ဆန်ဈေးငြိမ်ပြီး ဆီဈေးအနည်းငယ်တက်နေသည့်ထားဝယ်ဈေးကွက်
diz_admin
March 10, 2023ထားဝယ်တွင် ဆန်ဈေးမှာ ဖေဖော်ဝါရီ လလယ်ပိုင်းမှ မတ်လ ၁၀ ရက်အထိ လေးပတ်ဆက်တိုက်ငြိမ်နေသည်။ ဖေဖော်ဝါရီလ ၁၇ရက်က ထားဝယ်ဈေးကွက်တွင် အကယ်ဒမီဆန်ကြမ်း (ဆန်ဟောင်း) အိတ်ကြီးတစ်အိတ်ကို ၇၅၅၀ဝကျပ်၊ ရွှေဘိုပေါ်ဆန်းအောင်သီဟ (ဆန်ဟောင်း) ၂၄ ပြည်တစ်အိတ်ကို ၁၂၃၀၀ဝကျပ်၊ အကယ်ဒမီဆန် (ဆန်ဟောင်း) အစိမ်းရောင်တံဆိပ် ၂၄ပြည် တစ်အိတ်ကို ၈၉၀၀ဝကျပ်၊ အကယ်ဒမီဆန် (ဆန်ဟောင်း) အနီရောင်အမျိုးအစား ၂၄ပြည် တစ်အိတ်ကို ၈၃၀၀ဝကျပ် ရှိခဲ့သည်။ ယနေ့ မတ်လ ၁၀ ရက်အထိ ထားဝယ်ဈေးကွက်ရှိ ဆန်ဈေးမှာ အထက်ပါဈေးနှုန်းများအတိုင်း လေးပတ်ဆက်တိုက် တည်ငြိမ်နေခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ တစ်လလုံးနီးပါးငြိမ်နေသည့် စားသုံးဆီဈေးမှာ မတ်လပထမပတ်ကစပြီး အနည်းဈေးတက်လာခဲ့သည်။ ဖေဖော်ဝါရီလက ဇွဲတံဆိပ် ပဲဆီတစ်ပိဿာလျှင် ၁၄၅၀ဝကျပ်ရှိရာမှ ယနေ့ မတ်လ ၁ဝရက်တွင် ၁၅၁၅ဝကျပ် […]