ဆန်၊ ဆီဈေးဆက်တက်ပြီး ကြက်သွန်ဈေးကျလာသည့် ထားဝယ်ဈေးကွက်
Dawei Watch
June 7, 2024ထားဝယ်ဈေးကွက်တွင် ယခုအပတ် ဆန်၊ ဆီဈေးနှုန်းများ ဆက်လက်မြင့်တက်နေပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဈေး အနည်းငယ်ကျလာသည်။ မေလ ၂၄ ရက်နေ့ကစပြီး ထားဝယ်ဈေးကွက်တွင် ဆန်ဈေးမှာ ဆက်တိုက်တက်နေသည်။ မေလ ၂၄ ရက်နေ့က အကယ်ဒမီ ရက်ကိုးဆယ် ဆန်ကြမ်း တစ်အိတ်လျှင် ၁၁၄,၀၀၀ကျပ် စျေးရှိပြီး မေလ ၃၁ ရက်နေ့တွင် ၁၁၅,၀၀၀ကျပ်၊ ယနေ့ ဇွန်လ ၇ရက်တွင် ၁၁၆,၀၀၀ ကျပ် ဖြစ်လာသည်။ နှစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ၂၀၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။ ထိုနည်းအတူ အောင်သီဟတံဆိပ် ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် မေလ ၂၄ ရက်နေ့က ၁၈၀,၅၀၀ ကျပ်စျေးရှိရာမှ မေလ ၃၁ ရက်နေ့တွင် ၁၈၁,၅၀၀ကျပ်၊ ယနေ့ ၁၈၅,၀၀၀ ကျပ်ဖြစ်လာသည်။ နှစ်ပတ်အတွင်း ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် […]