက်ရွှေ့

diz_admin

March 11, 2020

ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် မြိတ်မြို့တွင် မတ်လဆန်း၌ ပြုလုပ်မည့် မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေး ကုန်စည်ပြပွဲနှင့် လူသုံးကုန်၊ စားသုံးကုန်ပစ္စည်း များရောင်းချပွဲတော်အား ရက်ရွှေ့ဆိုင်းထားကြောင်း မြိတ်ကုန်တိုက်နှင့် မြိတ် ခရိုင်ကုန်သည်များနှင့်စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ ယင်းကုန်စည်ပြပွဲကို ကမ်းနားလမ်း ရှိ မြိတ်ကုန်တိုက်တွင်မတ်လ ၆ ရက်မှ ၈ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံရှိဌာနဆိုင်ရာများနှင့် အသင်း အဖွဲ့အစည်းတို့အား အစုအဖွဲ့ဖြင့် သွား ရောက်ခြင်းအား ခွင့်မပြုသည့်အတွက် ရက်ရွှေ့ထားရခြင်းဖြစ်ကြောင်းမြိတ် ခရိုင်ကုန်သည်များနှင့်စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။ ကုန်စည်ပြပွဲ ပြန်လည်ပြုလုပ်မည့် ရက် အတိအကျ မသိရသေးသော်လည်း မေလခန့်တွင် ပြန်လည်ကျင်းပနိုင်မည် ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောပြသည်။ မြန်မာ(မြိတ်ခရိုင်) နှင့်ထိုင်းနိုင်ငံ […]