BREAKING
September 19, 2024

စီးပွားရေး

အခြေခံစားသောက်ကုန်အချို့ စျေးငြိမ်နေသည့် မြိတ်ဈေးကွက်

diz_admin

September 16, 2022

မြိတ်မြို့၏ အခြေခံစားသောက်ကုန်အချို့တို့သည် စက်တင်ဘာလ ဒုတိယအပတ်မှစပြီး နှစ်ပတ်ဆက်တိုက် ဈေးနှုန်းတည်ငြိမ်နေခဲ့သည်။ အခြေခံစားသောက်ကုန်တို့အနက် မရှိမဖြစ် အရေးပါသည် ဆန်ဈေးနှုန်းနှင့် ကြက်၊ ဝက်၊ အမဲဈေးနှုန်းတို့ ပြောင်းလဲမရှိခဲ့ပါ။ သို့သော် ရုတ်သီးခြောက်(ရွှေအပ်)၊ ငရုတ်သီးခြောက်(ငရုတ်ပု) ဈေးသည် ယခင်အပတ်ထက် တစ်ထောင်ကျပ်သို့ မြင့်တက်ခဲ့သည်။ စားအုန်းဆီ(ပုံးဝါ)သည် ၉၃၀၀၀ ကျပ်သို့ ကျဆင်းလာသည်။ ကုန်ဈေးနှုန်းများ တည်ငြိမ်နေသော်လည်း စစ်အာဏာမသိမ်းမီအချိန်ကထက် အဆမတန်မြင့်တက်နေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်သည်။

ယနေ့ ရွှေ၊ဘတ်၊ဓာတ်ဆီ စျေးနှုန်းများ (စက်တင်ဘာ ၁၆)

diz_admin

September 16, 2022

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေစျေး၊ ဘတ်စျေးနှင့် ဓာတ်ဆီစျေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။ ဓာတ်ဆီစျေးမှာ ရည်ညွှန်းစျေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပစျေးကွက်ပေါက်စျေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ ဓာတ်ဆီစျေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုစျေးမြင့်လေ့ရှိပြီး စျေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပစျေးကွက်၏ အနိမ့်ဆုံးစျေးနှင့် အမြင့်ဆုံးပေါက်စျေးကို ရယူဖော်ပြပါသည်။

ယနေ့ ရွှေ၊ဘတ်၊ဓာတ်ဆီ စျေးနှုန်းများ (စက်တင်ဘာ ၁၅)

diz_admin

September 15, 2022

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေစျေး၊ ဘတ်စျေးနှင့် ဓာတ်ဆီစျေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။ ဓာတ်ဆီစျေးမှာ ရည်ညွှန်းစျေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပစျေးကွက်ပေါက်စျေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ ဓာတ်ဆီစျေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုစျေးမြင့်လေ့ရှိပြီး စျေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပစျေးကွက်၏ အနိမ့်ဆုံးစျေးနှင့် အမြင့်ဆုံးပေါက်စျေးကို ရယူဖော်ပြပါသည်။

ယနေ့ ရွှေ၊ဘတ်၊ဓာတ်ဆီ စျေးနှုန်းများ (စက်တင်ဘာ ၁၄)

diz_admin

September 14, 2022

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေစျေး၊ ဘတ်စျေးနှင့် ဓာတ်ဆီစျေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ ဓာတ်ဆီစျေးမှာ ရည်ညွှန်းစျေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပစျေးကွက်ပေါက်စျေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ ဓာတ်ဆီစျေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုစျေးမြင့်လေ့ရှိပြီး စျေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပစျေးကွက်၏ အနိမ့်ဆုံးစျေးနှင့် အမြင့်ဆုံးပေါက်စျေးကို ရယူဖော်ပြပါသည်။

ထားဝယ်တွင် ရွှေအတိုးနှုန်းတက်

diz_admin

September 13, 2022

ရွှေပေါင်နှံသူများပြားနေသည့် တနင်္သာရီတိုင်း ထားဝယ်တွင် အပေါင်ဆိုင်များက ရွှေအတိုးနှုန်း တိုးမြှင့်လိုက်ကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကြောင့် စပေါင်ချိန်တွင် ပေးလိုက်သည့် ငွေတန်ဖိုးမှာ ပြန်ရွေးချိန်တွင် တန်ဖိုးလျော့ကျသွားပြီဖြစ်သဖြင့် အပေါင်ဆိုင်များအနေဖြင့် အရှုံးကာမိစေရန် ယင်းသို့အတိုးနှုန်း တိုးမြှင့်ရခြင်းဖြစ်ကြောင်း ၎င်းတို့ကပြောဆိုသည်။ ယခင်က ရွှေအပေါင်ထားပြီး ငွေကျပ်တစ်သိန်းချေးလျှင် တစ်ထောင့်ငါးရာကျပ် အတိုးယူနေရာမှ စက်တင်ဘာလမှစတင်ကာ အတိုးနှစ်ထောင်ကျပ်ယူနေကြောင်း ၎င်းတို့က ဆိုသည်။ ငွေကျပ်တစ်ရာလျှင် တစ်ကျပ်ခွဲအတိုးနှုန်းယူနေရာမှ လက်ရှိတွင် နှစ်ကျပ်သို့ တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ထားဝယ်ဒေသတွင် ရွှေပေါင်မည်ဆိုပါ စည်ပင်သာယာလိုင်စင်ရအပေါင်ဆိုင်ထက် ရွှေဆိုင်များတွင်သာ အပေါင်ထားပြီး ငွေချေးကြသည်။ မြန်မာနိုင်ငံ၏ ရွှေပေါက်ဈေးမှာ ပြီးခဲ့သည့် ဩဂုတ်လကုန်တွင် စံချိန်တင်မြင့်တက်ခဲ့ပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၇ သိန်းဝန်းကျင်ဖြစ်သွားခဲ့သလို၊ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာလျှင် ၄၇၀၀ ကျပ်နှင့် ထိုင်းတစ်ဘတ်လျှင် ကျပ် ၁၀၀ […]

ထိပ်စည်းပြောင်းသွားသည့် ထားဝယ်ရွှေဈေး

diz_admin

September 13, 2022

ဈေးဆက်တိုက်မြင့်တက်ခဲ့သည့် အခေါက်ရွှေဈေးနှုန်းသည် ယနေ့ နေ့လယ်ပိုင်းက ထားဝယ်ဈေးကွက်တွင် ထိပ်စည်းပြောင်းသွားပြီး အကျဘက်ပြန်ရောက်သွားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်အချို့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်ကျော် (၃,၀၄၀,၀၀၀ ကျပ်) ပေါက်ဈေးရှိခဲ့သည်။ ယင်းနေ့ နေ့လယ်ပိုင်းတွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၉၉၀၀၀၀ ကျပ်ဖြစ်သွားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင် အချို့ထံမှ သိရသည်။ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ဩဂုတ်လကုန်က အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၇ သိန်းဝန်းကျင်အထိ မြင့်တက်ခဲ့ပြီးနောက် ၁၃ ရက်အကြာတွင် သိန်း ၃၀ အောက်သို့ ပြန်ရောက်လာခြင်းဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ့ရွှေဈေး မကျသော်လည်း ဒေါ်လာဈေးကျနေသည့်အတွက် ရွှေဈေး ဆက်ကျနိုင်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ခန့်မှန်းသည်။ စက်တင်ဘာလ ၁၃ ရက် နေ့လယ်အချိန်၏ […]