BREAKING
September 16, 2024

စီးပွားရေး

ပြည်သူ့အကျပ်အတည်းကို ညွှန်ပြနေတဲ့ စျေးနှုန်းတွေ

diz_admin

July 22, 2022

နိုင်ငံရေးတည်ငြိမ်မှုမရှိတာ၊ စီးပွားရေးကျဆင်းလာတာတွေကြောင့် ပြည်သူတွေက နေ့စဉ်နဲ့အမျှ စား၊ဝတ်၊နေရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အလုပ်အကိုင်ရှားပါးလာမှုကြောင့် ဝင်ငွေကျဆင်းနေတဲ့ ပြည်သူတွေမှာ ကုန်စျေးနှုန်း ကြီးမြင့်မှုဒဏ်ကို ကြုံတွေ့နေရတဲ့အတွက် အဟာရပြည့်ဝစွာ နေ့စဉ်စားနိုင်ဖို့ ခက်ခဲတဲ့သူတွေ ပိုမိုများပြားလာနေပါတယ်။ အောက်ခြေလူတန်းစားတွေအတွက် အဟာရပြည့်ဝစွာ စားဖို့ဆိုတာထက် နေ့စဉ်ထမင်းနပ်မှန်အောင် ဝမ်းဝရုံ စားနိုင်အောင်ကိုပဲ ခက်ခဲတဲ့အခြေအနေမှာ ဖြစ်လာနေတာပါ။ ဒါကြောင့် မြန်မာနိုင်ငံတောင်ပိုင်း အခြေစိုက် Dawei Watch မီဒီယာအနေနဲ့ ကုန်စျေးနှုန်း အခြေအနေကို စုစည်းဖော်ပြနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ ကုန်စျေးနှုန်းတွေက ပြည်သူတွေ ဘယ်လောက်ကျပ်တည်းလာပြီဆိုတာကို ချိန်ဆနိုင်တဲ့ အညွှန်းကိန်းတွေပါပဲ။ မြန်မာ့စီးပွားရေးကို လေ့လာနေသူတွေအတွက်လည်း ဒီကုန်စျေးနှုန်းအချက်အလက်တွေက များစွာအထောက်အကူ ပြုစေမှာဖြစ်ပါတယ်။ သို့သော် တနင်္သာရီတိုင်းရဲ့ ကုန်စျေးနှုန်းတွေက နေရာဒေသပေါ်မူတည်ပြီး တော်တော်လေး ကွာဟနေတာကြောင့် Dawei Watch အနေနဲ့ တိုင်းတစ်ခုလုံးကို […]

တနင်္သာရီတိုင်းအတွင်းရှိ အခြေခံစားသောက်ကုန် စျေးနှုန်းများ

diz_admin

July 15, 2022

အခြေခံစားသောက်ကုန် စျေးနှုန်းများ နေ့စဉ်နှင့်အမျှ တရိပ်ရိပ်မြင့်တက်လျက်ရှိရာ မြင့်မားလာသည့် စားသောက်ကုန်စျေးနှုန်းများကို ဆဝါးနိုင်ရန်အတွက် အပတ်စဉ် သောကြာနေတိုင်းတွင် ပုံမှန်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

တနင်္သာရီတိုင်းအတွင်းရှိ အခြေခံစားသောက်ကုန် စျေးနှုန်းများ

diz_admin

July 15, 2022

အခြေခံစားသောက်ကုန် စျေးနှုန်းများ နေ့စဉ်နှင့်အမျှ တရိပ်ရိပ်မြင့်တက်လျက်ရှိရာ မြင့်မားလာသည့် စားသောက်ကုန်စျေးနှုန်းများကို ဆဝါးနိုင်ရန်အတွက် အပတ်စဉ် သောကြာနေတိုင်းတွင် ပုံမှန်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မြိတ်ကွမ်းသီး ယမန်နှစ်ထက် ဈေးကျ

diz_admin

July 5, 2022

မြိတ်ဒေသထွက် ကွမ်းသီး ယမန်နှစ်ကဲ့သို့ ဈေးမရသေးကြောင်း ကွမ်းသီးစိုက်တောင်သူအချို့တို့မှ သိရသည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက ကွမ်းသီးအဟောင်းပါကင် (လုံးကောင်းလုံးသန့်) တစ်ပိဿာလျှင် ၇၂၀၀ ကျပ်အထိရရှိခဲ့ပြီး ယခုနှစ် ဇူလိုင်လအစတွင် ၄၅၀၀ ကျပ်သာ ရရှိနေကြောင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ကွမ်းသီးစိုက်တောင်သူအချို့က ပြောသည်။ “ဒိုင်တွေကလည်း ဈေးကိုဆွဲဆွဲချနေတာ၊ တိုး‌တောင် တိုးမပေး‌သေးဘူး” ဟု တနင်္သာရီမြိုနယ် အော်ကြီးရွာနေ ကွမ်းသီးစိုက်‌တောင်သူတစ်ဦးက ဆိုသည်။ လတ်‌တလောတွင် ကွမ်းသီးတို့အား ပြည်ပက မှာယူမှုနည်းနေသည့်အတွက် ဈေးနှုန်းလျော့နည်း‌နေရခြင်းဖြစ်ကြောင်း မြိတ်မြို့ရှိ ကွမ်းသီးရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောဆိုသည်။ “ဈေးအပြောင်းအလဲ ရှိပါတယ်။ တက်ဦးမှာပါ” ဟု ၎င်းက ဆိုသည်။ ကွမ်းစိုက်တောင်သူတို့သည် အများအားဖြင့် ဒေသတွင်းရှိ ကွမ်းသီးရောင်းဝယ်ရေးဒိုင်များသို့ ရောင်းချလေ့ရှိကြသည်။ သို့သော် နှစ်စဉ် ကွမ်းသီးပိဿာချိန် ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ […]

စိုက်ပျိုးစရိတ်ကြီးသဖြင့် လယ်သမားများ မိုးစပါးစိုက်ရန်အခက်ကြုံ

diz_admin

May 16, 2022

စိုက်ပျိုးစရိတ် ကြီးမြင့်သဖြင့် မြိတ်ခရိုင်အတွင်း ယခုနှစ်မိုးစပါးစိုက်ပျိုးရန် လယ်သမားများ အခက်ကြုံနေရကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က လယ်တစ်ဧကလျှင် လယ်ထွန်စက် ငှါးရမ်းခ တစ်သောင်းရှစ်ထောင်ကျပ်ရှိခဲ့ရာမှ ယခုနှစ်မိုးရာသီလယ်လုပ်ချိန်တွင် သုံးသောင်းဝန်းကျင် ခန့်ရှိနေသည်။ အလားတူ ဓါတ်မြေသြဇာသည်လည်း တစ်အိတ်လေးသောင်းကျပ်မှ လက်ရှိတွင် တစ်သိန်းငါးထောင်ကျပ်အထိ စျေးထိုးတက်လာကြောင်း လယ်သမားများကပြောသည်။ “စားစရိတ်ကလည်းစျေးကြီး အလုပ်သမားခလည်း စျေးကြီးနဲ့ ဒီနှစ်အရှုံးပေါ်ဖို့များတယ်”ဟု မြိတ်မြို့နယ်၊တောင်ရှည်ကျေးရွာအုပ်စုနေ လယ်သမားတစ်ဦးကပြောသည်။ ယင်းသို့စရိတ်ကြီးမြင့်ခြင်းကြောင့် ယခုနှစ်မိုးရာသီ လယ်လုပ်ကြသူ ယခင်ထက်နည်းကြောင်း မြိတ်မြို့နယ်အတွင်းရှိ လယ်သမားများကပြောသည်။ “သိရသလောက်ကတော့ လယ်သမားသုံးပုံမှာတစ်ပုံလောက် ဒီနှစ်လယ်မလုပ်ကြတော့ဘူး မြင့်တက်နေတဲ့ ကုန်ကျစရိတ်တွေနဲ့ လုံးဝမကိုက်ကြဘူး”ဟု မြိတ်မြို့နယ်၊သစ်ယာဝကျေးရွာအုပ်စုမှ လယ်လုပ်တောင်သူတစ်ဦး ကပြောဆိုသည်။ ပြီးခဲ့သည့်နှစ်က စပါးဝတ်ပန်းလန်းချိန် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြိတ်မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူအများအပြား အထွက်နှုန်းလျော့ပြီး အရှုံးပေါ်ကြရသည်။ “ဒီနှစ်ကပိုဆိုးမယ် စရိတ်တွေကကြီး အမတော်ချေးငွေကလည်း(ရ/မရ)မသေချာ ခုတောင်သူလက်ထဲမှာ လယ်လုပ်ဖို့   ကြေးပြား(ငွေ)မရှိကြတော့ဘူး”ဟု […]

ဂျပန်-ရုရှား စစ်‌ရေးတင်းမာမှု သုံးသပ်ချက်

diz_admin

April 28, 2022

“တုန့်ပြန်မှုတွေ ချက်ခြင်းလုပ်ပစ်မယ်” လို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အီဂေါမိုဂူလော့ဗ် က ပြောလိုက်တယ်။ရုရှား ပိုင်နက်နယ်မြေနားမှာ အမေရိကန်-ဂျပန် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တိုးမြှင့်ခြင်းနဲ့ ပတ်သက်ပြီး ရုရှားအစိုးရက  ဂျပန်အစိုးရကို သတိပေးလိုက်တာပါ။ ရုရှားနယ်မြေနားမှာ အမေရိကန်-ဂျပန် ရေကြောင်းစစ်ဆင်ရေး လေ့ကျင့်တာတွေ အရှိန်မြင့်လာတာကြောင့် တင်းမာမှုတွေ မြင့်တက်လာမယ်လို့ ဒုဝန်ကြီးက ပြည်တွင်းမီဒီယာတစ်ခုကို ပြောလိုက်တယ်။ ဂျပန်က ယူကရိန်းဘက်ကနေ ထောက်ခံတာ၊ NATO နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်တာတို့ လုပ်နေတာမို့ ဂျပန်အပေါ် ဒေါသထွက်နေတဲ့ ရုရှားအစိုးရဟာ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ဆီကနေ သိမ်းထားတဲ့ ကျွန်းများ ပိုင်ဆိုင်မှုအရေး ကာလရှည် အငြင်းပွါးနေတဲ့ ပြဿနာကို ပြန်မွှေလာတယ်။  “ဂျပန်ဘက်က ဒီလိုမျိုးလုပ်တဲ့ လုပ်ရပ်ဟာ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ရပ်လို့ မြင်ပါတယ်” ဆိုပြီး ရုရှားဒုဝန်ကြီးက ပြောခဲ့တယ်။ […]