ဆန်ကြမ်းဈေးတက်ပြီး ကြက်သွန်ဖြူစျေးကျသည့်ထားဝယ်ဈေးကွက်
Dawei Watch
March 8, 2024ထားဝယ်ကုန်စည်ဈေးကွက်တွင် ယခုတစ်ပတ် ဆန်ကြမ်းဈေးတက်ပြီး ကြက်သွန်ဖြူ ဈေးကျလာသည်ကို တွေ့ရသည်။ မတ်လ ၁ ရက်နေ့က ဆန်ကြမ်းတစ်အိတ်ဈေးနှုန်းမှာ ၁၂၂,၅၀၀ကျပ် ရှိခဲ့သည်။ ယနေ့ မတ်လ ၈ရက်တွင် ဆန်ကြမ်းတစ်အိတ်ဈေးနှုန်းမှာ ၁၂၃,၅၀၀ ကျပ်ဖြစ်သွားသည့် အတွက် တစ်ပတ်အတွင်း ကျပ် တစ်ထောင် ဈေးတက်လာခြင်းဖြစ်သည်။ ဆန်ချော ဈေးနှုန်းများမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့အပြင်ကြက်သွန်နီ တစ်ပိဿာဈေးမှာ ၃၅၀၀ကျပ်ဖြင့် နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေသော်လည်း ကြက်သွန်ဖြူမှာ ဈေးကျလာခဲ့သည်။ ပြီးခဲ့သည့်အပတ်က ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်ရှိရာမှ ယနေ့တွင် တစ်ပိဿာ ၁၁၀၀၀ ကျပ်သာ စျေးရှိတော့သည်။ တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာလျှင် ၅၀၀၀ ကျပ် ဈေးကျသွားခြင်းဖြစ်သည်။ ထားဝယ် ရေထွက်ကုန်ပစ္စည်းများ ယခုတစ်ပတ်ဈေးကွက်တွင် ဈေးနှုန်းများ အနည်းငယ်မြင့်တက်နေသည်ကို တွေ့ရသည်။ […]