မြိတ်စားသောက်ကုန်ဈေးကွက်တွင် ဆန်ဈေးကျ
Dawei Watch
October 27, 2023မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်၌ ယခုတစ်ပတ်တွင် ဆန်ဈေးနှုန်း ကျဆင်းခဲ့သည်။ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ယခင်အပတ်က ၁၇၀၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ကျဆင်းသဖြင့် ၁၆၀၀၀၀ ကျပ်ဖြစ်လာသည်။ ရိုးရိုးပေါ်ဆန်းမွှေးတစ်အိတ်လျှင် ယခင်အပတ်က ၁၁၈၀၀၀ ကျပ်မှ ၁၅၀၀ ကျပ် ကျဆင်းသဖြင့် ၁၁၆၅၀၀ ကျပ် ဖြစ်လာသည်။ ယခင်အပတ်က သားငါးအချို့ တစ်ပိဿာလျှင် တစ်ထောင်ကျပ်မှ တစ်ထောင်ငါးရာကျပ်အထိ ကျဆင်းခဲ့ပြီးဖြစ်သည်။ ယခုအပတ်တွင်လည်း သားငါးအချို့ ငါးအမျိုးအစားအပေါ်မူတည်ပြီး တစ်ပိဿာလျှင် ကျပ်ငါးရာမှ ကျပ်တစ်ထောင်အထိ ထပ်မံ ကျဆင်းလာခဲ့သည်။ ကျန်ကုန်စည်ဈေးတို့မှာ တည်ငြိမ်နေဆဲ ဖြစ်သည်။