ဆန်၊ဆီနှင့် အခြေခံစားသောက်ကုန်များ စျေးတက်လာသည့် ထားဝယ်ဈေးကွက်
diz_admin
April 28, 2023ထားဝယ်တွင် ယခုအပတ် ဆန်၊ စားသုံးဆီအပါအဝင် အခြေခံစားသောက်ကုန်အချို့ အနည်းငယ်စျေး တက်လာခဲ့သည်။ ပြီးခဲ့သည့်အပတ် ဧပြီလ ၂၁ ရက်နေ့က ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၂၃၀၀၀ ကျပ်မှ ယနေ့ ဧပြီ ၂၈ ရက်နေ့တွင် ၁၂၉၀၀၀ ကျပ်ဖြင့် ဆန်တစ်အိတ်ကို ၆၀၀၀ ကျပ်ဈေးတက်သွားခြင်းဖြစ်သည်။ ယင်းသို့ပင် အကယ်ဒီမီပေါ်ဆန်း(အစိမ်းရောင်တံဆိပ်)တစ်အိတ်ကို ပြီးခဲ့သည့် အပတ်က ၈၉၀၀၀ ကျပ်မှ ယနေ့ ဧပြီ ၂၈ ရက်နေ့တွင် ၉၄၅၀၀ ကျပ် ဖြစ်သွားပြီး ဆန်တစ်အိတ်ကို ၅၅၀၀ ကျပ်ဈေးတက်သွားသည်။ ယင်းနောက် အကယ်ဒမီပေါ်ဆန်း(အနီရောင်တံဆိပ်)ဆန်တစ်အိတ်ကို ပြီးခဲ့သည့်အပတ်က ၈၃၀၀၀ ကျပ်မှ ယနေ့ဧပြီ ၂၈ ရက်နေ့တွင် ဆန်တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်ဖြစ်သွားသဖြင့် ဆန်တစ်အိတ်ကို ၄၀၀၀ ကျပ် ဈေးတက်သွားသည်။ […]