စီးပွားဖြစ် ကျွဲ၊ နွား သယ်ယူပါက မွေးမြူရေးနှင့် ကုသရေးဌာနတွင် လျှောက်ထားရမည်
diz_admin
January 6, 2020ယခင်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံတွင် လျှောက်ထားရသည့် စီးပွားဖြစ် ကျွဲ၊ နွား သယ်ယူခွင့်ကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထံတွင် လျှောက်ထားရမည် ဖြစ်သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက် က ညွှန်ကြားထားသည့် ကျွဲ၊ နွားများ စီးပွားသယ်ယူရာတွင် လိုက်နာရမည့် အချက်များတွင် ယင်းအချက်ကို ထည့် သွင်းညွှန်ကြားထားခြင်း ဖြစ်သည်။ နယ်စပ်မြို့များသို့ သယ်ယူခြင်းမှအပ တိုင်းအတွင်းရှိ ခရိုင်တစ်ခုမှ အခြား ခရိုင်တစ်ခုသို့ သယ်ယူခြင်းအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဟု ညွှန်ကြားထား ကြောင်း တနင်္သာရီတိုင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးက ပြောသည်။ “ကျွဲ၊ နွားမွေးမြူတဲ့သူတွေက လျှောက်ရမှာ မဟုတ်ဘူး။ သယ်ယူမယ့် သူတွေပဲ လျှောက်ရမှာ”ဟု ၎င်းက ဆို […]