BREAKING
January 10, 2025

ကုန်ဈေးနှုန်း

ရွှေတစ်ကျပ်သား ကျပ်တစ်သောင်းတက် (ဧပြီ ၃)

diz_admin

April 3, 2023

မတ်လ ၃၁ ရက်နှင့် ယနေ့ပေါက်ဈေးနှိုင်းယှဥ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း တက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၉၃၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ ကျရိပ်ပြလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

အတက်ကြမ်းခဲ့သည့် မြိတ်ကုန်စည်များ စျေးငြိမ်နေ

diz_admin

March 31, 2023

အတက်ကြမ်းခဲ့သည့် မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ယခုအပတ် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိသည်။ ယခင်အပတ်က ၂၄ ပြည်ပါ ဆန်ကြမ်းတစ်အိတ်လျှင် ယခင်အပတ်က ၆၅၀၀၀ ကျပ်နှင့် ရွှေဘိုပေါ်ဆန်မွှေးတစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ်နှုန်းရှိခဲ့သည်။ အဆိုပါ ဆန်‌များအပါအဝင် အခြားဆန်အမျိုးအစားတို့ ဈေးနှုန်းပြောင်းလဲမှု မရှိဘဲ တည်ငြိမ်နေခြင်း ဖြစ်သည်။ သို့သော် ဆယ်ပိဿာပါ စားအုံးဆီပုံးဝါတစ်ပုံးလျှင် ယခင်အပတ်က ၆၅၀၀၀ ကျပ်မှ ယခုအပတ်တွင် ၆၄၅၀၀ ကျပ်နှုန်းရှိနေသည်။ အခြေခံစားသောက်ကုန်အများစု၏ ဈေးနှုန်းများ တည်ငြိမ်နေခြင်းဖြစ်သည်။ လောင်စာဆီတွင် လူသုံးများသည့် ၉၂ အောက်တိန်း ဓာတ်ဆီတစ်လီတာလျှင် ၂၃၇၅ ကျပ်နှုန်းဖြင့် မတ်လ တစ်လလုံးနီးပါး ဈေးနှုန်းတည်ငြိမ်နေသည်။

ရွှေတစ်ကျပ်သား ကျပ်တစ်သောင်း ပြန်တက် (မတ်လ ၃၁)

diz_admin

March 31, 2023

ယမန်နေ့နှင့် ယနေ့ပေါက်ဈေးနှိုင်းယှဥ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ပြန်တက်သွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၉၂၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ အနည်းငယ်တက်နေပြီး ဓာတ်ဆီဈေးမှာ ကျရိပ်ပြလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်တစ်သောင်းကျ (မတ်လ ၃၀)

diz_admin

March 30, 2023

ယမန်နေ့နှင့် ယနေ့ပေါက်ဈေးနှိုင်းယှဥ်ချက်အရ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ဈေးကျသွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၉၁၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးငြိမ်နေပြီး ဓာတ်ဆီဈေးမှာ အနည်းငယ်တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား နှစ်ဆယ့်ကိုးသိန်းနှစ်သောင်းဖြင့် ဈေးငြိမ် (မတ်လ ၂၉)

diz_admin

March 29, 2023

ယမန်နေ့နှင့် ယနေ့ပေါက်ဈေးနှိုင်းယှဥ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိဘဲ ဈေးငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၉၂၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ အနည်းငယ်တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကျပ်တစ်သောင်းပြန်တက်လာသည့် ရွှေဈေး (မတ်လ ၂၈)

diz_admin

March 28, 2023

ယမန်နေ့နှင့် ယနေ့ပေါက်ဈေးနှိုင်းယှဥ်ချက်အရ အခေါက်ရွှေမှာ တစ်ကျပ်သားလျှင် ကျပ်တစ်သောင်း ပြန်တက်လာသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၉၂၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ အ‌ပြောင်းအလဲမရှိ ငြိမ်နေပြီး ဓာတ်ဆီဈေးမှာ အနည်းငယ်ကျလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေတစ်ကျပ်သား ကျပ်သုံးသောင်းကျ (မတ်လ ၂၇)

diz_admin

March 27, 2023

မတ်လ ၂၄ ရက်နှင့် ယနေ့ပေါက်ဈေးနှိုင်းယှဥ်ချက်အရ အခေါက်ရွှေမှာ တစ်ကျပ်သားလျှင် ကျပ်သုံးသောင်း ဈေးကျသွားသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၉၁၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ အနည်းငယ်ကျလာပြီး ဓာတ်ဆီဈေးမှာ တက်ရိပ်ပြလာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ဆန်ဈေးတက်လာသည့် မြိတ်ကုန်စည်ဈေးကွက်

diz_admin

March 24, 2023

မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ယခုအပတ်၌ ဆန်ဈေးနှုန်း မြင့်တက်လာသည်။ ၂၄ ပြည်ပါ ဆန်ကြမ်းတစ်အိတ်လျှင် ယခင်အပတ်က ၆၂၀၀၀ ကျပ်ဈေးရှိရာမှ ၃၀၀၀ ကျပ်တက်လာသဖြင့် ယခုအပတ်တွင် ၆၅၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။ ဆန်ထဲတွင် အကောင်းဆုံးအမျိုးအစား ရွှေဘိုပေါ်ဆန်မွှေးတစ်အိတ်လျှင် ယခင်အပတ်ထက် တစ်သောင်းကျပ် တက်လာသဖြင့် ၁၁၀,၀၀၀ ကျပ်ဖြစ်လာသည်။ ဆယ်ပိဿာပါ စားအုန်းဆီ ပုံးဝါတစ်ပုံးလျှင် ယခင်အပတ်ထက် တစ်ထောင်ကျပ်တက်လာသဖြင့် ၆၅၀၀၀ ကျပ် ရှိနေသည်။ ရေထွက်ကုန်တစ်ခုဖြစ်သည့် ပုစွန်ချောအလတ်ဈေးသည် ယခင်အပတ်က ၂၀၀၀၀ ကျပ်မှ ယခုအပတ်တွင် ၁၇၀၀၀ ကျပ်၊ ပုစွန်ချောငယ်ဈေးသည် ယခင်အပတ်က ၁၇၀၀၀ ကျပ်မှ ယခုအပတ်တွင် ၁၄၀၀၀ ကျပ်သို့ ဈေးနှုန်း ကျဆင်း လာခဲ့သည်။ ကျန်ကုန်စည်အချို့ဖြစ်ကြသည့် ငရုတ်သီးခြောက်၊ ပုစွန်ခြောက်များ၊ ကြက်သား၊ […]