ထိုင်းဘတ်ဈေး ပြန်တက်၊ ၂၂၀ ရက်မြောက် ရွှေဈေးမဖွင့် (ဇန်နဝါရီ ၁၀)
Dawei Watch
January 10, 2025ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၂၂၀ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ရန်ကုန်ဈေးကွက်တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆,၄၀၀,၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ငွေလဲနှုန်းမှာ ပြန်တက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၇၇၅ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။