BREAKING
September 19, 2024

စီးပွားရေး

၀န်ကြီးမိသားစုလုပ်ငန်းနှင့် တိုင်းဟိုတယ်အသင်းဥက္ကဋ္ဌပိုင် လုပ်ငန်းနှစ်ခု ကိုဗစ်ကုစားရေး ငွေချေးခွင့်ရ

diz_admin

June 1, 2020

ကိုဗစ်ကပ်ဘေးအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ကုစားရေးအတွက် ချေးငွေထုတ်ချေးရာတွင် တိုင်းလူမှု/ စည်ပင်ဝန်ကြီး ဦးဟိုပင်၏ မိသားစုလုပ်ငန်းတစ်ခုနှင့် တိုင်းဟိုတယ်လုပ်ငန်း ရှင်များအသင်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌပိုင် လုပ်ငန်းနှစ်ခုတို့ ငွေချေးခွင့်ရခဲ့သည်။ ချေးငွေကို ကိုဗစ်ကြောင့် ဖြစ်ပေါ် လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက စတုတ္ထအသုတ်အဖြစ် စိစစ်ထုတ်ပေးခြင်းဖြစ်သည်။ တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်မိသားစုပိုင် ရှင်းသန့် Distribution (ဖြန့်ဖြူးရေး)လုပ်ငန်းနှင့် တိုင်းဟိုတယ် လုပ်ငန်းရှင်များအသင်းနှင့် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးကျော်ဝင်းပိုင် ပုလဲဧကရီဟိုတယ်နှင့် ပုလဲဧကရီစားသောက်ဆိုင်တို့က ကိုဗစ်ကုစားရေးငွေချေးခွင့်ပြုကြောင်း အထက်ပါကော်မတီက ထုတ်ပြန်သည်။ ဝန်ကြီးဦးဟိုပင်မိသားစုပိုင် ဖြန့်ဖြူးရေးလုပ်ငန်းက ငွေကျပ်သိန်းနှစ်ရာငါးဆယ် ချေးခွင့်ရရှိပြီး ဦးကျော်ဝင်းပိုင်လုပ်ငန်းနှစ်ခုက ငွေပမာဏမည်မျှချေးခွင့်ရကြောင်း မထုတ်ပြန်သေးပေ။ဝန်ကြီးမိသားစုပိုင်လုပ်ငန်းက ဝန်ကြီး၏အရှိန်အဝါဖြင့် ကိုဗစ်ချေးငွေရရှိသည်ဟုဆိုကာ ပြောဆိုဝေဖန်မှုများလည်း ရှိနေသည်။ ဝန်ကြီးဦးဟိုပင်ကမူ ရှင်းသန့် Distribution လုပ်ငန်းမှာ မိသားစုပိုင်စီးပွားရေးလုပ်ငန်းသာဖြစ်ပြီး ၎င်းကိုယ်တိုင် […]

တိုင်းအတွင်း စစ်ဆေးရန်ကျန်သည့် အလုပ်ရုံအလုပ်ဌာနငယ် သုံးရာကျော် စစ်ဆေး

diz_admin

June 1, 2020

တိုင်းအတွင်း စစ်ဆေးရန်ကျန်သည့် တစ်နိုင်တစ်ပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနငယ် သုံးရာကျော်ကို စစ်ဆေးနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။ Covid -19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိမရှိကို လိုက်လံစစ်ဆေးနေခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီစိန်က ပြောသည်။ စားသောက်ကုန်လုပ်ငန်းနှင့် အလုပ်သမားအရေးဖြစ်နိုင်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနကြီးများကို ဧပြီ ၂၆ ရက်မှ မေ ၁၅ ရက်နေ့အထိ ပထမအသုတ်အဖြစ် စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။ ယခုအခါ ကျန်ရှိနေသည့် တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ်များဖြစ်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနငယ်များကို မေလနောက်ဆုံးအပတ်မှစတင်ကာ လိုက်လံစစ်ဆေးနေသည်ဟု ဒေါ်မီမီစိန်က ပြောသည်။ “တစ်နိုင်တစ်ပိုင်ဆိုတာက ဝပ်ရှော့ […]

ကိုဗစ်ကာလ ကားမှောင်ခို

diz_admin

May 18, 2020

တိုင်းတွင်း၊ တိုင်းပြင် ခရီးသည် တင်ယာဉ်များ ပြေးဆွဲခွင့်ကို ဧပြီလ ၂၄ မှ စတင် ပိတ်လိုက်ပြီး နောက်ပိုင်း ထားဝယ်ခရိုင်အတွင်း မှောင်ခိုပြေးဆွဲ သည့် ခရီသည်တင်ယာဉ်အချို့ ရှိလာခဲ့သည်။ မှောင်ခိုပြေးဆွဲသူများသည် ခရီးသည် များကို ထားဝယ်မြို့ထဲအထိ တင်ဆောင် လာခြင်း မရှိဘဲ မြို့ပြင် တစ်နေရာရာတွင် ချထားခဲ့သည်။ ယင်းနောက် မြို့ထဲသို့ဝင်ကာ ကုန်ပစ္စည်များတင်ဆောင်ပြီး နယ်ပြန် ဆင်းမည့် ခရီးသည်များကို မြို့ပြင်တစ် နေရာတွင် တင်ဆောင်ကြသည်။ ထားဝယ်မြို့နယ် ပုဂ္ဂလိကယာဉ် များပြေးဆွဲရေး လုပ်ငန်း ထိန်းသိမ်းကြီး ကြပ်ရေးကော်မတီ(ယကက)ဝင် ဦးချိုသိဏ်း ကလည်း မှောင်ခိုပြေးဆွဲနေသည့် ယာဉ် များရှိနေကြောင်း ပြောဆိုသည်။ “(မှောင်ခို) ပြေးဆွဲနေတဲ့ဟာတွေ ဆိုရင် လိုက်ပြီး ထိန်သိမ်းနေရတာပေါ့။ အရေးယူသင့်ရင်လည်း အရေးယူလိုက်တယ်။ ဒဏ်ရိုက်သင့်တဲ့သူလည်း […]

တညင်းသီးဈေး ထိုးကျ

diz_admin

April 28, 2020

ထားဝယ် ဒေသထွက် သီးနှံများ အနက် တစ်ခုဖြစ်သည့် တညင်းသီးများ ဈေးနှစ်ဆခန့် ကျဆင်းနေကြောင်း ပွဲရုံများနှင့် ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က အခွံပါ တညင်းသီး တစ်ပုံး (၉ ပိဿာခွဲ)လျှင် ငွေကျပ် ၁၂၀၀၀ ခန့် ပေါက်ဈေးရှိသော်လည်း ဧပြီလ ၂၂ ရက်နေ့ ဈေးနှုန်းအရ ကျပ် ၄၀၀၀ သာရှိသည်ဟု ထားဝယ်မြို့ ဘုမ္မော်ရပ်ရှိ ရွှေကျီးပွဲရုံပိုင်ရှင် ဒေါ်သန်းသန်းခိုင် ပြောသည်။ ရာသီအစတွင် တညင်းသီးတစ်ပုံးလျှင် ကျပ် ၇၀၀၀ မှ ၈၀၀၀ ဝန်းကျင် ပေါက်ဈေး ရှိသည်။ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံ၊ ပွဲရုံများ နှင့် လုပ်ငန်းအချို့မှာ လူစုလူဝေး မဖြစ် ပေါ်စေရန်အတွက် ယာယီပိတ်ထားရသည်။ “ဈေးက ရောင်းချိန်မရှိဘူးဆိုတော့ ဈေးတွေက […]

သင်္ကြန်ကာလအတွင်း အခြေခံစားသောက်ကုန်၊ ဆေးနှင့် ဆီဆိုင်မှလွဲ၍ အားလုံးပိတ်ရမည်

diz_admin

April 14, 2020

သင်္ကြန်ပွဲတော်ကာလအတွင်း အခြေခံစားသောက်ကုန်ဆိုင်၊ ဆေးဆိုင်နှင့် စက်သုံးဆီဆိုင်များသာ ဖွင့်ခွင့်ရမည့်ဖြစ်ပြီး အခြားဆိုင်အားလုံး ပိတ်ထားရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်သည့် အသေးစိတ် ညွှန်ကြားချက်ထွက်ရှိမည်ဖြစ်ပြီး ညွှန်ကြားချက်ထွက်ချိန်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဈေးဆိုင်တွေက အခြေခံစားသောက်ကုန်တွေ၊ ဆေးဝါးတွေ၊ ဓာတ်ဆီဆိုင်တွေကလွဲရင် ဒီသင်္ကြန်ထဲမှာ အားလုံးပိတ်ထားဖို့ပါ”ဟု ဝန်ကြီးဦးကျော်မင်းက ပြောသည်။ လက်ရှိတွင် သင်္ကြန်တွင်းကာလဖြစ်သည့်အတွက် ဆိုင်အများစု ပိတ်ထားပြီးဖြစ်သည်။ ဈေးများတွင် ဈေးရောင်းချသူနှင့် ဝယ်ယူသူအားလုံး နှာခေါင်းစည်းတပ်ဆင်ရန် ညွှန်ကြားထားသည်။ ကိုဇော်

ကိုဗစ်ဂယက်ကြောင့် ဆံသလုပ်ငန်း ဝင်ငွေ ထက်ဝက်ကျဆင်း

diz_admin

April 9, 2020

ကိုရိုနာရောဂါဂယက်ကြောင့် အခြားစီးပွားရေးလုပ်ငန်းများ ထိခိုက်နေချိန်တွင် ထားဝယ်ဒေသရှိ ဆံသဆိုင်လုပ်ငန်းများလည်း ပါဝင်သည်။ ကိုရိုနာဂယက်မတိုင်မီကတစ်ရက်လျှင် ဆံပင်လာညှပ်သူဦးရေ ၃၀ ခန့်ရှိရာမှ လက်ရှိတွင် ၁၀ ဦးကျော်သာရှိတော့ကြောင်း ထားဝယ်မြို့ဝဲကျွန်းရပ်ကွက် ဇမ္ဗူဆံသဆိုင်မှ ကိုမျိုးမင်းလွင်က ဆိုသည်။ “တကယ်က ဒီလိုချိန်ဆို အရမ်းစည်နေတာ။ သင်္ကြန်နားနီးနေတာကို”ဟု ကိုမျိုးမင်းလွင်က ပြောသည်။ ဇမ္ဗူဆံသဆိုင်နည်းတူ အခြားဆံသဆိုင်များတွင်လည်း ဆံပင်လာညှပ်သူဦးရေ ထက်ဝက်ကျော်ကျဆင်းလာကြောင်း ပြောကြသည်။ ထားဝယ်မြို့၊ မီးသတ်လမ်းဆုံရှိ ဆန်းK ဆံသဆိုင်ပိုင်ရှင်ဖြစ်သူ ကိုဆန်းကိုကလည်း လက်ရှိတွင် ပုံမှန်ဖောက်သည်အနည်းငယ်သာ လာညှပ်ကြတော့သည်ဟု ဆိုသည်။ ဆံပင်ညှပ်ပေးရာတွင်လည်း စိတ်မလုံခြုံမှုများခံစားရပြီး ဖောက်သည်မဟုတ်ပါက ပိုမိုထိတ်လန့်နေရသည်ဟု ၎င်းက ပြောသည်။ “အလုပ်များတာကိုလည်း မကြိုက်ဘူး။ ဆိုင်ခန်းခတွေနဲ့ မဖြစ်မနေလုပ်နေရတဲ့ ပုံစံမျိုးပေါ့ခင်ဗျား။ စိတ်ကတော့ မရှိတော့ဘူး”ဟု ကိုဆန်းကိုက ဆိုသည်။ ထားဝယ်မြို့ရှိ အမျိုးသားဆံသဆိုင်များ ဝင်ငွေကျလာသည့်နည်းတူ […]