ရေထွက်ကုန်ပစ္စည်းများဈေးကျပြီး ဆန်ဈေးဆက်တက်သည့် ထားဝယ်ဈေးကွက်
Dawei Watch
November 17, 2023ထားဝယ်တွင် ယခုအပတ် ရေထွက်ကုန်ပစ္စည်းများဈေးကျလာပြီး ဆန်ဈေး ဆက်လက်မြင့်တက်လာသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်အပတ် နိုဝင်ဘာလ ၁၀ ရက်နေ့က ငါးကွန်းရှပ် တစ်ပိဿာ ၃၂၀၀၀ ကျပ်ခန့်ရှိရာ ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့တွင် တစ်ပိဿာ ၂၃၀၀၀ ကျပ်သာရှိတော့သည်။ တစ်ပတ်အတွင်းငါးကွန်းရှပ်တစ်ပိဿာ ကျပ်တစ်သောင်းဈေးကျသွားခြင်းဖြစ်သည်။ ငါးကွန်းရှပ်အပြင် လူအများစားသုံးကြသည့် ပါလန်း(ခေါ်) ငါးလုံး ငါး တစ်ပိဿာဈေးမှာလည်း တစ်ပိဿာ ၄၅၀၀ကျပ်မှာ ၃၀၀၀ ကျပ်အထိ ဈေးကျသွားသည်။ ထားဝယ်ငါးဈေးကွက်သို့ ယခုတစ်ရက်နှစ်ရက်အတောအတွင်း ငါးအဝင်များနေသည့်အတွက်ကြောင့် ဈေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း ထားဝယ်ကမ်နားဈေးရှိ ငါးအဝယ်ဒိုင်များထံမှသိရသည်။ ရေထွက်ကုန်ပစ္စည်းများဈေးနှုန်းကျဆင်း နေသော်လည်း ဆန်ဈေးမှာ နှစ်ပတ်ဆက်တိုက် ဈေးမြင့်တက်လာသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၃ ရက်နေ့က ရက်ကိုးဆယ် အမျိုးစား ဆန်ကြမ်း တစ်အိတ်လျှင် ၈၈၅၀၀ကျပ်သာရှိရာမှာ နိုင်ဝင်ဘာ […]