ဆန်နှင့် စားဖိုဆောင်သီးနှံအချို့ ဈေးကျသည့် ထားဝယ်ဈေးကွက်
Dawei Watch
February 23, 2025ထားဝယ်ဈေးကွက်၌ ယခုသီတင်းပတ်အတွင်း ဆန်နှင့် စားဖိုဆောင်သီးနှံအချို့ ဈေးကျနေသည်ကို တွေ့ရသည်။ ဆန်ကြမ်းအမျိုးအစားဖြစ်သည့် အကယ်ဒမီ ရက်၉၀ ဆန် တစ်အိတ်လျှင် ပြီးခဲ့သည့်သီတင်းပတ်က ၁၁၀,၀၀၀ ကျပ်မှ ဖေဖော်ဝါရီ ၂၂ရက်တွင် ၁၀၉,၀၀၀ကျပ်၊ ဆင်းသုခတံဆိပ် ဆန်ကြမ်းတစ်အိတ်လျှင် ၁၀၃,၀၀၀ကျပ်မှ ၁၀၁,၅၀၀ ကျပ်သို့ ဈေးကျသွားသည်။ တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် အမျိုးအစားအပေါ်မူတည်ပြီး တစ်အိတ်လျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ကျပ်အထိ ဈေးကျသွားသည်ကို တွေ့ရသည်။ ယင်းအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်၊ ငရုတ်၊ အာလူး စသည့်တို့မှာလည်း ယခုသီတင်းပတ်အတွင်း ဈေးကျလာသည်။ ပြီးခဲ့သည့် သီတင်းပတ်က ကြက်သွန်ဖြူ (ကျူကုတ်) တစ်ပိဿာ ၁၆၅၀၀ ကျပ်မှ ဖေဖော်ဝါရီ ၂၂ ရက်တွင် တစ်ပိဿာ ၁၅၅၀၀ကျပ်၊ ရွှေအပ်ငရုတ်သီးခြောက်တစ်ပိဿာ ၁၆၅၀၀ကျပ်မှ ၁၆၀၀၀ကျပ်၊ […]