ရွှေတစ်ကျပ်သား နှစ်ဆယ့်ကိုးသိန်းနှစ်သောင်းဖြင့် ဈေးငြိမ် (မတ်လ ၂၉)
diz_admin
March 29, 2023ယမန်နေ့နှင့် ယနေ့ပေါက်ဈေးနှိုင်းယှဥ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိဘဲ ဈေးငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၉၂၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးနှင့် ဓာတ်ဆီဈေးမှာ အနည်းငယ်တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။