BREAKING
September 20, 2024

စီးပွားရေး

အပြောင်းအလဲနည်းသည့် ရွှေ နှင့် ထိုင်းဘတ် ယနေ့ဈေးနှုန်း (နိုဝင်ဘာ ၉)

diz_admin

November 9, 2022

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။ နိုဝင်ဘာလ ၈ ရက်နှင့် ၉ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အတက်အကျမရှိ ငြိမ်နေပြီး ဘတ်ဈေးလည်း သိသိသာသာ အလှုပ်အခတ်မရှိပေ။ 92 ဓာတ်ဆီဈေးမှာမူ တစ်လီတာလျှင် ၃၅ ကျပ် ပြန်ကျလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ ဓာတ်ဆီဈေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုဈေးမြင့်လေ့ရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပဈေးကွက်၏ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးပေါက်ဈေးကို ရယူဖော်ပြပါသည်။

တစ်လတာ ဘတ်၊ ရွှေ ပေါက်ဈေး အပြောင်းအလဲ

diz_admin

November 8, 2022

တနင်္သာရီတိုင်းသားများ၏ နေ့စဉ်လူမှုစီးပွားဘဝတွင် အရေးပါသည့် ဘတ်၊ရွှေ စျေးကွက်ကို လေ့လာရာတွင် ပြီးခဲ့သည့် တစ်လတာအတွင်း တစ်ကြိမ်သာ လှုပ်သွားပြီး စျေးတန်းတစ်ခုတွင် တည်ငြိမ်နေသည်ကို တွေ့ရသည်။ အောက်တိုဘာလ ၈ ရက်မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ထိုင်းဘတ်နှင့် ရွှေပေါက်ဈေး အပြောင်းအလဲများကို ကြည့်ပါက အခေါက်ရွှေဈေးမှာ ဈေးတန်းတစ်ခုတွင်သာ အတက်အကျ နည်းနည်းဖြင့် အ‌ရောင်းအဝယ်ဖြစ်နေသည်။ အောက်တိုဘာလ ၂၁ ရက်နေ့က ကမ္ဘာ့ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ဘဏ္ဏာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာပြီး နောက်တစ်ရက်တွင် ပြည်တွင်းရွှေဈေးမှာ ရုတ်တရက်ထိုးတက်သွားပြီး တစ်ကျပ်သားလျှင် သိန်း ၃၀ ကျော်သွားခဲ့သည်။ ယင်းသို့ အမည်ပျက်မကြေညာမီက တစ်ကျပ်သားလျှင် ၂၅ သိန်းခွဲဝန်းကျင်သာ ပေါက်ဈေးရှိသည်။ သို့ရာတွင် နောက်တစ်ရက်ဈေးဖွင့်ချိန်၌ ချက်ချင်းပြန်ကျသွားပြီး […]

အီနေသည့် ရွှေ နှင့် ထိုင်းဘတ် ယနေ့ဈေးနှုန်း (နိုဝင်ဘာ ၈)

diz_admin

November 8, 2022

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။ နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ် သုံးသောင်း ဈေးကျသွားပြီး ဘတ်ဈေးမှာမူ အတက်အကျမရှိပေ။ 92 ဓာတ်ဆီဈေးလည်း တဖြည်းဖြည်းချင်း ဈေးတက်လာပြီး ယနေ့ပေါက်ဈေးအရ တစ်လီတာလျှင် ၂၀ ကျပ် တက်သွားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ ဓာတ်ဆီဈေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုဈေးမြင့်လေ့ရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပဈေးကွက်၏ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးပေါက်ဈေးကို ရယူဖော်ပြပါသည်။

အလှုပ်အခတ်နည်းသည့် ရွှေနှင့်ဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

November 5, 2022

ယခုအပတ်တွင် ရွှေ နှင့်ထိုင်းဘတ်ငွေဈေးမှာ ဈေးတန်းတစ်ခုတွင် အလှုပ်အခတ်နည်းနေသည်။ ပြီးခဲ့သည့်အပတ်ကတည်းက ဈေးအတက်အကျနည်းနေသည့် ရွှေဈေးမှာ  ယခုအပတ်တွင်လည်း ဈေးငြိမ်နေသည်။ ထိုင်းဘတ်ဈေးမှာလည်း ရွှေဈေးနှင့်အတူ ငြိမ်နေပြီး ဈေးတန်းတစ်ခုတွင် တန့်နေခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ နှစ်ဆယ့်ခြောက်သိန်းစွန်းစွန်းတွင် အီနေသည့် ရွှေဈေး အခေါက်ရွှေဈေးမှာ ယခုတစ်ပတ်လုံးတွင် ဈေးအီနေပြီး တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းစွန်းစွန်းသာ ရှိနေခဲ့သည်။ အောက်တိုဘာလ ၃၁ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်း သုံးသောင်းဖြင့် ဈေးဖွင့်ခဲ့သည်။ နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲ မရှိသလောက်ဖြစ်နေခဲ့ပြီး အဆိုပါဈေးတန်းဖြင့်ပင် ဈေးဖွင့်နေခဲ့သည်။ ထိုကဲ့သို့ ဈေးအီနေသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ပါးနေကြောင်း […]

မြိတ်တွင် ကုန်ခြောက်စျေးများ ထပ်မံမြင့်တက်ခဲ့သည့် ယခုအပတ်ကုန်စည်စျေးကွက်

diz_admin

November 4, 2022

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် ကုန်ခြောက်စျေးနှုန်းများ ထပ်မံမြင့်တက်လာသည်ကို တွေ့ရသည်။ အခြေခံစားသောက်ကုန်တို့အနက် ငရုတ်သီးခြောက်(ရွှေအပ်)ဈေးသည် တစ်ပတ်အတွင်း ၁၂၅၀၀ ကျပ်အထိ ထိုးကျရာမှ ၁၇၀၀၀ ကျပ်အထိ ပြန်တက်ခဲ့ပြီး ငရုတ်သီးခြောက်(ငရုပ်ပု)ဈေး တစ်ပိဿာလျှင် ၂၂၅၀၀ ကျပ်အထိ ထိုးတက်လာခဲ့သည်။ ထို့ပြင် ပုဇွန်ခြောက်အလတ်ဆိုဒ် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မြင့်တက်ခဲ့ပြီး၊ ကန်စွန်းရွက်တစ်စီး တစ်ရာကျပ်၊ ကြက်ဥတစ်လုံး နှစ်ဆယ်ကျပ်မြင့်အထိ မြင့်တက်လာခဲ့သည်။ ကြက်သွန်နီ‌ဈေးသည် ထပ်မံမြင့်တက်လာပြီး တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြစ်‌နသည်။ စားအုန်းဆီဈေးမှာ တည်ငြိမ်နေပြီ ၁၀ ပိဿာပါ ပုံးဝါ တစ်ပုံးလျှင် ၆၆၀၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူနေကြရသည်။ မြိတ်မြို့တွင် အခြေခံစားသောက်ကုန်အများစု၏ ဈေးနှုန်းသည် မြင့်တက်လာနေသဖြင့် ကုန်ဈေးနှုန်းကြီးမြှင့်မှုဒဏ်ကို ခံစားနေရဆဲဖြစ်သည်။

အလှုပ်အခတ်မရှိသည့် ရွှေနှင့် ထိုင်းဘတ် ယနေ့ဈေးနှုန်း (နိုဝင်ဘာ ၄)

diz_admin

November 4, 2022

တောင်ပိုင်းသားတို့ နေ့စဉ်ဘဝအတွက် အရေးပါလှသည့် ရွှေဈေး၊ ဘတ်ဈေးနှင့် ဓာတ်ဆီဈေးနှုန်းများကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ဖော်ပြပေးနေပါသည်။ နိုဝင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့ ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေသည့် ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်း ပြန်ကျနေပြီး ဘတ်ဈေးမှာမူ အတက်အကျမရှိပေ။ 92 ဓာတ်ဆီဈေးမှာမူ တစ်လီတာလျှင် ၃၅ ကျပ် ဈေးထပ်တက်သွားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ ဓာတ်ဆီဈေးမှာ မြို့ပြနှင့် အလှမ်းဝေးသည့် ဒေသများတွင် ပိုမိုဈေးမြင့်လေ့ရှိပြီး ဈေးနှုန်းအမျိုးမျိုးရှိသဖြင့် ပြင်ပဈေးကွက်၏ အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးပေါက်ဈေးကို ရယူဖော်ပြပါသည်။