ဘတ်ဈေးခုန်တက်၊ ရွှေလည်းတက်၊ အကျမရှိတဲ့စျေးကွက်
diz_admin
August 28, 2022တနင်္သာရီတိုင်းသားများအတွက် ဘတ်၊ ရွှေနှင့် စက်သုံးဆီဈေး အပြောင်းအလဲက နေ့စဉ်လူမှုဘဝအပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်စေသည်။ နိုင်ငံရေးမတည်ငြိမ်သည့် လက်ရှိကာလတွင် ဘတ်၊ ရွှေနှင့် စက်သုံးဆီဈေးနှုန်းများမှာ တည်ငြိမ်မှုမရှိဘဲ အပြောင်းအလဲမြန်နေသည်။ ယင်းကြောင့် အလှုပ်အခတ်များနေသည့် စက်သုံးဆီ၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းနှင့် ရွှေဈေးတို့ကို Dawei Watch က စုစည်းသုံးသပ်ထားပါသည်။ ရုတ်ခြည်းတက်သွားသည့် ဘတ်ဈေး ပြီးခဲ့သည့် အပတ်က အကျဘက်ကိုရောက်နေသည့် ထိုင်းဘတ်ဈေးနှုန်းမှာ ယခုအပတ်တွင် ရုတ်ချည်းမြင့်တက် သွားသည်။ ပြီးခဲ့သည့်အပတ်က ထိုင်းတစ်ဘတ်လျှင် မြန်မာငွေကျပ် ၈၀အောက် ကျဆင်းခဲ့သည့် ဘတ်ဈေးမှာ ယခုအပတ်တွင် ၈၀ ကျပ်အပေါ်ကို ရုတ်ချည်းမြင့်တက်သွားသည်။ အမေရိကန်ဒေါ်လာ လဲလှယ်ဈေးနှုန်းမြင့်တက်ခြင်းကလည်း ဘတ်ဈေးတက်စေသည့် အကြောင်းအရင်းဖြစ်စေသည်။ ယခုအပတ်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၂၀၀ ကျပ် ဝန်းကျင်အထိ မြင့်တက်သွားသည်။ ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် တနင်္သာရီတိုင်းအတွက် ထိုင်းဘတ်ငွေဈေးနှုန်း […]