ထိုင်းထုတ်စားသုံးဆီများ ဈေးတက်နေသည့် ထားဝယ်ဈေးကွက်
Dawei Watch
June 21, 2024ထားဝယ်ဈေးကွက်၏ လက်လီဈေးကွက်တွင် ထိုင်းထုတ်စားသုံးဆီများ ဈေးတက်နေသည်။ ယခင်အပတ်က ထိုင်းနိုင်ငံထုတ် ပုဇွန် နှစ်ကောင်တံဆိပ် စားသုံးဆီ တစ်လီတာလျှင် ၆၆၀၀ ကျပ်သာရှိရာမှာ ယနေ့ ၇၀၀၀ ကျပ်ဖြစ်သွားသည်။ တစ်ပတ်အတွင်း စားသုံးဆီ တစ်လီတာ ၄၀၀ ကျပ်ဈေးတက်သွားခြင်းဖြစ်သည်။ ပြည်တွင်းထုတ် ဇွဲတံဆိပ်၊အမေထွား တံဆိပ် စားသုံးဆီဈေးနှုန်းများမှာ ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။ ယခုအပတ် ကြက်သွန်ဖြူဈေးနှုန်းများမှာ တစ်ပိဿာ ကျပ် ၅၀၀ အထိ ဈေးပြန်ကျလာသည်။ ယခင်အပတ်က ကြက်သွန်ဖြူ ထူး၅ တစ်ပိဿာဈေးမှာ ၁၄၀၀၀ ကျပ်အထိရှိပြီး ယနေ့ တစ်ပိဿာ ၁၃၅၀၀ ကျပ်သို့ ဈေးပြန်ကျသွားသည်။ ကြူကုတ်ကြက်သွန်ဖြူ တစ်ပိဿာဈေးမှာလည်း ၁၃၀၀၀ကျပ်မှ ၁၂၅၀၀ကျပ်သို့ ဈေးပြန်ကျသွားသည်ကိုတွေ့ရသည်။ ဆန်ဈေးအများစုမှာ ယခင်အပတ်က ဈေးနှုန်းအတိုင်း အတက်ဈေးဖြင့် ယခုအပတ်ငြိမ်နေသည်။ […]