BREAKING
January 22, 2025

စီးပွားရေး

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင်လိုင်စင် လျှောက်ထားသူ မရှိသေး

diz_admin

February 19, 2020

ကျေးရွာသုံး စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လိုင်စင်လျှောက်ထားသူ မရှိသေးဟု မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းသိုလှောင် ဖြန့်ဖြူးရေးဌာနခွဲ(က)အဆင့် ထားဝယ်မြို့ တိုင်းရောင်းဝယ်ရေး အရာရှိရုံးထံမှ သိရသည်။ ကျေးရွာသုံးစက်သုံးဆိုင်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်လိုင်စင်ဆိုင်ရာ အမိန့်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၄ ရက်က စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး စည်းကမ်းချက် ၃၃ ခု ပါဝင်သည်။ “လာလျှောက်ထားတာတော့ မရှိသေးဘူး။ ဆက်သွယ်စုံစမ်းတဲ့သူတွေတော့ ရှိတယ်။ သူက ချက်ချင်းလာ လျှောက်လို့က မရဘူးလေ။ ၁၀၅၊ ၁၀၆ မြေပုံတို့ ဘာတို့ ပါရမယ်လေ။ အဲဒါတွေကလည်း သက်ဆိုင်ရာ မြေစာရင်းရုံးတို့ ဘာတို့မှာ သွားလျှောက်ရတဲ့ အဆင့်တွေ ရှိတာကိုး”ဟု အထက်ပါရုံးမှ တိုင်းရောင်းဝယ်ရေးအရာရှိက ပြောသည်။ လက်ရှိတွင် အထက်ပါလိုင်စင် ဆိုင်ရာအမိန့်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲများပြုလုပ်ရန် တိုင်းဒေသကြီးရေနံကြီးကြပ်ထိန်းသိမ်းရေး […]

နှစ်လအတွင်း ကျပ်သန်းတစ်သောင်း ခွဲခန့်တန်ဖိုးရှိ လုပ်ငန်းလေးခု ရင်းနှီးမြှုပ်နှံခွင့်ပြု

diz_admin

February 10, 2020

ယခုနှစ်ဆန်းပိုင်းအတွင်း ကျပ် သန်းပေါင်း တစ်သောင်းခွဲခန့် တန်ဖိုးရှိ လုပ်ငန်းလေးခုကို ရင်းနှီးမြှုပ်နှံခွင့်ပြု လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(TRIC) ထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ လက်ရှိအချိန်ထိ ခွင့်ပြု ပေးခဲ့သည့် လုပ်ငန်းများဖြစ်သည်။ မြိတ်မြို့နယ်အတွင်းရှိ အသင့်ဖျော် ဘိလပ်မြေ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း နှစ်ခု၊ ငါးအမှုန့်ထုတ်လုပ်ဖြန့် ဖြူးခြင်းလုပ်ငန်း တစ်ခုနှင့် ကွန်ကရစ် ပိုင်တိုင်ထုတ်လုပ်ခြင်းလုပ်ငန်း တစ်ခု တို့ကို လုပ်ငန်းလုပ်ကိုင်ခွင့် ပြုလိုက် ကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။ အတည်ပြုမိန့်ထုတ်ပေးခဲ့သည့် ကျောက်ဖျာကျေးရွာအုပ်စုတွင် လုပ်ကိုင်မည့် ငါးအမှုန့်ကြိတ်လုပ်ငန်းက အနံ့ဆိုး ထွက်မှု မရှိစေရန် ထိုင်းနိုင်ငံနည်းပညာဖြင့် လုပ်ကိုင်မည်ဖြစ်သည့်အတွက် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ ထွန်းထွန်းက ဆိုသည်။ အမေရိကန်ဒေါ်လာ […]

လေးနှစ်အတွင်း ငရုတ်ကောင်းဈေး သုံးပုံတစ်ပုံ ထိုးဆင်း

diz_admin

February 5, 2020

ထားဝယ်ဈေးကွက်တွင် ငရုတ်ကောင်း အခြောက်ဈေးနှုန်းမှာ လေးနှစ်အတွင်း သုံးဆကျော်အထိ ထိုးဆင်းသွားကြောင်း ထားဝယ်ခရိုင်ရှိ ငရုတ်ကောင်းစိုက် တောင်သူအချို့နှင့် ပွဲရုံအချို့ထံမှ သိရ သည်။ ငရုတ်ကောင်းအခြောက် တစ်ပိဿာ လျှင် ပြီးခဲ့သည့် လေးနှစ်ခန့်က ၁၈၀၀၀ ကျပ် ဝန်းကျင်အထိ ဈေးနှုန်းရှိခဲ့သော်လည်း ယခုနှစ် ငရုတ်ကောင်းရာသီတွင် ဈေးနှုန်းမှာ ငရုတ်ကောင်းအခြောက် တစ်ပိဿာလျှင် ၄၈၀၀ ကျပ်ဝန်းကျင်သာ ရှိကြောင်း ထားဝယ်ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယမန်နှစ်အထိ ထားဝယ်ဈေးကွက် တွင် တစ်ပိဿာလျှင် ကျပ်၇၅၀၀-၇၈၀၀ အထိရှိခဲ့သေးကြောင်း ပွဲရုံအချို့ထံမှ သိရသည်။ တနင်္သာရီတိုင်းမှ ထွက်ရှိသည့် ငရုတ်ကောင်းများကို တိုင်းအတွင်း အနည်း ငယ်သာရောင်းချနေရပြီး အများစုကို ရန်ကုန်ဈေးကွက်သို့တင်ပို့နေကြောင်း ထားဝယ်မြို့ရှိ မင်္ဂလာပွဲရုံပိုင်ရှင် ဦးဝင်းမောင်က ပြောသည်။ ပြီးခဲ့သည့် လေးနှစ်မှစပြီး ရန်ကုန် ဈေးကွက်သို့ […]

မြိတ်ဒေသမှရန်ကုန်သို့ဆန်အမှာ ထက်ဝက်ကျော်လျော့

diz_admin

February 5, 2020

ဒေသထွက် ဆန်များ ပိုမိုစားသုံး လာမှုကြောင့် မြိတ်ခရိုင်မှရန်ကုန်သို့ဆန် မှာယူမှု ထက်ဝက်ကျော်လျော့ကျလာကြောင်းမြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးမောင်ထွေးက ပြောသည်။ လွန်ခဲ့သည့်ဆယ်နှစ်နီးပါးခန့်က မြိတ်ခရိုင်အတွင်းတစ်လလျှင် ဆန်အိတ် တစ်သိန်းဝန်းကျင်ကို ရန်ကုန်နှင့်ဧရာ၀တီ တိုင်းမှပုံမှန် ဝယ်ယူခဲ့ရပြီးယခုအခါ တစ်လလျှင်ဆန်အိတ်လေးသောင်းခန့် သာ မှာယူရတော့ကြောင်းဦးမောင်ထွေး က ပြောသည်။ “အရင်က မြိတ်ကဆန်တွေကနီ ကြောင်ကျိုးကြေပြီးမဝယ်စားကြဘူး။ အခုကအားလုံးလိုလို ဒေသကထွက်တဲ့ ဆန်ကိုပဲစားနေကြပြီ”ဟု ၎င်းက ပြောသည်။ မြိတ်ခရိုင်အတွင်းခေတ်မီဆန်စက် ကြီးများ တည်ဆောက်လာနိုင်ခဲ့သည့် အတွက် ဆန်များအရည်အသွေးပြည့်မီ လာပြီး ရန်ကုန်မှ မှာယူမှုလျော့ကျလာခဲ့ကြောင်း အိုကေဆန်စက်ပိုင်ရှင်တစ်ဦး လည်းဖြစ်သူဦးမောင်ထွေးက ဆိုသည်။ လျော့ကျလာသည့်အကြောင်းရင်း နောက်တစ်ခုကလည်းဒေသတွင်း ပုံမှန် စိုက်ပျိုးနေသည့် မျိုးစပါးထက် ဧရာ၀တီ တိုင်းမှမျိုးစပါးများမှာယူပြီး စိုက်ပျိုးလာသည့်အတွက် လယ်သမားများ ယခင်က ထက်စပါးအထွက်တိုး လာကြောင်း ၎င်း တို့က […]

ထားဝယ်ကမ်းနားဈေး ည ၇ နာရီအထိသာ ရောင်းရမည်

diz_admin

January 29, 2020

ဖေဖော်ဝါရီလ ၈ ရက်တွင် စဖွင့်မည့် ထားဝယ်ကမ်းနားဈေးရုံအသစ်တွင် ည ၇ နာရီအထိသာ ရောင်းချရန် လွှတ်တော် နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ သဘောတူခဲ့ကြသည်။ ကမ်းနားဈေးနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းက ထားဝယ် မြို့နယ်စည်ပင်သာယာရေးကော်မတီကို တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သို့ ခေါ်ယူဆွေးနွေးပြီးနောက် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ ကမ်းနားဈေးကိစ္စကို ပြည်သူများအကြားတွင် မရှင်းမလင်းဖြစ်နေပြီး သံသယဝင်နေကြသည့်အတွက် ယင်းကဲ့သို့ ခေါ်ယူဆွေးနွေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ ဈေးရောင်းချချိန်ကို နံနက် ၂ နာရီ မှ ည ၇ နာရီအထိ ရောင်းချခွင့်ပြုရန် ဆွေးနွေးသတ်မှတ်ခဲ့ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ ယခင်က ဈေးရောင်းချချိန်ကို နံနက် ၆ နာရီမှ […]

ထားဝယ်စီမံကိန်းနယ်မြေတွင် ပြည်သူ့ ကြားနာပွဲ လုပ်ပေးပါ

diz_admin

January 29, 2020

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် ပြည်သူ့ကြားနာပွဲကို ဇုန်တည်ရှိရာနေရာတွင်လည်း လုပ်စေလိုကြောင်း ဒေသခံအချို့က ပြေဆိုကြသည်။ လက်ရှိတွင် အထူးစီးပွားရေးဇုန် (SEZ) ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြမည့် ပြည်သူ့ကြားနာပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်မည် ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။ ရှင်းလင်းပွဲလုပ်မည့် ထားဝယ်မြို့က စီမံကိန်းနယ်မြေနှင့် အလှမ်းဝေးသည့်အတွက် ဒေသခံအများစု တက်ရောက်နိုင်မည် မဟုတ်ဘဲ စီမံကိန်းနေရာတွင် ထပ်လုပ်စေလိုကြောင်း စီမံကိန်းဧရိယာရှိ ဘဝါကမ်းခြေကျေးရွာ တာဝန်ခံ ဦးစိုးမြင့်က ဆိုသည်။ စီမံကိန်းဧရိယာမှာ ထားဝယ်မြို့မှ မိုင် ၂၀ ကျော်ဝေးသော နဘုဘယ်ကျေးရွာအုပ်စုတွင် တည်ရှိသည်။ “ဒေသခံတွေကို လာပြီးတော့ ပြောပြဆိုပြရှင်းပြမှသာလျှင် ဒေသခံတွေလည်း သဘောပေါက်ပြီးတော့ ကောင်းဆိုးဆိုတာ ဆုံးဖြတ်လို့တတ်မှာခင်ဗျား”ဟု ဦးစိုးမြင့်က ပြောသည်။ လက်ရှိ ထားဝယ်မြို့တွင် […]

ကော့သောင်းရေပြင် မိုင် ၇၀ ပတ်လည်ခန့် ငါးဖမ်းခွင့် အကန့်အသတ်မရှိပိတ်၊ ရေလုပ်သားတို့ အကြပ်ရိုက်

diz_admin

January 28, 2020

မြန်မာနိုင်ငံတောင်ပိုင်းရှိ အဓိက ငါးဖမ်းကွက်များအနက် တစ်ခုဖြစ်သော ကော့သောင်းပင်လယ်ရေပြင် မိုင် ၇၀ ပတ်လည် (စတုရန်းမိုင် ၄၉၀၀) ခန့်တွင် ကမ်းဝေးငါးဖမ်းလှေများ ငါးဖမ်းခွင့် အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်သည်။ မြောက်လတ္တီတွဒ် ၁၀ ဒီဂရီနှင့် ၁၁ ဒီဂရီအကြား၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒသမ ၃၀ မှ ၉၈ ဒသမ ၃၀ ဒီဂရီ ကြား ငါးဖမ်းခွင့် ပိတ်လိုက်ကြောင်း ကော့သောင်းခရိုင်ငါးလုပ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။ ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံး ကမ်းခြေအနီးမှ အနောက်ဘက်စူးစူး မိုင် ၇၀ ခန့်၊ ကရသူရိမြို့အနီး ကော့ရဲကြီးကျွန်းမှ အနောက်ဘက်စူးစူး မိုင် ၇၀ ခန့်အတွင်း ကမ်းဝေးလှေများ ငါးဖမ်းခွင့် ပိတ်လိုက်ခြင်း ဖြစ်သည်။ […]

ဟိုတယ်များ လိုင်စင်မရှိဘဲ ခရီးသွားလုပ်ငန်းလုပ်က ထောင်ကျနိုင်

diz_admin

January 20, 2020

ဟိုတယ်များတွင် ခရီးလှည့်လည် ရေးလိုင်စင်မရှိဘဲ ခရီးစဉ်များ စီစဉ်ပို့ ဆောင်ပါက ထောင်တစ်နှစ်အထိ ကျခံ ရနိုင်သည့် ပုဒ်မဖြင့် အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန(ဟိုတယ်/ခရီး) ထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်းရှိ ဟိုတယ် အချို့တွင် ခရီးလှည့်လည်ရေးလိုင်စင် မရှိဘဲ ခရီးစဉ်ပို့ဆောင်မှုများရှိနေသည့် အတွက် ယင်းကဲ့သို့ စာထုတ်အသိပေး ခြင်းဖြစ်ကြောင်း ဟိုတယ်/ခရီးဌာန ညွှန်ကြားရေးမှူး ဦးညိုအေးက ဆိုသည်။ “(ဟိုတယ်က)လုပ်မယ်ဆိုရင် ခရီး လှည့်လည်ရေးလိုင်စင်ကို ထပ်လျှောက်ရမယ်”ဟု ဦးညိုအေးက ပြောသည်။ ဟိုတယ်တွင် ခရီးသွားလုပ်ငန်း လုပ်ကိုင်လိုပါက ခရီးလှည့်လည်ရေး လိုင်စင်လုပ်ရန် လိုအပ်ပြီး လိုင်စင်မရှိဘဲ ခရီးစဉ်များ စီစဉ်ပို့ဆောင်ပေးပါက ခရီး သွားလုပ်ငန်းဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ တွင် လိုင်စင်မရှိဘဲ […]