ရွှေတစ်ကျပ်သား သုံးဆယ်နှစ်သိန်းကျော်ဖြင့် ဈေးငြိမ် (ဇွန် ၂၈)
Dawei Watch
June 28, 2023ယမန်နေ့နှင့် ယနေ့ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိ ငြိမ်နေသည်။ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်နှစ်သိန်းခြောက်သောင်းကျပ် (3260000ကျပ်)ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ မဆိုသလောက် ကျနေပြီး ဓာတ်ဆီဈေးမှာ တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။