BREAKING
September 19, 2024

စီးပွားရေး

တစ်လတာကာလ ဘတ်၊ ရွှေ ပေါက်ဈေး အပြောင်းအလဲ

diz_admin

October 17, 2022

ထိုင်းဘတ်နှင့် ရွှေဈေးသည် ပြီးခဲ့သည့် တစ်လတာကာလအတွင်း အတက်အကျ အနိမ့်အမြင့်ရှိခဲ့သော်လည်း အလှုပ်အခတ်နည်းခဲ့သည်။ တနင်္သာရီတိုင်းသားများ၏ နေ့စဉ်လူမှုစီးပွားဘဝတွင် အရေးပါသည့်အတွက် စက်တင်ဘာလ ၇ ရက်မှ အောက်တိုဘာလ ၇ ရက်နေ့အထိ ထိုင်းဘတ်နှင့် ရွှေပေါက်ဈေး အပြောင်းအလဲများကို စုစည်းတင်ဆက်လိုက်သည်။ အဆိုပါတစ်လတာကာလအတွင်း  အခေါက်ရွှေဈေးတန်းမှာ အကျဘက်တွင်သာ ရှိနေခဲ့ပြီး တစ်ကျပ်သားလျှင် သိန်းသုံးဆယ်အောက် ပြန်ရောက်သွားသည် စက်တင်ဘာလ ၇ ရက်နေ့တွင် ကျပ်သိန်း ၃၀ စွန်းစွန်းဖြင့် ဈေးဖွင့်ခဲ့ပြီးနောက် ၁၅ ရက်အကြာတွင် တစ်ကျပ်သားလျှင် ငွေကျပ်နှစ်သိန်းကျော် ထပ်ကျသွားခဲ့သည်။ ထားဝယ်ဈေးကွက်အတွင်း စက်တင်ဘာလ ၂၁ ရက်နေ့ပေါက်ဈေးမှာ  တစ်ကျပ်သားလျှင် ၂၈ သိန်း ၃ သောင်းဖြစ်သည်။ ထိုနောက် စက်တင်ဘာလကုန်တွင် ရွှေဈေးထပ်မံထိုးကျသွားပြီး တစ်ကျပ်သားလျှင် နှစ်ဆယ့်ငါးသိန်းခွဲဝန်းကျင်သာ ရှိတော့သည်။ ယင်းကာလနောက်ပိုင်းတွင်လည်း ရွှေဈေးမှာ […]

အလှုပ်အခတ်နည်းနေသည့် ရွှေ၊ ဘတ်နှင့် စက်သုံးဆီ ဈေးကွက်

diz_admin

October 16, 2022

ရွှေ၊ ဘတ်နှင့် စက်သုံးဆီဈေးမှာ အောက်ဆုံးဈေးတစ်ခုအထိ ပြုတ်ကျပြီးနောက် ယခုအပတ်တွင် ဈေးတန်းတစ်ခု၌ ငြိမ်နေခဲ့သည်။ အခေါက်ရွှေသည် တစ်ကျပ်သားလျှင် ၂၇ သိန်းဝန်းကျင်တွင်လည်းကောင်း၊ ထိုင်းဘတ်ဈေးသည် ကျပ် ၇၀ တန်းတွင်လည်းကောင်း၊ 92 ဓာတ်ဆီသည် ကျပ် ၂၀၀၀ စွန်းစွန်းတွင်လည်းကောင်း အလှုပ်အခတ်နည်းနေသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ နှစ်ဆယ့်ခြောက်သိန်း ဈေးတန်းတွင် ငြိမ်နေသည့် ရွှေဈေး ပြီးခဲ့သည့်အပတ်က တစ်ကျပ်သားလျှင် ၂၇ သိန်းကျော်ပေါက်ဈေးရှိရာမှ ဈေးကျလာသည့် အခေါက်ရွှေသည် ယခုအပတ်တွင် ဈေးငြိမ်နေသည်။ အောက်တိုဘာလ ၁၀ ရက်(တနင်္လာနေ့) တွင် ထားဝယ်ဈေးကွက်အတွင်း၌ တစ်ကျပ်သားလျှင် ၂၆ သိန်းဖြင့် ဈေးဖွင့်ခဲ့သည်။ ပြီးခဲ့သည့်အပတ် အောက်တိုဘာလ ၅ […]

စားအုံးဆီဈေး ခြောက်ပတ်ဆက်တိုက်ကျနေတဲ့ ထားဝယ်ဈေးကွက်

diz_admin

October 14, 2022

ထားဝယ်တွင် စားအုပ်ဆီးဈေး ခြောက်ပတ်ဆက်တိုက်ကျလာနေသည်။ စက်တင်ဘာလ ပထမပတ်က စားအုံးဆီပုံးဝါတစ်ပုံး ၉၅၀၀၀ ကျပ်မှ အောက်တိုဘာ ဒုတိယပတ်တွင် ၆၈၀၀၀ ကျပ်သာရှိတော့သည်။ စားအုံးဆီပုံးဝါတစ်ပုံးဈေးမှာ နှစ်လအတွင်း ၂၇၀၀၀ ကျပ်ကျဆင်းလာခြင်းဖြစ်သည်။ စတင်ဘာလ ၂ ရက်ကစပြီး ခြောက်ပတ်ဆက်တိုက်ဈေးငြိမ်နေသည့် အကယ်ဒမီ ဆန်ဈေးမှာ အောက်တိုဘာ ဒုတိယပတ်တွင် အမျိုးအစားလိုက်ကျပ်တစ်ထောင်မှ ကျပ် နှစ်ထောင်အထိဈေးအနည်းငယ် မြင့်တက်လာသည်။ တရုတ်ကြက်သွန်ဝင်လာခြင်းကြောင့် ပြည်တွင်းမှာ ကြက်သွန်ဈေးတည်ငြိမ်နေသလို ထားဝယ်တွင်လည်း တည်ငြိမ်လျက်ရှိသည်။

ရွှေဈေးတက်ပြီး ဘတ်ဈေးအပြောင်းအလဲနည်းသည့် ယနေ့ ဘတ်၊ ရွှေ၊ စက်သုံးဆီဈေး (အောက်တိုဘာ ၁၄)

diz_admin

October 14, 2022

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။ အောက်တိုဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ်သုံးသောင်းခန့် ဈေးတက်သွားပြီး ဘတ်ဈေးမှာ တစ်ကျပ်ခန့်သာ ဈေးတက်နေသည်။ 92 ဓာတ်ဆီဈေးမှာမူ တစ်လီတာလျှင် ၂၀ ကျပ် ဈေးကျသွားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ ဓာတ်ဆီဈေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုဈေးမြင့်လေ့ရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပဈေးကွက်၏ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးပေါက်ဈေးကို ရယူဖော်ပြပါသည်။

အတက်ဈေးတွင်ရှိနေသည့် ယနေ့ ဘတ်၊ ရွှေ၊ စက်သုံးဆီဈေး (အောက်တိုဘာ ၁၃)

diz_admin

October 13, 2022

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။ အောက်တိုဘာလ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ်ခုနှစ်သောင်းခန့် နှင့် ဘတ်ဈေးမှာ ၃ ကျပ်ခန့် ဈေးတက်နေသည်။ 92 ဓာတ်ဆီဈေးလည်း တစ်လီတာလျှင် ၂၅ ကျပ် ဈေးတက်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ ဓာတ်ဆီဈေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုဈေးမြင့်လေ့ရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပဈေးကွက်၏ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးပေါက်ဈေးကို ရယူဖော်ပြပါသည်။

ယနေ့ ရွှေနှင့် ဘတ်ဈေးနေမြဲ စက်သုံးဆီဈေးကျ (အောက်တိုဘာ ၁၂)

diz_admin

October 12, 2022

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။ အောက်တိုဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးနှင့် ဘတ်ဈေးမှာ အပြောင်းအလဲမရှိပေ။ 92 ဓာတ်ဆီဈေးမှာမူ တစ်လီတာလျှင် 65 ကျပ် ဈေးကျသွားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ ဓာတ်ဆီဈေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုဈေးမြင့်လေ့ရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပဈေးကွက်၏ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးပေါက်ဈေးကို ရယူဖော်ပြပါသည်။